ဖေ့ဖေ့ကားလေး ကျောင်းရှေ့ရပ်လိုက်ချိန် ကျွန်တော့်ဖေ့ဖေ့ကိုနှုတ်ဆက်ပီး ကားပေါ်ကဆင်းခဲ့တယ်။ကျွန်တော့်ရဲ့ခြေလှမ်းတိို့က ကျောင်းတော်ကြီးကို စတင်ပဲခြေချခဲ့လေပီ။ဒီအချိန်ကျွန်တော့်ရဲ့စိတ်တေတတ်ကြွ လန်းဆန်းနေတာတော့ အမှန်ပါပဲ ရူသွင်းလိုက်တဲ့လေကတောင် လတ်ဆတ်အေးမြပီး နူးညံနေရော ဒီအခိုက်တန့်လေးအား ကျွန်တော်သိပ်ကိုသဘောကျရပါသည်။
ကျွန်တော်တက်ရမဲ့အဆောင်ဘက်ကို ခြေလှမ်းများကဦးတည်ကာ စတင်လျှောက်လှမ်းခဲ့တော့သည်။
ကျွန်တော့်ရဲ့ခြေလှမ်းအစုံဟာ သိပ်ကိုပေါ့ပါးလွန်းနေတာအမှန်ပါ။
ကျွန်တော်ဦးတည်သွားနေသည့် အဆောင်လေးကကျွန်တော် G10 G11နှစ်နှစ်တက်ခဲ့တဲ့အဆောင်လေးမို့ သိပ်ပီးတော့ကျွန်တော့်တွက်ထွေထွေထူးထူးမရှိသလို စိမ်းလဲစိမ်းမနေပေမဲ့ ကျွန်တော်ရင်ခုန်နေသည်။
တွေ့ပါပီ ကျွန်တော့်တက်ရမဲ့အခန်းလေး အပေါ်ကိုမော့ကြည့်မိတော့ G12(D) ဆိုတဲ့ဆိုင်းဘုတ်ကလေးကိုမြင်လိုက်ရတယ် ကျွန်တော့်မျက်နှာထပ်သိသာစွာပေါ်လာသော အပြုံးတို့ကသိပ်ကိုတတ်ကြွနေတယ်ဆိုတာ ဖော်ပြလွန်းနေသည်။ အခန်းထဲသို့ခြေစလှမ်းချိန် ကြားလိုက်ရသည့်အသံကခပ်စူးစူးလေးရယ်ပါ
"နင် နှာဘူးကြပြန်ပီ"
"ဘာနှာဘူးကြတာလည်း ငါကချစ်တတ်တာဟ"
"နင်ချစ်တတ်တာကလည်း တစ်ယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်"
"ဒါကတော့ အချစ်တေပေါနေတာကိုလို့"
"အပိုတေပြောမနေနဲ့ ဘူးရင်ဘူးတယ်ပေါ့ ဘာအချစ်တေပေါ်တာလဲ နှာဘူးထတာကထတာပဲ"
"နင် အ့" ပြောလို့တောင်မဆုံးသေး အ့ဆိုတဲ့နာကျင်စွာအော်လိုက်တဲ့အသံကတော့ ကျွန်တော့်ချစ်သူငယ်ချင်းမလေး ကောင်းသန့်ကို လက်စာကျွေးလိုက်ခြင်းပင်ဖစ်သည်။
ကျွန်တော်ရီချင်စိတ်ကိုမနည်းထိန်းထားရသည်ထိုအချိန်မှာပဲကျွန်တော့်ဘက်ကိုနန္ဒာနဲ့ကောင်းသန့်လှည့်လာသည်။
"ဟဲ့ နင်အဲ့မှာမတ်တပ်ရပ်ပီးဘာလုပ်နေတာလဲ ဘာလဲနင့်ဖင်အိမ်မှာကျန်ခဲ့လို့ လာမထိုင်တာလာ"
"အေးလေ နင်ပဲပြောလိုက်တော့"
"မင်းပါးစပ်ကြိးကိုပိတ် နှာဘူးကောင်"
