အခန်း (၆)

250 49 0
                                    

အခန်း (၆)

ချန်ယွမ်သည် အနည်းငယ် စိတ်ပူပန်နေသော နျိုနျိုကို သိမ်မွေ့စွာ ဆွဲလိုက်ပြီး သူတို့ တံခါးအပြင်ဘက်သို့ ထွက်လိုက်လေ၏။

ကလေးက ဤကဲ့သို့ ပတ်ဝန်းကျင်တွင် ပျိုးထောင်ခံရပြီး အကြိမ်ပေါင်းများစွာ ကြောက်လန့်နေခဲ့လျှင် သူမက အင်အတန် ရှက်ကြောက်တတ်လာလိမ့်မည်။ သူမကဲ့သို့သော ကလေးက ဂရုစိုက်မှုမရရှိဘဲ အချိန်မှီ နွေးထွေးမှု မရပါက သိမ်ငယ်စွာ ကြီးပြင်းလာလောက်၏။

အပြင်ဘက်တွင် ရပ်စောင့်နေသည်က အလုပ်ဝတ်စုံဝတ်ထားသည့် ကြံ့ခိုင်သော သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၌ ကြံ့ခိုင်သည့် အသွင်အပြင်ရှိကာ အသားအရေ ညိုမည်းပြီး မျက်ခုံးထူထူနှင့် ကြမ်းတမ်းသော မျက်ဝန်းများရှိသည်။

သူမနောက်တွင် ရပ်နေသည်က တာ့ပေါင်နှင့် အာ့ပေါင်တို့ကို ယခင်ရက်က အနိုင်ကျင့်သည့် ဖက်တီးလေးပဲ ဖြစ်သည်။ ယခုဆို သူက ဒေါသကြီးနေပြီ ချန်ယွမ်ကို ‌ဝံ့ကြွားသော အမူအရာဖြင့် ကြည့်နေလေ၏။ မတွေးကြည့်ဘဲ သူသည် သူ့မိဘများဆီမှ ပံ့ပိုးမှု ချက်ခြင်းသွားတောင်းလာတာ ပြေးကြည့်စရာမလိုပေ။

တာ့ပေါင်နှင့် အာ့ပေါင်တို့သည် သူတို့ကျော၌ လေးလံသော ကျောပိုးအိတ်များ လွယ်ထားလျက် မှုန်မှိုင်းနေကြသည်။ သူတို့ အဆူခံရတော့မည့်ပုံ ပေါ်သည်။ သူတို့က ချန်ယွမ်၏ အကြည့်ကို ရှောင်ပြီး အကြည့်ချင်းဆုံရမှာ ရှက်ရွံ့နေ၏။ သူတို့၏ပျော်ရွှင်မှုများ လျော့ကျသွားခြင်းသည် သူတို့ ခံစားချက်မကောင်း စိတ်အဆင်မပြေဖြစ်နေကြောင်း ညွှန်ပြနေသည်။ ချန်ယွမ်က ကလေးများအတွက် ပျော်ရွှင်ဖွယ် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခဲ့တာဖြစ်၏။ သို့သော် တစ်ရက်အတွင်း သူတို့၏ စိတ်အခြေအနေက လျှင်မြန်စွာ လျော့ကျသွားတော့သည်။

တာ့ပေါင်၏ ပျော်ရွှင်မှုသည် မူလ အနုတ် ၁၅၀အထိ ပြန်ရောက်သွားပြီး အာ့ပေါင်ကလည်း လိုက်ကျသွားသည်။ ချန်ယွမ်သည် တစ်နေ့လုံး ကြိုးစားခဲ့ပြီး ဘာအပေါင်းရမှတ်မှ မရခဲ့ပေ။

ကျန့်ကွေ့လျန်နှင့် ကိုယ်ဝန်သည်အမျိုးသမီးတို့သည် အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို ကြားကာ ဘာဖြစ်နေလဲဆိုတာကြည့်ရန် ထွက်လာကြ၏။

၈၀ ခုနှစ်က အိမ်တော်ထိန်းလေးWhere stories live. Discover now