Part-2(Unicode)

850 24 0
                                    

တိမ်ရံသည်ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပေမယ့်သူရဲ့လွတ်လပ်မှုကိုအဆုံးရှုံးမခံသောသူဖြစ်သည် သူ့မှာလဲလူငယ်တစ်ယောက်ရဲ့စိတ်အပြည့်ဝရှိပါသည် များသောအားဖြင့်တစ်နေကုန်အလုပ်လုပ်နေတတ်သော်လည်းညနေတိုင်းလိုလိုဒါမှမဟုတ်သူစိတ်ရှုပ်နေတဲ့ချိန်တွေဆိုbarသွားလေ့ရှိတယ် barဆိုတာကလည်းသူ့ရင်းနှီးမြှပ်နှံမှုထဲကတစ်ခုဘဲ
သူရယ်နောက်ထပ်သူ့သူငယ်ချင်းနှစ်ယောက်နဲ့ပေါင်းဖွင့်ထားတဲ့barတွေဂိမ်းဆိုင်တွေကလပ်တွေလဲအများကြီးရှိသေးတယ်

သူ့အလုပ်ကိုအများကMLရဲ့CEOတစ်ယောက်လို့ဘဲသိထားကြတာများတယ်MLဆိုတာဒီမြို့တော်ရဲ့နမယ်အကြီးဆုံးကုမ္ပဏီတစ်ခုMLကနေဟော်တယ်တွေအပြင်ဆိုင်ခန်းပေါင်းများစွာလဲရှိသေးတယ်ဒါကြောင့်လဲအဘက်ဘက်ကနေရာတိုင်းမှာMLဆိုင် ခန်းတွေကမနည်းရှိနေတာပေါ့ဒီလိုနေရာတိုင်းကနေငွေတွေဝင်နေတဲ့အပြင် ဝါသနာအရသူငယ်ချင်းတွေနဲ့စုပေါင်းဖွင့်ထားတဲ့
အလုပ်တွေကလဲ‌ဝင်ငွေမနည်းရနေတာကြောင့်ဒီအသက်ရွယ်နဲ့ Billionaireတစ်ယောက်ဖြစ်နေတာမဆန်းတော့ဘူးမလား

သူ့မှာငယ်ငယ်ထဲကဝါသနာတူဆိုးတူကောင်းဖက်သူငယ်ချင်းနှစ်ယောက်ဘဲရှိတယ်တစ်ယောက်ကကောင်းပြည့်တဲ့သူမိဘတွေကဒီမြို့တော်ရဲ့နမယ်ကြီးသမားတော်တွေလေမျိုးရိုးစဉ်ဆက်ဆေးကုလာတာပေါ့နောက်တစ်ယောက်ကတော့ရှန်လင်းနောင်တဲ့သူကအခုသမ္မတရဲ့သားဆိုတော့သုံးယောက်လုံးကအမြင့်ကလူတွေမို့Private schoolကနေသိကြပြီးသူငယ်ချင်းတွေ ဖြစ်လာတာအခုထိဆိုပါတော့သူရဲ့ပြောပုံဆိုပုံတွေကိုနားလည်ပေးတာလဲအဲ့နှစ်ကောင်ဘဲရှိတာ‌ သူတို့အားလုံးကစီးပွားရေးသာဝါသနာပါပြီးလွတ်လွတ်လပ်လပ်နေရတာပါကြိုက်‌တဲ့တူတွေမို့ အခုလိုအလုပ်တွေပူပေါင်းလုပ်ကာခနခနဆုံဖြစ်ကြတယ်

ဒီနေ့လည်းတစ်နေကုန်အိမ်မှာနေနေရတာကြောင့်ညနေရောက်လာတော့သူ့စိတ်ကအနည်းငယ်ပျင်းနေပြီဖြစ်သည် ထိုချိန်တိုက်တိုက်ဆိုင်ဆိုင်ရှန်လင်းနောင်ကဘားသွားရန်ခေါ်လာသည်ရင်ဖွင့်စရာရှိတယ်လို့ပြောလာတော့လဲစိတ်ဝင်စားသွားတယ် သူတို့ကပေါ့ပေါ့ပါးပါးဘဲနေပြီးမိန်းမကိစ္စစိတ်မဝင်စားတာလဲတူနေကြသောကြောင့်အိမ်ကြောင့်မဟုတ်ရင်တော်ရံုဒီစကားမပြောကြ

My Possessive Billionaire Husband Where stories live. Discover now