"ဟ မင်းကပါနန္ဒာဘက်ကလာဟ"ဆိုကာနဂိုတည်းကနန္ဒာထုထားလို့ဘူနေတဲ့ကောင်းသန့် ကျွန်တော့်စကားကြောင့် ပိုဘူသွားသည်။ဒါကိုကြည့်ပီး ကျွန်တော်ရောနန္ဒာပါဟက်ဟက်ပက်ပက်ကိုရီတာ ဗိုက်ပါနှိပ်ယူရသည်။ဒါပါပဲကျွန်တော့်ရဲ့ကျောင်းခန်းဝင်ဝင်ချင်ဖြတ်သန်းရတာဟာ ကျွန်တော့်သူငယ်ချင်းပရမ်းပတာတေနဲ့ဒီလိုပြောပီးပျော်ရွှင်ရတာဒါကျွန်တော်ဖြတ်သန်းချင်တဲ့တနေ့တာလေးပါ။ကျွန်တော့်ရဲ့မတွေ့ရတာကြာတဲ့သူငယ်ချင်းတေကို ဝမ်းသာအားရဖြင့်
"မင်းတို့နဲ့မတွေ့ရတာကြာတော့ ငါတော်တော်လွမ်းနေတာ"
"မင်းသောက်ပိုပြောပြန်ပီ မနေ့ကမှမင်းနဲ့ငါနန္ဒာအိမ်လက်ဖက်သုပ်သွားစားရင်း စကားပြောခဲ့ကြတာကို"
"အေ့လေ နင်တအားအပိုပြောတာပဲ မနေ့ကမှငါ့အိမ်လာငတ်သွားတာကို"
"ဟ နင်တို့တေကလည်းပထမဆုံးကျောင်းတက်ရက်မို့ feelကြည့်တာလေးကို ပြောနေလိုက်ကြတာ"
"တော်တော် အပိုတေမကြားချင်ဘူး"လို့နန္ဒာကဆိုတော့နောက်ကသံယောင်လိုက်သည်ကကောင်းသန့်
"အေးလေ မင်းတအားအပိုတေပြော ဒါနဲ့ငါပြောစရာရှိတယ်"ဆိုတဲ့ကောင်းသန့်ရဲ့စကားသံအဆုံး ကျွန်တော်ရောနန္ဒာပါတစ်ဖက်သို့လှည့်ဖို့ကြံနေချိန် ဂုတ်မှအကျင်္ီကိုဆွဲကာ ပုံမှန်အတိုင်း နေရာပြန်ချလိုက်သည့် ကောင်းသန့်ကမျက်မှောင်ကျုံး၍ကြည့်လာသည်။ကျွန်တော်တို့နှစ်ယောက် သွားများကျွတ်ထွက်သွားလောက်သည်ထိပေါ်အောင်ရီပြနေလိုက်သည်။
ထိုအခါမှကောင်းသန့်က
"ငါကဘာမှမပြောရသေးဘူးလေမင်တို့ကဘာဖစ်လို့ဟိုဘက်ကိုလှည့်သွားတာလဲ"
"ဘာမှမဖစ်ပါဘူး"
"ဘာမှမဖစ်ပါဘူး"ဆိုတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပြိုင်တူထွက်လာတဲ့စကားသံအဆုံး ရှေ့မှဒေါသထွက်စွာအံကြိတ်ရင်းကြည့်နေတဲ့ ကောင်းသန့်ချက်ချင်းပါးစပ်ကြီးအောက်ကျကာရှေ့တည့်တည့်ကြည့်နေသည်မို့ လိုက်ကြည့်မိတော့အခန်းရှေ့မှကောင်မလေးခပ်ချောချောတစ်ယောက် ဖြတ်သွားသည်ကိုလိုက်ငမ်းနေတာအရမ်းသိသာလွန်းနေသည်။
"ဟိုမှာကြည့်မော်ကွန်း အဲ့ကောင်သရေတေပါကြနေဦးမယ်"
"အေးလေကွာ"ဆိုတဲ့စကားသံအဆုံး ကောင်းသန့်ရဲ့ဟနေတဲ့ပါးစပ်ကို ကျွန်တော်အောက်ကနေပင့်ရိုက်လိုက်တော့ သွားနှစ်ချောင်းရိုက်မိတဲ့အသံနဲ့အတူကောင်းသန့်ရဲ့
"အ့ သေပါပီငါ့သွားလေးကျိုးပီးလာမသိဘူး"ဆိုတဲ့အော်သံနဲ့အတူကျွန်တော့်ဆီရောက်လာသောနဂါးမျက်စောင်းကျွန်တော်ရီပြပီး စကားလမ်းကြောင်းစလွှဲရတော့သည်။
