Part-1(Unicode)

3.6K 51 2
                                    

ဒီနေ့သူဆေးရုံမသွားဖြစ်ဘဲအမေဖြစ်သူကအရေးကြီးသွားစရာရှိသည်လိုက်ခဲ့ရမည်ဟုဆို‌လာသောကြောင့်ပြင်ဆင်ကာအောက်ထပ်ဆင်းလာလိုက်သည်အမေဖြစ်သူဒေါ်နွေမိုးကသူ့ကိုတွေ့သည်နှင့်

မေ့သားငယ်လေးအသင့်ဖြစ်ပြီလား

ဟုတ်အမေဒါနဲ့အမေအခုဘယ်သွားမှာလဲဆိုတာသားကိုပြောပြသင့်ပြီမလား

ဟိုရောက်ရင်သိမှာပေါ့သားရယ်အမေသွားမှာသားအတွက်ပါအေ့

အမေကတော့လုပ်ပြီဗျာတစ်ခုခုမဟုတ်တာတွေဖြစ်တော့မယ်လို့ဘာလို့ခံစားမိနေပါလိမ့်

ကဲစကားများမနေပါနဲ့တော့နွေဦးဝိုင်ရယ်ဒီလိုနဲ့နောက်ကျတော့မယ် ကိုမောင်မောင်ဦးရှင်မပြီးသေးဘူးလားရှင့်

ဆိုကာအမေကသူ့မေးသည်များအားရပ်တန့်စေရင်းအဖေ့အားလှမ်းခေါ်တော့သည်အဖေလဲအမေ့သံကြားသည်နှင့်

ပြီးပါပြီမိုးရယ့်လာပြီလာပြီသွားကြတာ‌ပေါ့ဆိုကာအခန်းထဲမှထွက်လာသည်ပြီးတာနဲ့နှစ်ယောက်သားမသိရင်ဟန်းနီးမွန်းထွက်တော့မယ့်အတိုင်းလက်လေးချိတ်ပြီးရှေ့မှထွက်သွားလေရယ့်သူမှာ‌တော့မိဘများ၏ဖလစ်ခြင်းကိုခံရပေါင်းများပြီးရိုးတောင်ရိုးနေပြီကားနာရောက်မှမိဘနှစ်‌ယောက်ကိုကြည့်ရင်းပြုံးပြုံးကြီးအတွေးလွန်နေသည့်သူအားအမေက

ဟဲ့သားငယ်အော်မင်းမလဲအဲ့မှာရပ်ပြီးဘာကြောင့်ကြည့်နေတာလဲသွားဖို့နောက်ကျတော့မယ်ဆိုနေမှ

သူလဲအပြုံး‌တို့ဖြင့်

လာပါပြီအမေရ ဟုဆိုကာကားဆီသွားလိုက်ပြီးအနောက်ခန်းမှာဝင်ထိုင်လိုက်သည်ရှေ့ခန်းမှာတော့16နှစ်အတွဲကနေရာယူလျက်ပေါ့
ကားလေးသည်ခြံထဲမှထွက်ကာသူတို့သွားမည့်နေရာသို့ဦးတည်နေတော့သည်

***************
တစ်ဖက်တွက်လဲ‌ဒေါ်မြူနှင်းတစ်ယောက်သူ့သားတော်မောင်‌အားသူနဲ့လိုက်ရန်မနဲဆွဲခေါ်နေရသည်ဒီလိုဖြစ်မယ်မှန်းကြိုသိလို့မနေ့ညထဲကကြိုပြောတာတောင်မောင်မင်းကြီးသားကမပြင်ဆင်ထားတဲ့အပြင်မလိုက်ဘူးကြီးဖင်ပိတ်ငြင်းနေတာသူ့အလုပ်ကိုမဖြတ်ချင်မှန်းသိတာပေါ့အလုပ်အဲ့လောက်လုပ်ပြီးပိုက်ဆံတွေအများကြီးရှာတာဘာလုပ်မှာကျနေတာဘဲသူဘိုးဘွားအမွေတွေမပါဘဲသူ့ပိုင်ဆိုင်မှုတင်ဘီလီယံချီရှိနေတာသူ့ဝင်ငွေကလဲတစ်နေ့တစ်နေ့နည်းတာမဟုတ်ဒါကိုတောင်အပြင်ထွက်ဖို့ခနလေးခေါ်တာကိုအလုပ်ပျက်တယ်ဘာတယ်နဲ့စိတ်ကမရှည်တော့ဘူး

My Possessive Billionaire Husband Where stories live. Discover now