တိမ်ရံနွေဦးဝိုင်လက်ကိုဆွဲပြီးခြံနောက်ကဥယဉ်ထဲကိုခေါ်လာလိုက်တယ်ခြံနောက်ရောက်တာနဲ့နွဦေးကတိမ်ရံဆွဲထားတဲ့လက်ကိုဖြုတ်ချကာ
မင်းလူကြီးတွေကိုဘာလို့အဲ့လိုပြောလိုက်တာလဲ
ကျုပ်ကယောက်ျားတစ်ယောက်မို့ကိုယ်လုပ်တဲ့ကိစ္စကိုယ်တာဝန်ယူရဲပါတယ်
မနေ့ညကကိစ္စတွက်ဆိုမလိုပါဘူးငါလဲယောက်ျားတစ်ယောက်မို့ဘာမှနစ်နာသွားတာမှမဟုတ်တာ ခနကြအထဲရောက်တာနဲ့မိဘတွေကိုမင်းစကားပြန်ရုတ်သိမ်းကြောင်းပြောပေးပါ
မရဘူး ကျုပ်ခဗျားကိုလက်ထပ်မှာ လူကြီးတွေလဲညကကိစ္စကိုသိပြီးကြပြီ
(တိမ်ရံလိမ်လိုက်တယ်ဒါမှလူကြီးပေါက်စကလက်ခံလောက်မှာမလား)သူတို့နှစ်ယောက်လုံးမသိတာကတော့အဲ့ကိစ္စကလူကြီးတေစနက်ဆိုတာဘဲဘာ!!ကျစ်
ဒီမှာခဗျားအခုသိထားရမှာကကျုပ်ကခဗျားကိုလက်ထပ်မှာဆိုတာဘဲ ခဗျားမိဘတွေစိတ်ချမ်းသာစေချင်ရင်စဉ်းစားပေါ့
ငါ...ငါစဉ်းစားချင်သေးတယ်မရဘူးလား
ရတယ်3မိနစ်စဉ်းစားစောင့်ပေးမယ်ပြီးရင်အထဲပြန်သွားမယ်
ဘာ!!3မိနစ်နဲ့-ီးကိုစဉ်းစားချိန်ရမှာလား
အဲ့ဆိုလဲမစဉ်းစားနဲ့တော့ကျုပ်ကိုယူရလို့မနစ်နာစေရပါဘူး
မင်း!!
မင်းတွေဘုရင်တွေမသိဘူးဗျာခဗျားကအရမ်းအရစ်ရှည်တာဘဲလာအထဲကိုအခုသွားမယ် ခဗျားကျုပ်ကိုဘဲလက်ထပ်ရမယ်ဒါဘဲ
ဆိုကာအထဲပြန်ဆွဲခေါ်သွားသောတိမ်ရံကြောင့်နွေဦးမှာနောက်ကနေပါသွားရပြန်တယ်ဒီကလေးအကုန်သူ့စိတ်ကြီးဘဲမဟုတ်သေးပါဘူး
နှင်းလဲအိမ်ထဲကိုသားတို့ပြန်ဝင်လာတာတွေ့တာနဲ့
အယ်သားတို့အဆင်ပြေရဲ့လားကွယ်သားငယ်သားနွေကိုရောသေခြာပြောပြီးပြီလား
တိမ်ရံလဲနွေဦးကိုလှည့်ကြည့်ကာ
ဟုတ်မား သေ ချာ ပြောထားပါတယ်
သေချာဆိုတဲ့နေရာကိုတစ်ခုံးချင်းဖိပြောလိုက်တာမို့နွေဦးစိတ်ထဲဖျင်းကနဲတောင်ဖြစ်သွားတယ်ဘာကိုသေချာပြောတာလဲလူကိုအကုန်သူ့စိတ်ကြီးဘဲပြောပြီးပြန်ဆွဲခေါ်လာတာများ
![](https://img.wattpad.com/cover/363743554-288-k408015.jpg)
YOU ARE READING
My Possessive Billionaire Husband
Romanceမင်းယောက်ျားပိုင်ဆိုင်မှုကမင်းဘဝအဆက်ဆက် အေးဆေးထိုင်စားလို့ရတာမို့ အလုပ်မလုပ်ဘဲမောင့်အနားမှာအမြဲရှိနေစေချင်တာ #မြူတိမ်ရံလွှမ်း ငါလဲကိုယ့်အားကိုကိုးနိုင်တဲ့ယောက်ျားတစ်ယောက်မို့ သူများလုပ်စာထိုင်စားရတာဝါသနာမပါဘူး ပြီးတော့လူတွေကယ်ဖို့ကငါ့ဝါသနာဘဲ #နွေဦး...