Part-8(Uni)

608 16 0
                                    

တိမ်ရံအခုကျယ်ပြန်တဲ့လွင်ပြင်ကြီးထဲရောက်နေတယ်
ပတ်ဝန်းကျင်တစ်ခုလုံးကအဖြူရောင်တွေရီးဘဲ အဲ့ချိန်မှာသူ့ရှေ့ကိုလူတစ်ယောက်ပေါ်လာတယ် လူကကျောပေးထားတာမို့ဘယ်သူလဲမသိဘူးအဲ့လူကသူ့ကိုကျောပေးထားတဲ့ပုံအတိုင်းရှေ့ဆက်သွားနေတယ် တဖြည်းဖြည်းသူနဲ့ဝေးသွားတယ် သူ့စိတ်ထဲမှာအဲ့လူနောက်ကိုလိုက်သွားချင်နေတယ် သူ‌အဲ့လူနောက်ကိုပြေးလိုက်သွားတယ်တဖြည်းဖြည်းမှီလာတာနဲ့အဲ့လူကိုထိဖို့သူလက်လှမ်းလိုက်တယ် ပခုံးကိုထိခါနီးလေးမှာဘဲရုတ်တရက်ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်သွားတယ် အဲ့လူလဲပျောက်သွားတယ် သူအလန့်တကြားဘေးဘီကိုလှည့်ကြည့်တော့ဟောဟိုလူကိုပြန်တွေပြန်ပြီဒီတစ်ခါတော့ကျောပေးထားတာမဟုတ်ဘဲသူနဲ့မျက်နှားချင်းဆိုင်ထားတာ သူနှုတ်ကအဲ့လူကိုတွေ့တာနဲ့ရုတ်တရက်ထွက်သွားတာက
ဝိုင်!!နွေဦးဝိုင်းဘဲသူကတိမ်ရံကိုကြည့်ပြီးပြုံးပြလာတယ်ပြီးတာနဲ့ကျောပေးပြီးထပ်ထွက်သွားပြန်တယ်
မဟုတ်ဘူး!!မသွားပါနဲ့!တိမ်ရံ‌ပြေးလိုက်တယ်ဒါပေမယ့်မမှီဘဲဘယ်လောက်ပြေးပြေးမရွေ့သလိုဖြစ်နေတယ် မဖြစ်ဘူး!!နွေဦးဝိုင်ကချောက်ထဲကျတော့မှာ
ဆက်မသွားနဲ့တော့!!မသွားပါနဲ့!!!ရပ်လိုက်ပါ!
သူဘယ်လောက်အော်အော်နွေဦးဝိုင်ကဆက်သွားနေတာဘဲ တဖြည်းဖြည်းချောက်ရဲ့အစွန်ကိုရောက်သွားပြီပြီးတာနဲ့တိမ်ရံဘက်လှည့်လာပြီးပြုံပြလာတယ်ပြီးတာနဲ့ရှေ့ကိုဆက်လှမ်းလိုက်တယ်
မဖြစ်ဘူး!မသွားပါနဲ့!!

ဝိုင်!!!!

တိမ်ရံ!!

တိမ်ရံထပါအုံး!

မသွားပါနဲ့!ဝိုင်ပြန်လာပါ!!

တိမ်ရံ!!ထပါအုံးလို့
အသံကြောင့်ဘေးကိုကြည့်လိုက်တော့တိမ်ရံကခေါင်းတွေရမ်းပြီးချွေးတွေပြန်နေတာ နဖူးကိုစမ်းကြည့်တော့အပူကအရမ်းတက်နေတာ ကြည့်ရတာအဖျားကြောက့်အိမ်မက်ဆိုးမက်နေတာထင်တယ် သူကြည့်နေတုန်းမကြာဘူး မျက်လုံးကမှိတ်နေပေမယ့်ပါးစပ်ကအသံတွေပါထွက်လာတာမို့နွေဦးနှိုးဖို့ပြင်လိုက်ချိန် သူနမယ်ပါခေါ်လာပြီးမသွားဖို့ပြောနေသူကြောင့်လှုပ်နှိုးရတော့တယ် နှိုးနေတာတောင်မနိုးလာသေးဘဲသူ့နမယ်ကိုခေါ်နေသူကြောင့်နွေဦးဝိုင်အလန့်တကြားဖြစ်သွားရတယ်

My Possessive Billionaire Husband Where stories live. Discover now