ငယ်သူမို့ - Young Love Devotional- Episode - 4

82 11 1
                                    


လဝန်း ကိုကို့ studio ရှေ့ကခုံတန်းလေးမှာအတော်ကြာတဲ့အထိ အသံတိတ်ငိုနေခဲ့ပြီးတဲ့နောက်

သူ့ရှေ့ရောက်လာတဲ့ လူတစ်ယောက်ကြောင့် မော့ကြည့်လိုက်လျှင် သူ့ဘက်ကလဲအံဩသွားတဲ့မျက်လုံးတွေ။

ဒါဟိုတစ်ခါတွေ့တဲ့ မမမှတ်လား .. ကိုကို့နဲ့လက်ထပ်ထားတဲ့ တစ်ယောက်မဟုတ်လား သူကနယူးယောက်မှာရောက်မနေပဲ ဘာလို့ဒီမှာလာပြီး ..

လဝန်းပြူးပြာကုန်ကာ ကုပ်ကုပ်လေးထိုင်နေရင်းကနေ အံဩလွန်းလို့ထရပ်မိသည်အထိ။

သူမကလဲ လဝန်းကိုစကားတွေပြောချင်နေပုံရကာ အတော်အကြာ တိတ်ဆိတ်နေကြပြီးမှ တစ်ခုခုကိုဆုံးဖြတ်လိုက်ပုံရသော သူမက လဝန်းကို စတူဒီယိုထဲကိုခေါ်လာသည်။

" ဟင် ?"

လဝန်းကြားလိုက်တာတွေကို မယုံနိုင်သလိုဖြစ်ရကာ မယုံကြည်နိုင်၍ အာမေဍိတ်သံကျယ်ကျယ်ထွက်မိသွားသည်

ကိုကိုနဲ့ မမက ချစ်သူတွေမဟုတ်ဘူးတဲ့လေ ..

" ဒါဆို အဲ့နေ့ကဖိတ်စာတွေကရောဟင် "

" အာ .. အမှန်ဆိုအဲ့တာမမနဲ့ မမကောင်လေးဖိတ်စာတွေ လမ်းကြုံလို့ဆိုပြီး ဟိုဆော့ကယူပေးထားတာ "

" တကယ်ဆို ညီမလေးအဲ့နေ့ကတည်းက အထင်လွဲကတည်းက မမရှင်းပြချင်နေခဲ့တာ .. ဟိုဆော့က အဲ့လိုမလုပ်စေချင်ဘူးထင်ရလို့ "

လဝန်းပြောစရာစကားတွေပျောက်ရှကုန်ပြီး ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားတောင် လိုက်မတွေးနိုင်တော့သည်အထိ။

သိချင်တယ် .. ကိုကိုဘာလို့အဲ့လိုလုပ်ရတာလဲလို့

သိချင်မိတယ်၊ လဝန်းကိုထားခဲ့ပြီး အဝေးမှာပျော်ရဲ့လားလို့ ..

studio က ပြန်လာကတည်းက မူမမှန်တဲ့စိတ်တွေက ပျော်တာလိုလိုငိုချင်တာလိုလိုဖြစ်နေ၍ မေမေဆီက နေမကောင်းဘူးလား ဟု မေးတာခံလိုက်ရမှ လဝန်းအသိဝင်ကာ ယုန်ပြုံးလေးပြုံးလိုက်မိသည်။

မလိမ်ကြေးဝင်ခံရရင် သူ ပျော်နေတာ ..

ကိုကို့သူမအပေါ် လိမ်ထားလို့ စိတ်ဆိုးချင်ပေမယ့် အရင်ဆုံးတော့ သူပျော်သွားတာမလား ။

You've reached the end of published parts.

⏰ Last updated: Apr 03 ⏰

Add this story to your Library to get notified about new parts!

ငယ်သူမို့ - nge thu moettWhere stories live. Discover now