"အော် မင်းခုနကငါတို့ကိုဘာပြောမို့လဲ အဲ့တာမေးချင်လို့ ဟဲဟဲ"
"အေး ငါပြောမို့မေ့သွားတာ"
"နင့်နှာခေါင်းကအပြင်ရောက်သွားတော့ မေ့မှာပေါ့"
"နန္ဒာနင်နော် ထားတော့ငါပြောပြမယ် ခုနကကောင်မလေးလေတွေ့တယ်မှတ်လာ"
"အေး တွေ့တယ်လေ အာ့ဘာဖစ်လဲ"
"ဟာမင်းကလည်းကွာ ငါအဲ့ကောင်မလေးကိုကြိုက်နေပီကွ"
"ဟင် မင်းဟာကလည်း ကြိုက်နေတာကမများလွန်းဘူးလား"
"မဟုတ်ဘူး ဒီတခါငါကအတည်ကွအတည်ကြိုက်တာ"
"တော်တော် နင်ကြိုက်တယ်ပြောတာဒီတခါနဲ့ဆို ငါရေထားသလောက်၁၅၅လောက်ရှိနေပီ"
"ဟ အဲ့လောက်တောင်များလာ ထားပါ ဒီတခါတဂယ်အတည်ကွ မနေ့ကငါနန္ဒာအိမ်ကအပြန် အဲ့ကောင်မလေးကိုတွေ့ခဲ့တာ ဘေးမှာလဲကောင်လေးတယောက်ကောင်မလေးတယောက်ပါသေးတယ် ဘယ်ကပြန်လာတာလဲမသိ စကားတေပြောရင်ရီနေတာကွာ သိပ်ကိုချစ်ဖို့ကောင်းတာပဲ"
"အာ့နဲ့နင်ကြိုက်သွားရောလာ"
"အေးလေ ဟေ့ယျောင့်မော်ကွန်း မင်းကလည်းနည်းနည်းပါးပါးပြောဦးလေ သူ့ငါကြိုက်တာလိုက်ဖို့အကြံလေးဘာလေး"
"ဟာ ရူပ်ရူပ်ရှက်ရှက် မင်းဘာသာဘူးတာ မင်းဘာသာလိုက်ပေါ့ ငါကလေးမင်းကိုကြည့်ပီးအချစ်ကိုစိတ်ကုန်လို့ အပူတေမရှာချင်အေးဆေးနေတာကို အချစ်ရေးနဲ့ပတ်သက်တာလာမပြောနဲ့အကြံလဲမတောင်းနဲ့ ငါစိတ်ဝင်စားဘူး"
"နင်အဲ့လိုမပြောနဲ့မော်ကွန်း နင်လည်းတနေ့ချစ်တတ်လာရင်ဘလိုလုပ်မလဲ"
"တော်ပါနန္ဒာရာ ငါလေကောင်းသန့်ကိုကြည့်ပီး အချစ်ကိုတောင်မယုံတော့ဘူး အဲ့ဒါကြောင့်ငါချစ်တတ်လာဖို့ဆိုတာဝေးရောပဲ"
"အေးပါ ငါစောင့်ကြည့်နေမယ်မော်ကွန်း"
"မသိရင်ငါ့ကပဲနှာဘူးတေအကြီးအကျယ်ကျ ဖွန်တေတအားကြောင်နေတာကျနေတာပဲ အချစ်ကိုငါ့ကြောင့်စိတ်ကုန်တယ် ငါ့ကြောင့်မယုံကြည့်တော့ဘူးဆိုပဲ"
"အေးလေ နင်ကလဲအဲ့လိုဖစ်နေတာပဲကို"ဆိုတဲ့နန္ဒာစကားအဆုံးကောင်းသန့်ပြောမယ်ကြံတုန်းကျောင်းခေါင်းလောင်းထိုးခဲ့လေပီ။
"တောင်...တောင်...တောင်...တောင်..."ခေါင်းလောင်းသံအဆုံး ကျွန်တော့်တို့နိုင်ငံတော်သီချင်းဆိုကြသည်။
