သူတို့နှစ်ယောက်ပါသည့်ကားလေးသည် တဖြေးဖြေးနှင့် Caho Payaမြစ်ဘေးသို့ ရောက်ရှိလာခဲ့လေပြီ...ကားပေါ်တွင်လည်းတစ်လမ်းလုံးနှစ်ယောက်သားနှုတ်ဆိတ်နေခဲ့လေသည်...
"Fourth ကိုယ်တို့ကားဒီနားရပ်ခဲ့ပီး ဟိုဖက်ကမ်းနားလမ်းလျှောက်သွားရအောင် လေညှင်းခံရင်းနဲ့စကားပြောကြတာပေါ့"
"ဟုတ်ကဲ့"
သူတို့နှစ်ယောက်ကားပေါ်မှဆင်းကာ ChaoPayaမြစ်ဘေးနားသို့သွားလိုက်ကြသည်..
ထို့နောက်geminiဖက်မှစ၍ စကားဆိုလာသည်.."ကိုယ့်မှာ မင်းကို ဝန်ခံစရာတစ်ခုရှိတယ် fourth"
"ဟုတ်"
"အမှန်တိုင်း ပြောရမယ်ဆိုရင် ကိုယ်မင်းဆိုင်ကိုပထမဆုံး လာတဲ့နေ့ မင်းကို စတွေ့တဲ့အချိန်ကတည်းက သဘောကျခဲ့တာ အခုအချိန်ထိဘဲ ဒါပေမဲ့မင်းသိတဲ့အတိုင်း ကိုယ်လပ်ထပ်ရမဲ့သူက prim ဖြစ်မှရမှာလေ အခုလည်း မင်းကို ဒီစကားပြောဖို့ ကိုယ်အတော်လေး အချိန်ယူခဲ့တာဒီအချိန်ထိပါပဲ ကိုယ်ပြောတာ အရမ်းနောက်ကျ သွားတာဆိုတာကို လည်းကိုယ်သိပါတယ် ကိုယ်မင်းကိုချစ်မြတ်နိုးခဲ့တယ်ဆိုတာကို မင်းကိုသိစေချင်တယ်"
fourth gem၏ ဖွင့်ပြောသံကိုကြားချိန်တွင်တော့လွန်စွာ အံ့သြမမိသော်ငြား...သို့သော် အသက်ပြင်းပြင်းရူ၍ gemအား စကားကြောင်းပြန်လိုက်သည်...
"အမှန်တော့ ကျွန်တော်လည်း အစ်ကို့ကို သဘောကျပါတယ် ဒါမဲ့ကျွန်တော်တို့ထဲက တစ်ယောက်ကလူလွတ်မှမဟုတ်ပဲ အဲ့တာကြောင့်ကျွန်တော်မှာလည်း အစ်ကို့ကိုငေးပဲကြည့်နေနိုင်ခဲ့တာ ဒါမဲ့ကျွန်တော် ထင်တယ်အချစ်စစ်မှန်ရင်တော့အရာရာကျော်ဖြတ်နိုင်မယ်လို့လေ ဒါပေမဲ့အဲ့တာကအတွေးတစ်ခုသာသာပဲလေ ဖြစ်မှမဖြစ်နိုင်တာ"
".........."
"ကျွန်တော်အပေါ်အခုလိုပွင့်လင်းပေးလို့ကျေးဇူးပါနော် ဒါပေမဲ့ကျွန်တော်တို့ကမဖြစ်နိုင်ဘူးလေ ဆိုတော့ ဒီလောက်နဲ့ပဲဆက်ဆံရေး ရပ်တန့်ကြတာပေါ့ ကျွန်တော်ကတော့အစ်ကို့ကို ဆက်ချစ်မိသွားအုံးမယ်ထင်ပါရဲ့ အစ်ကို့ရဲ့အမျိုးသမီးလေးနဲ့ပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော် အစ်ကို"
![](https://img.wattpad.com/cover/358639106-288-k82708.jpg)
YOU ARE READING
There is only you in my heart
Non-Fictionမင်းလေးရဲ့ပါးပေါ်ကမှဲ့လေးက ကိုယ့်ကိုရစ်မူးစေတယ်ကွာ