Geminiမျက်စိနှစ်လုံးပွင့်သောအခါဘေးနားမှ ကွေးကွေးလေးအိပ်နေသည့် အကောင်ငယ်လေးအားတွေ့လိုက်ရသည်။တစ်ဖန်ဖုန်းကိုကြည့်လိုက်တော့လည်း daddyရဲ့ missed callတွေကိုတွေ့လိုက်ရသည်။geminiအိပ်ရာမှထကာ မျက်နှာသစ်ပြီးအခန်းထဲပြန်လာသည့်အခါfourthကိုမတွေ့တော့ပေ။ ထို့နောက်ဖုန်းအားယူလိုက်ပြီး သူ့၏daddyကိုဖုန်းပြန်ခေါ်လိုက်သည်။
ဖုန်းဝင်သွားပြီဆိုတာနှင့်"Geminiမင်းဘယ်မှာလည်း တစ်ညလုံးဖုန်းခေါ်နေတာကိုမကိုင်ဘူး အခုမင်းအစ်ကို ဟိုကောင်လေးကိုခေါ်ပြီးထွက်သွားပြီးဆိုတာမင်းသိလား ပြီးတော့ မင်းကားနဲ့ပဲ မင်းလည်းကြံရာပါပဲမလား"
"Daddyဘာတွေပြောနေတာလားကျွန်တော်ဘာတစ်ခုမှလည်းမသိရပါလား"
"အေး မင်းကတော့လုပ်ပြီးဘယ်သိမလဲ အခုချက်ချင်းအိမ်ကိုလာခဲ့ ငါတို့တိုင်ပင်စရာတွေကိုတိုင်ပင်ရမယ်"
"ဒါမဲ့ ဒီနေ့ကျွန်တော် ကျောင်းချိန်ရှိတယ်လေ"
"စကားများမနေနဲ့ ငါလာဆိုလာခဲ့လိုက်နောက်15မိနစ်ဆိုရောက်ရမယ် ဒါပဲ"
ဖုန်းချသွားပြီးအချိန်မှာတော့ Gemini တစ်ယောက် ဖုန်းကိုမွေ့ရာပေါ်ပစ်ချလိုက်သည်။ မနက်ခင်းစောစောစီးစီးကနေစပြီးစိတ်မကြည်တော့မည်။
ထို့နောက်အောက်ဆင်းလာပြီး fourth အိမ်ဖက်ကိုလမ်းလျှောက်ပြန်ခဲ့လိုက်သည်။ fourthပြောသည့်အတိုင်းပင် ပန်းများသည် ည အချိန်မို့သေချာလှပစွာမမြင်ရပဲ မနက်ခင်းမိုးလင်းချိန်တွင်တော့ အတော်လေးလှပတင့်တယ်စွာရှိနေသည်။ပန်းခင်းလေးအားဖြတ်၍ပြန်ရသောကြောင့်ပန်းအမျိုးမျိုး၏အနံ့မှာမွှေးကြိုင်လို့နေလေသည်။ ခနအကြာမှတော့ fourth တို့အိမ်ရှေ့ရောက်သွားပြီး ကျောင်းဝတ်စုံလေးဝတ်ထားသည့် fourthအားတွေ့လိုက်ရသည်။"Fourth အစ်ကိုပြန်တော့မယ် "
"အွမ်ပြန်တော့မို့လား Maeကဖြင့်မုန့်တွေတောင်ပြင်ပေးထားတာကို"
"ဟုတ်တယ် အရေးကြီးကိစ္စလေးပေါ်လာလို့လေပြီးတော့ ညပေးအိပ်လို့လည်းကျေးဇူးတင်ပါတယ် အန်တီကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောပေးပါအုံးနော်"
YOU ARE READING
There is only you in my heart
Non-Fictionမင်းလေးရဲ့ပါးပေါ်ကမှဲ့လေးက ကိုယ့်ကိုရစ်မူးစေတယ်ကွာ