"အစ်ကို"
"Phuwin"
Pond ကိုမြင်တာနဲ့ phuwin အိမ်ပေါ်ပြေးတက်မည်အလုပ်
"Phuwinကိုယ်ရှင်းပြတာနားထောင်ပါအုံး ကိုယ်ရဲ့ဖြေရှင်းချက်တောင်နားမထောင်ပဲမင်းကအခုလိုရှောင်ထွက်နေလို့ ကိုယ်တို့အခုလိုကိစ္စတွေရှုပ်ထွေးကုန်တာမင်းသိလား အဲ့တာကြောင့်ကိုယ်ပြောတာလေးကို ဒီတစ်ခါလောက်လေးဘဲနားထောင်ပေးပါနော် phuwin အစ်ကိုရင်ထဲကနေနှစ်နှစ်ကာကာတောင်းဆိုတာပါ"
" ထပ်မရှင်းပြပါနဲ့တော့ ကျွန်တော်ထပ်မကြားချင်တော့သလို နားထောင်ဖို့စွမ်းရည်လည်းမရှိတော့ဘူး အဲ့တာကိုအစ်ကိုသိသလား"
"အစ်ကိုပြောတာလေးကို ဒီတစ်ခေါက်တော့မျက်နှာမလွှဲပဲနားထောင်ပေးပါလား phuwinရယ်အစ်ကိုတောင်းပန်ပါတယ် အခုပြောမဲ့ဟာလေးကိုတော့နားထောင်ပေးပါနော် "
"အပြစ်အကြီးကြီးလုပ်ထားတဲ့သူရဲ့စကားကို ကျွန်တော်က ဘယ်လိုစိတ်နဲ့ယုံကြည်ပြီး သူပြောတဲ့စကားတွေကိုနားထောင်ပေးရမှာလဲ"
pond ဘာမှဆက်မပြောနိုင်တော့ဘဲ phuwin ပြောတာကိုပဲနားထောင်နေမိတော့သည်......
"ကျွန်တော့်နေရာမှာအစ်ကိုဝင်ကြည့်လေ အရမ်းကိုချစ်လွန်းလို့ အစ်ကိုနဲ့အတူလက်ထက်ပြီး အေးချမ်းတဲ့
ချင်းမိုင်မှာအတူတူအခြေချကြမယ် ခွေးလေးတွေမွေးမယ် ဆောင်းတွင်းညတွေမှာဆို အစ်ကိုနဲ့အတူတူမီးဖိုဘေးလေးမှာမီးလှုံမယ်အတူတူ မုန့်လေးတွေလုပ်စားမယ် အစ်ကိုအလုပ်လုပ်နေရင်အစ်ကိုဘေးနားမှာအဖော်ပြုပေးမယ် သာယာတဲ့ဘဝလေးကို အစ်နဲ့အတူတူဖြတ်သန်းမယ်လို့တောင်တွေးထားတဲ့လူရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးသွားတဲ့သူကို ကျွန်တောင်ရှောင်နေတာ ကျွန်တော်မှားလား ပြန်ဖြေလေ ကျွန်တော်မှားလားလို့"phuwinအဲ့လိုပြောပြီးနောက်မျက်ရည်လေးတွေစီတန်းပြီးကျလာတော့သည်.....
fourth အစ်ကိုဖြစ်သူဒီလို ဖြစ်တော့ သူကိုယ်တိုင်မနေနိုင်တော့ဘဲမျက်ရည်လေးတွေအဝိုင်းသားဖြစ်နေလေသည်.. ထို့နောက်သူ့အစ်ကို ကိုတစ်သျူးလေးကမ်းပေးလိုက်ရင်း ပခုံးဖက်ပြီးနှစ်သိမ့်ပေးလိုက်သည်Phuwinဘက်ကလည်းဘာစကားမှမပြန်လာသလို fourth လေးကလည်းထိုလူက သူ့အစ်ကိုရဲ့အရင်ကပတ်သက်ဖူးတဲ့သူဖြစ်ကြောင်းအခုမှနားလည်တော့သည်။
![](https://img.wattpad.com/cover/358639106-288-k82708.jpg)
YOU ARE READING
There is only you in my heart
Kurgu Olmayanမင်းလေးရဲ့ပါးပေါ်ကမှဲ့လေးက ကိုယ့်ကိုရစ်မူးစေတယ်ကွာ