" အဟင့် အီးဟီး မေမေငယ့်ကိုလာခေါ်ပါအုံး ကြောက်တယ် ပြန်မဆင်းတတ်တော့ဘူး လုပ်ပါအုံး အီးဟီးး"သစ်ပင်ပေါ်ကနေ ခြေထောက်မချရဲပဲ တုန်ချီတုန်ချီဖြစ်ရင်း အောက်ကိုငုံ့ကြည့်လိုက် မျက်ရည်တွေဝဲတက်လာလိုက်နဲ့ တက်တုန်းကဘယ်လိုတက်လာလဲမသိသော၊
လဝန်းမှာအခုအကြီးအကျယ်နောင်တရနေပါပြီ ။
တစ်ဦးတည်းသော သမီးလေးမွေးထားလို့ သိမ်သိမ်မွေ့မွေ့လေးထွက်လာမလားမှတ်တယ် တစ်နေ့"ဆော့တယ်အဆော့က အိမ်ကလူတွေဆီငိုသံတစ်ခုမဟုတ်တစ်ခုကြားရတတ်တယ် ..
အမေဖြစ်သူမှာ အလုပ်တွေရှုပ်ယှက်ခက်နေတဲ့ကြားက သူ့ကိုထွက်ဆူဖို့ဆိုတာမဖြစ်သေးသည်မို့ ခနတေးထားလိုက်တယ် ။
နေပါစေအုံး ဒီကလေး ကြိမ်လုံးနဲ့ဆတ်ဆတ်ကလေးကိုရိုက်ပြစ်ရမယ် အဲ့အပေါ်ကိုမတက်ဖို့ပြောရတာ ဆယ်ကြိမ်နဲ့၊ဆယ်ခါမကတော့ဘူး ..
မေမေထွက်မလာမှန်းသတော့ ပိုအော်နေလည်း မဖြစ်တော့တာမို့ ကိုယ့်ဟာကိုယ်ခြေချကြည့်ဖို့ပြင်လိုက်တယ်ဆိုရင်ပဲ
အောက်ကအမြင့်ကိုကြည့်ပြီး ကြောက်ရပြန်တယ်။
အဲ့လိုနဲ့ နောက်ဆုံးအရှုံးပေးရကာ .. နှာချီးတွေကိုသုတ်လိုက်ပြီး အိမ်ထဲကိုအသံလှမ်းပို့မိသည် ..
" မေမေငယ်ဒီမှာ တစ်သတ်လုံးနေရတော့မှာလား .!"
ထိုသို့ဖြစ်နေချိန် လဝန်းတို့ခြံဘေးအိမ်ကို ကားတစ်စီးထိုးရပ်လာပြီး အထဲမှာကိုကိုတစ်ယောက်ဆင်းလာတာတွေ့လိုက်သည် ..
လဝန်းက ထိုအိမ်ကိုငယ်"ကခနခနသွားဖူးပေမယ့် ထိုလူကိုသေချာမမြင်ဖူးတာမို့ အံဩတကြီးလေးကြည့်နေချိန် ဖျက်ခနဲလှမ်းကြည့်တဲ့ ထိုမျက်ဝန်းတွေကြောင့် ..
လန့်သွားကာ ကိုယ်ဟန်ချက်ပျက်မသွားအောင် သစ်ကိုင်းကိုကျစ်ကျစ်ပါအောင်လှမ်းကိုင်လိုက်ရသည် ..
ထိုအချိန်။
" ဟာ ဟေ့ဟေ့!"
ထိုကိုကိုက စိုးရိမ်တကြီးနဲ့ လဝန်းတို့ခြံဘက်ကိုပြေးလာပြီး
သစ်ပင်အောက်ကိုရောက်ချလာသည် ..
![](https://img.wattpad.com/cover/363603552-288-k878949.jpg)
YOU ARE READING
ငယ်သူမို့ - nge thu moett
Fanfictionpromote dialogue - " ငယ်ကြီးလာရင် ဒီကလူကိုလက်ထပ်မှာ စောင့်နေပေးနော် " " လဝန်းပြည့်စုံ မင်းအရွယ်လေးနဲ့ ဘာစကားပြောတာလဲ အဲ့ဒါ " Junghoseok x reader