ငယ်သူမို့ - Young Love Devotional- Episode - 2

91 14 0
                                    


တရုတ်နှစ်သစ်ကူးပွဲတော်ည -

အိမ်မှာကိုကိုတို့ကော ဖေဖေတို့ကော၊ဆွေမျိုးတွေ အကုန်အိမ်ရောက်နေကာ လူတွေတက်ညီလက်ညီနဲ့ ညစာစားပွဲကြီးကိုဆင်နွှဲနေကြတုန်း လဝန်းကတော့ စိတ်လှုပ်ရှားရလွန်းလို့ ဂဏာမငြိမ်ဖြစ်နေသည် ..

ဒီည ကိုကို့ကို သူဖွင့်ပြောတော့မှာ၊ အင်း အဲ့လိုလုပ်ထားတာပဲ လောလောဆယ်အထိ တုန်ရီနေတာမို့ ဆွေမျိုးတွေမြင်ရင် ဖျားနေတယ်လို့အထင်မှားခံရနိုင်သည် ။

ကိုကိုက ဒီညကျမှ ဂျင်းဂျတ်ကပ်အနွေးထည်လေးနဲ့ ပေါ့ပေါ့ပါးပါးဘောင်းဘီတစ်ထည်သာ ဝတ်ထားသော်လည်း
စမတ်ဖြစ်နေပြီး သူ့ဟာနဲ့သူအဆင်ပြေသည် ..

မပြေတာက လဝန်း၊ မေမေလုပ်တာနဲ့ တရုတ်ရိုးရာဝတ်စုံအဖြူနဲ့ တစ်လွှားလွှားလျှောက်သွားနေမိပါက သရဲနဲ့တူနေမည်ထင်တာကြောင့် ရေခဲသေတ္တာနားမှာသာ ခေါင်းနဲ့တိုင်နဲ့ကပ်ထားရင်း အထဲက ဆန်အရက်တွေကို နှာ‌ခေါင်းနဲ့ နည်းနည်းနမ်းကြည့်လိုက်ရင်း ..

တစ်ခါမှမသောက်ဖူးသေးတာမို့ လက်ညိုးနဲ့တို့ကြည့်ကာ တစ်ငုံမော့သောက်မိလိုက်သည် ..

" သမီးလေး အပြင်ထွက်လေကွယ် .. ဒီမှာဘာလုပ်နေတာလဲ"

မေမေဘက်က အဒေါ်ကပြောလာတော့ လဝန်းရယ်ပြလိုက်ကာ " ရတယ် ကြီးမေ ငယ်ခေါင်းနည်းနည်းမူးနေတာ

" ခေါင်းမူးနေတာလား "

အနားရောက်လာတဲ့ကိုကို့အသံ ။

လဝန်းယောင်ယမ်းပြီး ရေခဲသေတ္တာကိုမှီထားတဲ့ လက်ကိုပါးစပ်နဲ့တင်ပြီးကွယ်လိုက်ကာ " အင် အင်းး"

" အပေါ်တက်နားလိုက်မလား "

" ရတယ် .."

ကိုကိုမေးတာကို လက်နဲ့ကွယ်ထားရင်းက‌ပဲ ဖြေလိုက်တယ်
အဲ့ဒါကို "ကြီးမေက။

" မရပါဘူး သမီးလေးကိုကြည့်ရတာ တစ်မျိုးပဲမျက်နှာတွေလဲနီနေတယ် "

" မိတ်ကပ်ကြောင့်ပါ ကြီးမေရယ့် ငယ်အဆင်မပြေမှသွားလိုက်ပါမယ် အခုကပြေတယ်"

" သေချာလို့လား ငယ်၊"

ကိုကိုကသူ့ကို သေချာကြည့်ရင်း မေးလာတော့ လဝန်းမျက်ဝန်းတွေက ဂဏှာမငြိမ်ကာလှုပ်လှုပ်ရှားရှား။

ငယ်သူမို့ - nge thu moettOù les histoires vivent. Découvrez maintenant