> Unicode <
ဒေါက်! ဒေါက်!
" သခင်လေးရှင့်..သခင်ကြီးက နှိုးခိုင်းလိုက်လို့ပါ "
လင်ရွယ်ကျီတစ်ယောက် အဆက်မပြတ်ဆူနေတဲ့တံခါးခေါက်သံကြောင့်အိပ်ချင်မူးတူးနှင့် စူပုတ်စွာနိုးလာခဲ့သည်။
သူမျက်လုံးဖွင့်တာနဲ့ စိမ်းသက်နေတဲ့အခန်းအပြင်အဆင်တို့ကိုကြည့်ပြီးမျက်လုံးတို့ပြူးကျယ်သွားကာ တစ်စုံတစ်ခုမှားယွင်းနေကြောင်းသိလိုက်ရသည်။ အဖြူရောင်သုံး၍ သန့်ရှင်းသပ်ရပ်စွာပြင်ဆင်ထားသောဒီအခန်း၊ စင်ပေါ်မှာတင်ထားသော စျေးကြီးကြီးတန်သောပန်းအိုးနှင့် မိသားစုတစ်စုအိပ်လို့ရသော သူ့အိပ်ရာကြီးကိုကြည့်ခြင်းအားဖြင့် လင်ရွယ်ကျီ ပို၍သေချာလာသည်။ သေချာတာက ဒါသူ့အခန်းမဟုတ်ဘူးလေ!။ ဒါဆို သူဘယ်ရောက်နေတာလဲ?။
* ဒေါက်! ဒေါက်!*
" သခင်လေးရွယ်ကျီရှင့်..သခင်ကြီးက အခုဆင်းလာဖို့ပြောခိုင်းလိုက်လို့ပါ "
"....."
*ရွယ်ကျီ? ငါ့ကိုပြောနေတာလား?*
လင်ရွယ်ကျီတစ်ယောက် သူ့ခေါင်းကိုအလုပ်မပေးခင် တဖက်တခြားအပြင်ဖက်ကသူကိုပြန်ဖြေလိုက်သည်။
" အမ်း.. ငါလာခဲ့မယ် "
" ဟုတ်ကဲ့ "
တံခါးအပြင်ကအသံမကြားတော့တာကြောင့် တဖက်လူထွက်သွားပြီမှန်းသိလိုက်သည်။ ထို့နောက် သူအိပ်ရာပေါ်မှာထိုင်နေရင်းပင် မနေ့ညက ဘာဖြစ်သွားတာလဲဆိုတာကို စဥ်းစားနေမိသည်။
လင်ရွယ်ကျီမှာ ဖေဖေရယ် မေမေရယ် ညီငယ်လေး နဲ့ စုစုပေါင်းမိသားစု လေးယောက်ရှိသည်။ လင်ရွယ်ကျီတို့မိသားစုလေးကအလွန်အေးချမ်းတယ်..ဖေဖေနဲ့မေမေကလည်းတစ်ယောက်နဲ့တစ်ယောက်အလွန်ချစ်ကြတယ်လေ။ လင်ရွယ်ကျီအသက် ၁၀ နှစ်မှာ မေမေကနောက်ထပ်ညီလေးတစ်ယောက်လက်ဆောင်ပေးတာကြောင့် လင်ရွယ်ကျီတို့မိသားစုလေးက ပို၍ပင်ပျော်စရာကောင်းလာခဲ့တယ်..လင်ရွယ်ကျီတို့မိသားစုက မဆင်းရဲဘူးဆိုပေမယ့် ချမ်းသာတဲ့အထဲမှာလည်းမပါပေ။
YOU ARE READING
The villain is my boyfriend
Romanceဒီဇာတ်လမ်းမှာပါဝင်သော ဇာတ်လမ်းနှင့်တခြားသော အစစအရာရာ အားလုံးတို့သည် စာရေးသူမှစိတ်ကူးယဥ်ခြင်းဖြင့်ပုံဖော်ထားခြင်းသာဖြစ်ပါသည်။ Fic Cover - Pinterest Crd @