နဂိုရက်တွေထက်စာရင် မျက်နှာအတော်ကို ကျသွားတဲ့ လဝန်းကခါတိုင်းလို ယုန်ပြုံးလေးလို ပြုံး"ရွှင်"မရှိလာ၍ အိမ်ကလူတွေလဲ အကုန်စိတ်ထိခိုက်ကြရသည်။မနက်စာဝိုင်းတွက် အကုန်သူ့အတွက်နဲ့ စိတ်မကောင်းဖြစ်နေကြတာကိုသတိထားမိသွားတော့ လဝန်းက ခပ်ရေးရေးပြုံးလိုက်ကာ " မေမေတို့ ..စား ကြလေ "
မနက်စာဝိုင်းမှာ တစ်ခုမှမလျော့သေးတဲ့ ဟင်းတွေထမင်းတွေကြောင့် တစ်အိမ်လုံးက စိတ်အခြေအနေတစ်ပတ်လောက်ရှိပြီဖြစ်သော်လည်း ပြန်မကောင်းနိုင်ကြသေးပါ ..
နာမ်ဂျွန်းကပဲ အရွှန်းဖောက်ပေးရင်း ။
" သမီး များများစားလေ သမီးအမေကိုကြည့်အုံး သမီးမစားနိုင်တာကိုကြည့်ပြီး သူလဲလိုက်ပြီးတို့တိတို့တိလုပ်နေတာ"
လဝန်းပြုံးလိုက်သည် ။ ဖေဖေက မေမေ့ကိုစိတ်ပူနေတာ
လဝန်းထမင်းလုတ်ကြီးကို ပါးစပ်ထဲထည့်ပြလိုက်ပြီး ဘေးက သခွားသီးကိုတကျွတ်ကျွတ်မြည်အောင် ဝါးလိုက်သည်ရင်ထဲကပြည့်နေတာကြောင့် မစားချင်ပေမယ့်ပေါ့ ။ အဲ့လိုလုပ်နေတာက အမေဖြစ်သူကိုပိုရင်နာစေချင်တာမို့ မေမေက မျက်နှာလွှဲလိုက်သည် ..
" သမီးစားနေပြီလေ မင်းလဲစားတော့"
" ကျမမဆာသေးလို့ပါ ရှင်ရယ်၊ ရှင်ပဲစားပါ ပြီးရင် ကုမ္ပဏီသွားရမှာကို .."
" လဝန်း " ကိုကိုဝင်လာတာကြောင့် မေမေက ဝင်းဝင်းပပဖြစ်သွားသည် ..
ဘာလို့လဲဆိုတော့ ကိုကိုလာရင် လဝန်းစိတ်သက်သာရရာတာကို မေမေသိသည်လေ။
လဝန်းကိုကို့ကိုလှည့်ကြည့်ပြီး ခပ်ရေးရေးလေးပြုံးပြလိုက်သည် .. အထုပ်တွေဆွဲပြီးဝင်လာတာမို့ ဘာအထုပ်တွေလဲလို့မေးတော့
" Secret " တဲ့လေ။
အမြဲလိုလို လဝန်းအထက်တန်းရောက်ပြီဆိုကတည်းက ခပ်တည်တည်နေတတ်တဲ့ကိုကိုက ပြုံးပြုံးရယ်ရယ်နဲ့ပြောပေးနေတော့ လဝန်းနှလုံးသားလေးကလဲ ခုန်ဖို့မမေ့။
လဝန်းအမေက သဘောပေါက်ကာ၊ " ရှင်ရေ မကုန်သေးဘူးလား ကုန်ရင်လဲ ရုံးသွားတော့ "

ESTÁS LEYENDO
ငယ်သူမို့ - nge thu moett
Fanficpromote dialogue - " ငယ်ကြီးလာရင် ဒီကလူကိုလက်ထပ်မှာ စောင့်နေပေးနော် " " လဝန်းပြည့်စုံ မင်းအရွယ်လေးနဲ့ ဘာစကားပြောတာလဲ အဲ့ဒါ " Junghoseok x reader