အခန်း (၅)

239 42 0
                                    

အခန်း ( ၅ )

၁၉၈၀ ခုနှစ်တွင် လမ်းများက သိပ်မကျယ်ပေ။ လမ်းပေါ်၌ မော်တော်ကား အနည်းအကျဉ်းသာ ရှိ၏။ လူငယ်လေးများက အလုပ်သွားရန် စက်ဘီးစီးကြပြီး လန်ချားများကိုလဲ တွေ့ရပေ၏။

တောင်ပိုင်းမှလာသည့် အမျိုးသမီး တစ်ယောက်အနေဖြင့် ချန်ယွမ်သည် မြောက်ပိုင်းသို့ သွားချိန်တွင် ဗဟိုဈေးကို အနည်းဆုံး နှစ်ခေါက် အသွားအပြန် ဖြတ်ကျော်ခဲ့ရသည်။ အခေါက်တိုင်း၌ သူမ လှည့်ပတ် ကြည့်လျှင်ကြည့် မဟုတ်လျှင် ရပ်တန့်နေပြီး သူမ ကြည့်ရသည်မှာ လမ်းပျောက်နေပုံ ပေါ်၏။

ချန်ယွမ်သည် အမြင်အာရုံ စူးရှ၏။ သူမက ဈေးဝယ်စင်တာများနှင့် ဆိုင်တန်းများ၏ အကြောင်းအရာများကို တိတိကျကျ မှတ်သားနိုင်သည်။ မည်သည်က အဝတ်အစားဆိုင်၊ မည်သည်က ကုန်မာဆိုင်၊ စာရေးကိရိယာဆိုင်၊ အစိုးရဌာနများ မည့်သည့်နေရာတွင် ရှိကြောင်း သိသည်။ ဟင်းသီးဟင်းရွက် ရောင်းနေကျသူကိုတောင် သူမ သတိပြုမိ၏။

ချန်ယွမ်၏ မျက်လုံးများသည် စက်ဖြင့် စစ်ဆေးခြင်းထက်တောင် ပိုစူးရှ‌ပေ၏။ သူမ ပိုင်ဆိုင်ထားသော အဆင့်မြင့်စနစ်သည် သူမ၏ စွမ်းရည်များစွာထဲမှ တစ်ခုမျှသာ ဖြစ်သည်။ ဤလောက၏ အချက်အလက်များကို သူမ နားလည် သဘောပေါက်သည်။ ဆိုရလျှင် သူမက အနာဂတ်တွင် အခြေကျပြီး ဖြစ်သော်ငြား ဤနေရာများသည် သူမ မှန်းဆချက်ထက် နောက်ကောက်ကျနေပုံ ပေါ်၏။

ယနေ့ သူမ၏ ရည်ရွယ်ချက်က မိသားစုအတွက် ဈေးဝယ်ထွက်ရန်ပဲ ဖြစ်သည်။ ယခင်ပိုင်ရှင်သည် အိမ်မှ ပိုက်ဆံသယ်လာပြီး စုစုပေါင်း ၇၆၂ယွမ်နှင့် ၆၅ပြားတို့ ဖြစ်သည်။ ပိုက်ဆံ တစ်စိတ်တစ်ပိုင်းကို ယခင်ပိုင်ရှင် ပိုင်ဆိုင်တာ ဖြစ်သော်ငြား အများစုသည် သူမ၏ ဖခင်သည် အပြင်လောကသို့ သွားချိန်၌ ဒုက္ခခံစားရမှာကို စိုးရိမ်သောကြောင့် နွားရောင်းပြီး ပေးလိုက်သော ခန်းဝင်ပိုက်ဆံပဲ ဖြစ်သည်။

ယခင်ပိုင်ရှင်၏ ဖခင်က သူမကို အလွန်ကြင်နာပေ၏။ မိသားစုက မချမ်းသာသည့်တိုင် သူမကို အကောင်းဆုံး ထောက်ပံ့ပေးဖို့ ကြိုးစားခဲ့သည်။ သူမ ပညာရေး တိုးတက်စေရေး အတွက်လဲ ကျောင်းတက်ခိုင်းခဲ့သည်။ ဘွဲ့ရပြီးနောက် ကောင်းတိဆေးရုံ၌ အလုပ်သင်နေရာ ရအောင် စီမံပေးခဲ့သည်။

၈၀ ခုနှစ်က အိမ်တော်ထိန်းလေးWhere stories live. Discover now