အဲ့နောက်တော့ ဆရာမကိုနှုတ်ဆက်ကာ ထိုင်ခုံတွင်ထိုင်ကြပီး ဘုရားရှစ်ခိုးကြသည်။နန္ဒာကတော့ သူ့နေရာသူသွားလေပီ။ကျွန်တော့်တို့ရဲ့ပထမဆုံးအချိန်က မြန်မာစာဆရာမလေ ကျွန်တော့်အရမ်းချစ်ရတဲ့အတန်းပိုင်ဆရာမပေါ့ ဒီနှစ်လည်းကျွန်တော့်တို့အတန်းပိုင်မို့ ပျော်နေတာတော်အမှန်ပဲ။နံပါတ်၄ချိန်ပီးတော့ မုန့်စားဆင်းကြသည် ပုံမှန်အတိုင်းပါပဲမုန့်ဝယ်စားကြ ကစားကြနဲ့ ကျောင်းပြန်တက်တော့ နံပါတ်၅ချိန်ဟာ ကျွန်တော်တို့အိပ်ငိုက်ရမဲ့အင်ဂလိပ်စာချိန်ပေါ့ ကျွန်တော့်တို့အင်ဂလိပ်စာဆရာမက အရမ်းအေးချမ်းတာစကားပြောတာကအစ ဖြည်းဖြည်းနဲ့မှန်မှန်လေးပြောတာ ဒီနေ့ကပထမဆုံးရက်မို့အားလုံးနဲ့လွမ်းကြောင်းတေပြောရင်းသာအချိန်ကပီးဆုံးခဲ့တာမို့အိပ်တော့မငိုက်ခဲ့ကြပေ။
ပျော်ပျော်ပါးပါး ဒီတနေ့တော့လွတ်လပ်စွာစကားပြောရအောင် ဆရာမများကလွှတ်ထားကျသည်။ဒီလိုနဲ့ပဲ ကျောင်းဆင်းချိန်ကိုတောင်ရောက်လာခဲ့လို့ကျောင်းခေါင်းလောင်သံနောက်တစ်ကြိမ်ထပ်ထိုးခဲ့ပီလေ။
"တောင်...တောင်...တောင်...တောင်..."
ဆိုတဲ့ခေါင်းလောင်းသံအဆုံး ကျွန်တော့်တို့အားလုံးလွယ်အိတ်လွယ်ကာ ဆရာမကိုနှုတ်ဆက်ခဲ့ကြသည်။
ကျောင်းထဲလမ်းလျှောက်တုန်းနန္ဒာမှ
"ဟဲ့ ဒီနေ့ပထမဆုံးရက်မို့ ဆရာမကျူရှင်ပိတ်ပေးထားတာ ငါတို့ဘာလုပ်ကြမလဲ"
"အိမ်ပြန်မှာပဲ နေမှာပေါ့ နင်ကဘာလုပ်ချင်သေးတာလဲ ချီးထုတ်မ"
"အေးလေနန္ဒာရာ ပင်ပန်းနေပီအိမ်မှာပဲနေမယ်"လို့ကျွန်တော်ပြန်ပြောတဲ့စကားသံအဆုံးနန္ဒာက
"အေးပါ အဲ့ဆိုလဲအိမ်မှာနေကြတာပေါ့"
"ငါလိုက်ပို့ရမလား နန္ဒာ"
"ငါတော့မလိုက်ပို့တော့ဘူးနော် မနက်ကငါ့ချစ်ချစ်လေးကိုကျောင်းရှေ့ကနေ စောင့်ကြည့်ပီးပြန်မို့"
"နှာဘူးကောင် နင့်ဘယ်သူမှလိုက်မပို့ခိုင်းပါဘူး မော်ကွန်းလည်းလိုက်မပို့နဲ့တော့ ငါ့ဘာသာပြန်လို့ရပါတယ်"
"Ok " "ok"လို့ကျွန်တော်ရောကောင်းသန့်ပါပြောပီးတဲ့အဆုံးကျွန်တော့်တို့သုံးယောက်လမ်းခွဲခဲ့ကြသည်။× × × × × ×
#သာသာဂျွန်
#27.2.2024

YOU ARE READING
ရင်ခုန်သံအစကျောင်းတော်က🏫
حركة (أكشن)Intro အချစ်ကိုမယုံကြည့်ခဲ့ဖူးတဲ့ကောင်လေးကကျောင်းမုန့်စားဆင်းချိန်ခဏတာတွေ့လိုက်ရတဲ့ကောင်လေးတယောက်ကိုချစ်မိသွားတဲ့အခါသူဘာဆက်လုပ်မလဲတချိန်တည်းမှာပဲတက်ရတဲ့ကျူရှင်ခြင်းပါတူနေတဲ့အခါဘာတေဆက်ဖစ်ကြမလဲ မော်ကွန်း ကျောင်းတက်- G12 မြတ်ရိပ်ကျော် ကျောင်းတက်- G11 အေ...