> Unicode <
ဟောင်ဝမ်အိမ်တော်။
ဟောင်ဝမ်အပြင်ကပြန်လာပြီးအိမ်ထဲကိုခြေချလိုက်ပြီဆိုတာနဲ့အပေါ်ထပ်မှာဝုန်းဒိုင်းကျဲနေတဲ့အသံတွေဆူညံစွာထွက်ပေါ်လာတာကိုကြားလိုက်ရသည်။ သူ့အနေနဲ့ ဒါက တစ်ခါတရံကြားနေကြဖြစ်ပြီး အဲ့တာကမထူးဆန်းတော့ချေ။
ဟောင်ဝမ်အပေါ်ထပ်ဆီကိုတတ်သွားပြီး အခန်းထဲသို့ဝင်သွားခဲ့တယ်။ ကြမ်းပြင်မှာကျကွဲနေတဲ့ဆေးခွက်နဲ့ အစေခံကိုကောက်ပေါက်ထားတဲ့ ပစ္စည်းတစ်ချို့အပြင် ကြမ်းပြင်မှာသွေးတွေအိုင်ထွန်းနေကာ အစေခံကကြောက်လန့်ပြီးခေါင်းမဖော်ရဲချေ အခြေအနေတွေက ရှုတ်ထွေးစွာနဲ့ ဖြစ်ပျက်နေကြသည်။
" ထွက်သွားတော့ "
အစေခံကချက်ချင်းပဲ သူ့အသက်ရှင်ဖို့မြန်မြန်ထွက်ပြေးသွားတော့သည်။ ဟောင်ဝမ်က ကြမ်းပြင်ပေါ်မှာကျနေတဲ့ ဖုန်းအကွဲကိုယူပြီး စားပွဲပေါ်တင်လိုက်တယ်။
" အကိုကြီး ဘာလို့အဲ့လောက်စိတ်တိုနေတာလဲ "
" ဟောင်ဝမ် မင်းအခုထိအဲ့ခွေးကောင်ကိုငါ့အတွက်လက်စားမချေပေးဘူးလား မင်းအကိုတစ်ယောက်လုံးသုံးစားမရအောင်လုပ်ထားတဲ့ကောင်ကို မင်းအခုထိလွတ်ထားတာလားကွ ဟမ်! ! "
" ဟူးး "
ဝှီးချဲလ်ပေါ်မှာထိုင်နေတဲ့အသက်ကြီးကြီးလူတစ်ယောက်က သူ့လက်တွေမှာ အမာရွတ်အကြီးကြီးတို့ရှိနေတဲ့အပြင် တစ်ချို့လက်ချောင်းတွေကပြတ်ထွက်ကာမရှိချေ။ ကြောက်စရာကောင်းပြီး မြင်မကောင်းတဲ့ဒဏ်ရာတွေရှိနေပြီး သူမျက်နှာကလည်းအလွန်ဆိုးရွားနေခဲ့သည်။
ဟောင်ဝမ်က သူ့အကိုကြီးကိုကြည့်ပြီး ကျောက်ဇီရှန်လုပ်ခဲ့တဲ့အရာတွေအတွက်ဒေါသတွေတောက်လောင်လာခဲ့သည်။ သူ့အတွက်လမ်းတွေအကုန်ပျက်စေတဲ့အပြင် သူ့အကိုကြီးရဲ့ဘဝကိုခုလိုလုပ်ခဲ့တဲ့ကျောက်ဇီရှန်ကို ဟောင်ဝမ်အမြဲလက်စားချေချင်ခဲ့တယ် အဲ့လိုဖြစ်အောင်လည်းသူအမြဲကြိုးစားတယ်။
" အကိုကြီးမင်းစိတ်မပူနဲ့ ငါအဲ့ကောင်ဘဝကိုတစ်စစီဖြစ်အောင်လက်စားပြန်ချေပေးမယ် "
YOU ARE READING
The villain is my boyfriend
Romanceဒီဇာတ်လမ်းမှာပါဝင်သော ဇာတ်လမ်းနှင့်တခြားသော အစစအရာရာ အားလုံးတို့သည် စာရေးသူမှစိတ်ကူးယဥ်ခြင်းဖြင့်ပုံဖော်ထားခြင်းသာဖြစ်ပါသည်။ Fic Cover - Pinterest Crd @