အခန်း (၈)
အစိမ်းရောင်ဖက်ထုပ်များကို ကလေးများက မစားကြဖူးပေ။ မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို သိရန် ဝေးစွ။ ထိုဖက်ထုပ်များကို မည်သူမျှ မစားဘူးကြပေ။ သို့သော် အစိမ်းရောင်ကိုကြည့်ပြီး သူတို့က စားချင်စဖွယ်ဖြစ်နေကြပြီး ကျောက်စိမ်းအရောင်နှင့် ဆင်တူသည်ဟု တွေးမိကြသည်။
၎င်းတို့၏ ဆွဲဆောင်နိုင်သော သွင်ပြင်ကြောင့် ဖြစ်နိုင်သည်။ ဖက်ထုပ်များကို သေချာကျနစွာ ပြုလုပ်ထားပြီး လခြမ်းကွေးသဏ္ဌာန် ရှိနေ၏။ သူတို့က လှပပြီး နုနယ်ကာ အနုပညာလက်ရာနှင့် ဆင်တူသည်။ အာ့ပေါင်၏ မျက်နှာက သူတို့ကို မြင်ချိန် နီမြန်းသွားပြီး ရှက်ရွံ့လာလေ၏။ တစ်ဖက်တွင်မူ တာ့ပေါင်သည် ကျန်သည့်သူများ၏ အကြည့်ကို အာရုံမစိုက်ပေ။ သူသည် ထို ညစဥ် ဖက်ထုပ်များကို ကြည့်ရန် မစောင့်နိုင်တော့ပေ။ ဒုတိယဒေါ်လေးက မနက်ခင်းက မုန့်အနှစ်တွင် ဟင်းနုနယ်အရည်ကို ရောထည့်လိုက်ချိန်တွင် ယင်းက အဖြူရောင်မုန့်အနှစ်ကို မြစိမ်းရောင် ဖြစ်သွားစေလိမ့်မည်ဆိုတာ မည်သူက ခန့်မှန်းမိမည်နည်း။
သို့သော် အခြားသော ကလေးများသည် ဤအကြောင်း ဘာမှမသိကြဘဲ မျက်တောင်တစ်ချက်မခတ်ဘဲ သူတို့၏ နေ့လယ်စာကို စားနေကြသည်။ သူတို့အဖို့ တစ်စုံတစ်ယောက်က အထူးသဖြင့် သူတို့မိဘများက ထိုကဲ့သို့ ဆန်းကြယ်သော ဖက်ထုပ်များဖန်တီးနိုင်သည်ဆိုတာကို စိတ်ကူးထဲ မတွေးနိုင် ဖြစ်နေကြသည်။
တာ့ပေါင်သည် တူဖြင့် ဖက်ထုပ်တစ်ခုကို ညှပ်ယူပြီးနောက် အစိမ်းရောင် ဖက်ထုပ်သားကို ညင်သာစွာကိုင်လိုက်ချိန် အရသာရှိသော အချိုရည်၏ ဆီးကြိုမှုကို ခံလိုက်ရသည်။ ဂေါ်ဖီနှင့် ကြာဇံတို့ပြည့်နေပြီး အရသာကို မနေ့တုန်းက ချက်ထားသည့် အရိုးစွပ်ပြုတ်ကလည်း ပံ့ပိုးပေးထားသည်။ မွေးရနံ့သင်းပျံ့ပြီး မအိဘဲ ခံတွင်းထဲ၌ အရသာစွဲထင်နေစေ၏။ ထမင်းဘူးအသစ်က သေသေချာချာ ကာထားပေးနိုင်၏။ ထို့ကြောင့် ထမင်းဘူးအသစ်သည် အပူမကူးအောင် သေချာကာထားပေးနိုင်၏။ ထို့ကြောင့် ဖက်ထုပ်သည် နွေးနေသေ'းပြီး မူလအရသာ မပျောက်ဆုံးသွားပေ။ ဖက်ထုပ်အားလုံး စားပြီးသည့်တိုင် တာ့ပေါင်၏ အရသာခံဖုများထဲတွင် အနံ့အရသာနှင့် ပြည့်နေတော့သည်။ ကောင်းကောင်းကလည်း အံ့သြဆွံ့အနေ၏။ တာ့ပေါင်နှင့် အာ့ပေါင်တို့သည် စားကောင်းသည့် တစ်စုံတစ်ခုကို စားနေတာ ဖြစ်ရမည်။ ကောင်းကောင်းက ထိုအစိမ်းရောင်ဖက်ထုပ်များကို ကြည့်ပြီး သွားရည်ကျလာ၏။ သူတို့က တကယ် စားချင်စဖွယ် ဖြစ်ပုံပေါ်သည်။ သူမြင်ဖူးသမျှအရာများနှင့် မတူပေ။ မည်သို့သော အရသာဆိုတာ မမှန်းဆနိုင်ပေ။ သို့သော် တာ့ပေါင်နှင့် အာ့ပေါင်တို့ကို သူ လတ်တလော အနိုင်ကျင့်ခဲ့မိတာကို တွေးကြည့်ပြီး တစ်လုတ်လောက်ကျွေးရန် သွားတောင်းဆိုဖို့က မဖြစ်နိုင်။ သူသည် အဝေးကနေသာ ကြည့်နေနိုင်၏။
YOU ARE READING
၈၀ ခုနှစ်က အိမ်တော်ထိန်းလေး
Romanceမိတ်ဆက် ယွမ်ယွမ်သည် အနာဂတ်ကမ္ဘာရှိ နောက်ဆုံးသော သက်ရှိ အိမ်ထိန်းစနစ်ပဲ ဖြစ်သည်။ ၅၀၂၃ ပြီးနောက် လူသားမျိုးစိတ် အားလုံးသည် ယန္တရား ခေတ်ကာလကို ဝင်ရောက်လာလေ၏။ ကံဆိုးသည်မှာ သူမ ဖျက်ဆီးခံရမှာ ဖြစ်သည်။ ဖျက်ဆီးခံရပြီးနောက် ယွမ်ယွမ်သည် အရင်းအမြစ်များ ရှားပါး...