> Unicode <
နောက်တစ်နေ့မနက်မှာ လင်ရွယ်ကျီက အရင်လိုပဲအတန်းပြန်တတ်ရတော့မှာဆိုတော့ အစောကြီးထ၍ပြင်ဆင်ကာ ကျောက်ဇီရှန်နဲ့အတူမနက်စာစားပြီးနောက် ထွက်လာခဲ့သည်။
မနေ့ကပိတ်ရက်မှာ သူတို့နှစ်ယောက်လုံးအပြင်ထွက်မလည်ခဲ့ကြသော်လည်း သူတို့နှစ်ယောက်အတူရှိနေတဲ့အချိန်တွေက ပျော်စရာကောင်းနေတုန်းပဲ။ လိချန် က လင်အိမ်တော်မှာရှိတဲ့ လင်ရွယ်ကျီရဲ့ကျောင်းလွယ်အိတ်ကိုသွားယူပေးခဲ့တာကြောင့် လင်ရွယ်ကျီရဲ့အချိန်ကုန်ခြင်းက အကြွေးပေးရမယ့်စာတွေလုပ်နေတာနဲ့အဆင်ပြေနေခဲ့တယ်။
ကျောက်ဇီရှန်က လင်ရွယ်ကျီနဲ့အတူ ဘေးမှာအတူတူရှိနေပြီး သူ့ကုမ္ပဏီရဲ့အရေးကြီးအလုပ်ကိစ္စတွေကို သူ့အနားမှာနေပြီးလုပ်နေခဲ့တယ်။ သူတို့နှစ်ယောက်က ကိုယ့်တာဝန်ကိုယ်လုပ်နေသော်လည်း ချစ်ခြင်းအငွေ့သက်များရှိနေပြီးလေထုကနွေးထွေးနေခဲ့တယ်။
ညအိပ်ချိန်ရောက်တဲ့အခါမှာ လင်ရွယ်ကျီကကျောက်ဇီရှန်ရဲ့တောင်းဆိုမှု့ကြောင့် သီးသန့်အခန်းခွဲအိပ်တာမျိုးမလုပ်တော့ဘဲ ကျောက်ဇီရှန် နဲ့အတူအိပ်တယ်။ ကျောက်ဇီရှန်ကအိပ်ချိန်ရောက်တဲ့အထိ သူမျက်နှာကမျက်နှာဖုံးကိုဖြုတ်ထားခြင်းမရှိပဲ ထိုအတိုင်းသာအိပ်ပြီး မနက်နိုးလာတဲ့အချိန်မှာ ထိုလူကအရင်နိုးနေတတ်သည်။
ကျောင်းရှေ့ရောက်တဲ့အခါ လင်ရွယ်ကျီကလွယ်အိတ်ကိုယူကာ နှုတ်ဆက်လိုက်တယ်။
" ကျွန်တော်သွားပြီနော် "" ခဏလေး "
ကျောက်ဇီရှန်က သူ့ပိုက်ဆံအိတ်ထဲက ကတ်တစ်ခုကိုထုတ်ကာ လင်ရွယ်ကျီကိုပေးလာတယ်။
" Black Card?"
" အင်း၊ ကုဒ်နံပတ်က မင်းလေး မွေးနေ့ "
" ဘာလို့ကျွန်တော့်ကိုပေးတာလဲ "
အူတူတူလေးနဲ့ကြည့်ကာမေးလာတဲ့ ရွယ်ကျီကိုကျောက်ဇီရှန်ကြည့်နေတယ်။ ဒီကောင်လေးကသူ့ကြောင့်လင်ဝေ့ဆီက ကတ်အပိတ်ခံရတာနဲ့ပက်သတ်ပြီးပြောဖို့အစီစဥ်မရှိဘူးဆိုတာသူသိတယ်။
YOU ARE READING
The villain is my boyfriend
Romanceဒီဇာတ်လမ်းမှာပါဝင်သော ဇာတ်လမ်းနှင့်တခြားသော အစစအရာရာ အားလုံးတို့သည် စာရေးသူမှစိတ်ကူးယဥ်ခြင်းဖြင့်ပုံဖော်ထားခြင်းသာဖြစ်ပါသည်။ Fic Cover - Pinterest Crd @