ငယ်သူမို့ - Young Love Devotional- Episode 0

203 20 4
                                    

Y/n character name : La woon Pyae Sone

လဝန်းခြေတွေကောလက်တွေကော တုန်နေမိသည် ။ ဒီနေ့ကဆယ်တန်းအောင်စရင်းထွက်မယ့်နေ့ မနက်ကတည်းက

မနက်စာတောင် ပြည့်"ဝ"မစားခဲ့ရပဲ ‌တန်းထွက်လာခဲ့တာ စိတ်လှုပ်ရှားမှုအပြည့် ..

နာရီအဝိုင်းလေးကိုကြည့်ရင်း ကျောင်းထဲကဆရာတွေ အောင်စရင်းလာကပ်မှာကို အချိန်တတိတိမှတ်ရင်းစောင့်နေမိသည် ။

" ဟယ် လဝန်း၊ ဘယ်ကတည်းကရောက်နေတာလဲ "

" စောနကတင်ပါ အိန်ဂျယ် .. ဒီနားကိုလာဖိကြည့်ပါလား နှလုံးတစ်ခုလုံးပေါက်ထွက်မတတ်ခုန်နေတာသိလား "

အိန်ဂျယ်က လဝန်းရဲ့ရင်ဘတ်လေးကို ကိုင်ကြည့်ပြီး ရယ်နေသည်။ မျက်လုံးဝိုင်းဝိုင်း မျက်နှာပြည့်"လေးနဲ့ လဝန်းပြည့်စုံက အဝေးက‌ကြည့်ရင် ကလေးလေးနဲ့တူသည် ..

မျက်လုံးကြည်ကြည်လေးတွေရှိကာ၊ ချစ်စဖွယ်မျက်နှာလေးရယ်က ရယ်လိုက်ရင်‌ ရှေ့သွားလေးနှစ်ချောင်းကယုန်သွားလေးလိုဖြစ်နေတာမို့ လဝန်းကအမြဲလိုလို ယုန်လေးတွေလို မျက်နှာလေးဖြစ်နေတတ်သည်။

" မသိရင် ထိပ်တန်းစာဂျပိုးကြီး ဂုဏ်ထူးတွေပါလာမှာမို့လို့လာထိုင်‌ စောင့်နေတာကျနေတာပဲ "

" မတတ်နိုင်ဘူး .. အောင်ရင် ကိုကိုက အဖြေ‌ပြန်ပေးမယ်ပြောထားတာ ဒီနေ့ကိုအားကြိုးမာန်တက်ခဲထားရတာ "

" အမလေး တော်၊! ဖြေးဖြေးလုပ်ပါ ဘယ်သူလဲ နင့်ကိုကိုက ဟိုတစ်ခါအိမ်တက်လုပ်တုန်းကတစ်ခါပြောတဲ့ ကိုကိုလား .. ၁၂ နှစ်တောင် ကွာတဲ့ အစ်ကိုဂျောင်ဟို‌ဆော့ကိုလေ !"

" အင်းလေ ဟီး။ "

" လဝန်းပြည့်စုံရယ် ဇွဲကြီးချက်ကတော့ "

" ဟိုမှာထွက်ကပ်ကုန်ကြပြီ သွားမယ်"ဖယ် ဖယ်တော့"

ဘုးရားစာပေါင်းစုံ၊ ပရိတ်ပေါင်းစုံရွတ်ပြီး ခုံနံပါတ်ကိုလိုက်ရှာနေချိန် လူကတံတွေးတောင်မနည်းမျိုချဖို့အထိ မျက်လုံးကိုအလွတ်မပေးအားပဲ ခက်ခဲနေရသည် ။

နောက်ဆုံးအကြောင်းထိ ရောက်နေပြီ သူ့နာမည်‌ပါမလာသေးတာမို့ စိတ်လေးကပူလာရပြီ ..

ငယ်သူမို့ - nge thu moettWhere stories live. Discover now