အခန်း (၂)

468 63 3
                                    

အခန်း (၂)

"ဟဟ နင်က လူတွေကို ဘယ်လိုတောင်ဆက်ဆံရဲတာလဲ။ စောနက နှစ်ချက်က ပေါ့သွားတယ်ထင်တယ်။ ငါတို့တွေ နည်းနည်းလောက် ထပ်ရိုက်ရမယ်ထင်တယ်"

ချန်ယွမ်မှ လက်ရွယ်လိုက်သည်နှင့် ဝတုတ်လေးသည် ကြောက်လန့်တကြား ငိုကြွေးရင်း သုတ်ခြေတင် ပြေးလေတော့သည်။

မပြေးခင် သူက ရအောင်ပြောလိုက်သည်။

"ငါ့ကိုစောင့်နေ မင်းကို ဒီတိုင်းမထားဘူး"

ရှန်ညီအစ်ကိုမှာ အသိဝင်လာသည်။ သူတို့မျက်နှာ‌ေပါ်တွင် မျက်ရည်စက်လက်နှင့် နှာရည်စက်လက် ဖြစ်နေကာ ကြောင်ငယ်လေးများအတိုင်း ငိုနေရင်း ချန်ယွမ်နှင့် ခပ်ဝေးဝေးတွင် နေနေကာ ကြောင်တက်တက်နှင့် ကြည့်နေသည်။ ကလေးနှစ်ဦးမှာ လက်ရှိအချိန်တွင် ခံစားချက်များ ရှုပ်ထွေးနေကာ အရင်ကနှင့် မတူတော့သော ဒုတိယဒေါ်လေးဖြစ်သူနှင့် ပတ်သက်ပြီး ပိုတောင်စိတ်ပူလာနေပြီး ကြောက်နေကြပေသည်။ အကြောင်းမှာ မနေ့က ဤဒေါ်လေးသည် ပြန်ရောက်သည်နှင့် သူတို့နှစ်ယောက်ကို အခန်းမှမောင်းထုတ်ခဲ့ပြီး တစ်ညလုံး အေးစက်သောအခန်းတွင် အိပ်စက်စေခဲ့သည်။ သူတို့မှာ မှတ်မိနေဆဲပင်ဖြစ်သည်။

ယခုတော့ ဒုတိယဒေါ်လေးသည် စိတ်တိုတိုနှင့် ဝတုတ်ကိုပါ အလွယ်လေးရိုက်လိုက်ကာ အရင်ကထက် ပိုဆိုးလာသလိုပင်။ တာ့ပေါင်နှင့် အာ့ပေါင်တို့ နှစ်ဦးသားမှာ သူတို့အလှည့်တွင် ပိုဆိုးတော့မည်ဟု တွေးနေမိသည်။

ရှန်တာ့ပေါင်လေးသည် မျက်ရည်များကို မထွက်စေတော့ဘဲ အာ့ပေါင်လေးရှေ့တွင် ရပ်ကာ ချန်ယွမ်ကို ပြောလိုက်သည်။

"ဒုတိယအဒေါ် ဒါက သားအမှားပါ။ ဒေါ်လေး ရိုက်ချင်ရင် သားကို ရိုက်ပါ ရိုက်လိုက်ပါ။ ညီလေးကို မရိုက်ပါနဲ့ သူက အရိုက်မခံနိုင်ပါဘူး"

အာ့ပေါင်ကလည်း ချက်ချင်းရှေ့ထွက်လာကာ ပြောပြလိုက်ပြန်သည်။

"သားကိုကို့အမှားမဟုတ်ဘူး သားကိုပဲရိုက်"

"..."

ချန်ယွမ်သည် ယခုကဲ့သို့ အရိုက်ခံရန် သူ့ထက်ငါ လုပြောနေသောကလေးများကို မမြင်ဖူးချေ။ သူမသည် ဘာမှမပြောတော့ဘဲ ကလေးနှစ်ဦး၏ ရှေ့သို့လျှောက်သွားလိုက်သည်။

၈၀ ခုနှစ်က အိမ်တော်ထိန်းလေးWhere stories live. Discover now