Part-10(Zawgyi)

202 1 0
                                    

နွေဦးတိမ်ရံကိုဖတ်ရင်းသူပါအိပ်ပျော်သွားတာပြန်နိုးတော့အချိန်က1နာရီကျော်နေပြီဖြစ်သည် ရင်ခွင်ထဲကလူကတော့သူကိုဖတ်ထားတာလွတ်ထွက်သွားမှာဆိုးသည့်အလား နွေဦးလက်တစ်ဖက်နဲ့နဖူးကိုစမ်းကြည့်တော့အဖျားကကျန်သေးပေးမယ့်စောစောကထက်တော့အပူကျသွားပြီဖြစ်သည် မနေ့ညထဲကဖျားဖျားချင်းဆေးမထိုးပေးမိတာမို့တိမ်ရံကပိုနုန်းသွားတာဖြစ်ပုံရသည် နွေဦးရင်ခွင်ထဲလူကိုကြည့်နေရင်းတိမ်ရံကတလှုပ်လှုပ်ဖြစ်လာကာနိုးလာပြီးသူ့ကိုမော့ကြည့်လာတာမို့

နိုးပြီဘဲ သက်သာရဲ့လား

တိမ်ရံခေါင်းကိုအသာညိမ့်ပြလိုက်သည်

နေ့လည်ဆေးသောက်ရမှာဆိုတော့တစ်ခုခုစားရမယ်နော်

အင်း

အဲ့တာဆိုမင်းခနလှဲနေလိုက်ငါသွားပြင်လိုက်အုံးမယ်
နွေဦးပြောလိုက်တော့ဖက်ထားတာကို‌ဖယ်ပေးကာပက်လက်လှန်ကနွေးဦးကစိုက်ကြည့်နေပြန်သည် နွေဦးအိပ်ယာကထကာ

မင်း‌နေမကောင်းဘူးဆိုတော့မင်းမိဘတွေကိုပြောပြီးခေါ်ပေးရမလား

ခဗျားကကျုပ်ကိုဂရုမစိုက်ချင်တော့တာလား

အမေးကိုအမေးနဲ့တုန့်ပြန်လာတာကြောင့်နွေဦးအံ့ဩမိတယ်နေမကောင်းရင်လူတိုင်းမိဘအရိပ်မှာနေချင်ကြတာလေအဲ့တာကြောင့်ခေါ်ပေးရမလားမေးတာကို ကိုယ်ကသူ့ကိုဂရုမစိုက်ချင်တော့လို့ခေါ်မယ့်ပုံစံလာမေးနေတာဂရုမစိုက်ချင်ရင်ဒီနေ့ခွင့်ယူမှာတောင်မဟုတ်ဘူးဟွန်း

မဟုတ်ဘူးလေ ငါပြောချင်တာက

တော်လိုက်တော့!!

ပြောပြီးတာနဲ့တစ်ဖက်လှည့်သွားသူကြောင့်နွေဦးပြုံးမိသွားသည် ဘာလဲအခုသူကိုစိတ်ကောက်သွားတာလား
အေးစက်စက်သူဌေးသားငယ်လေးကလေ သူကိုစိတ်ကောက်သွားတယ်တဲ့မယုံနိုင်စရာကြီး သူ့လက်အောက်ကလူတွေသာဒီကိစ္စသိရင်ယုံနိုင်မယ်မထင်ဘူး နွေဦးအတွေးတွေခနရပ်ပြီးပြုံးစိစိဖြင့်

တိမ်ရံ!

ပြန်မထူးလာသူကြောင့်စိတ်ကောက်သွားတာသေခြာနေပါပြီ

My Possessive Billionaire Husband Where stories live. Discover now