Part-4(ခါးသက်ခြင်းအစ)

170 12 0
                                    

ချိုမြိန်တဲ့ညလေးကပြီးဆုံးသွားခဲ့ပြီး နောက်တစ်နေ့လည်းရောက်ကော စတင်ခါးသက်လာပါပြီ။

ဂျုံဆောင်းကအိမ်ကိုလာမကြိုတော့တာကြောင့် ဂျောင်ဝန်းတစ်ယောက်ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းကျောင်းကိုသွားရတာပေါ့။

"မအားလို့ဖြစ်မှာပါ" လို့ပြောပြီးပဲဖြေသိမ့်နေကာနေ့လည်လည်းရောက်ကော ဂျုံဆောင်းကိုလိုက်ရှာလေသည်။ဂျုံဆောင်းကစာသင်ခန်းထဲလည်းမရှိတာကြောင့် ဂျောင်ဝန်းတစ်ယောက်စိတ်တွေပူနေလေတယ်။

နေရာအနှံ့လိုက်ရှာပေမဲ့ရှာမတွေ့တာကြောင့်ခေါင်မိုးထပ်ပေါ်ကိုတက်သွားကာ ဂျုံဆောင်းကိုတွေ့သွားတော့ ပျော်သွားပြီး

"အကို" လို့ခေါ်မို့လုပ်တုန်းပဲဂျုံဆောင်းကိုအနောက်ကနေကောင်မလေးတစ်ယောက်ကဖက်လိုက်ကာ

"မောင့်ကိုဘယ်လောက်တောင်လွမ်းနေရလဲသိလား?"

"ဖယ်ပါ"

"ဘာလို့လဲ?မတို့အရမ်းချစ်ခဲ့ကြတာလေ"

*လက်ကိုအတင်းဖယ်ထုတ်ကာ*

"မင်းကိုငါဖယ်လို့ပြောနေတယ်"

"အရင်ကကျ မ မနဲ့ဖြစ်နေပြီးတော့ အခုကျတော့ဘာလို့ပြောင်းလဲသွားရတာလဲ?" လို့ပြောနေကြတာကိုကြားသွားပြီး မျက်ရည်တွေအလိုလိုကျလာကာ ဂျောင်ဝန်းတစ်ယောက်ပြေးဆင်းသွားလေသည်။

ဂျောင်ဝန်းပြေးဆင်းသွားတဲ့အသံကိုကြားသွားတာကြောင့်တံခါးကိုလှမ်းကြည့်ကာ

"မောင် မပြောတာကြားလား?"

"ဖယ်စမ်းပါ ဘာမနဲ့မောင်လဲ?"

"မောင်ဘာဖြစ်နေတာလဲ?"

"တစ်ဖက်သတ်ကြိုက်နေပြီးတော့အခြေအမြစ်မရှိတာတွေပြောမနေနဲ့ မင်းကိုငါကဘယ်တော့မှကြိုက်လာမှာမဟုတ်ဘူး" လို့ပြောပြီးထွက်သွားလေရဲ့။

ညနေကျောင်းဆင်းချိန်လည်းရောက်ကော ဂျုံဆောင်းတစ်ယောက်‌ဂျောင်ဝန်းကိုပြန်လိုက်ရှာနေရကာ ဂျောင်ဝန်းကတော့မှတ်တိုင်မှာထိုင်ပြီးငိုနေတာပေါ့။

"ရည်းစားရှိနေခဲ့တာလား?ဘာလို့ငါ့ကိုညာရတာလဲ?ဘာလို့လဲ?" လို့ပြောကာတစ်ရှုံရှုံနဲ့ငိုနေလေတယ်။ဂျုံဆောင်းကတော့တစ်ဖက်မှာစိတ်တွေပူနဲ့ လုံခြုံရေးဦးလေးကြီးကိုမေးလိုက်ကာ

The Unlimited Loyalty ✓ || Meowz🐈🤍Where stories live. Discover now