ဒီနေ့ကျွန်တော့်ကျောင်းတက်ရမှာ လေးရက်မြောက်နေ့ထုံးစံတိုင်းပေါ့ မေမေ့ရဲ့ပွစိပွစိအသံနဲ့ ဖေဖေ့ရဲ့အပြုံးတေနဲ့အတူမနက်စားလေကို စားဖစ်ခဲ့တယ်။အခုတော့ ဖေဖေလိုက်ပို့တာမို့ ကားပေါ်လေးကနေ တိတ်ဆိတ်စွာကျွန်တော်လိုက်ခဲ့သည်။ဒီနေ့တော့ ကျူရှင်သွားရမှာမို့ ကျူရှင်တန်းသွားရန် အပြင်အဝတ်အစားပါ အပိုထည့်ခဲ့လိုက်သည်။
ကျောင်းရှေ့ရောက်တော့ကျောင်းထဲတန်းဝင်ကာအခန်းသို့ဦးတည်လိုက်သည် အခန်းထဲဝင်မည်ကြံနေတုန်းနန္ဒာရောက်လာကာ
"ဟဲ့မဝင်နဲ့ဦး မုန့်အရင်သွားဝယ်ရအောင်လိုက်ခဲ့"
"ဟာနင်ကလည်း အခန်းရှေ့ပဲရောက်ပီးလွယ်အိတ်ဝင်ထားဦးမယ်လေ လေးကလေးနဲ့"
"အေးဟုတ်သားပဲ ဗိုက်ဆာတာနဲ့လောသွားတာ"ဆိုတဲ့စကားသံအဆုံး ကျွန်တော်နဲ့နန္ဒာအခန်းထဲသို့လွယ်အိတ်ဝင်ထားခဲ့ပီးမုန့်စျေးတန်းသို့ဦးတည်ခဲ့သည်။
ကျွန်တော်တို့ရဲ့မုန့်စျေးတန်းက ကျောင်းရဲ့အနောက်ကစိန်ပန်းပင်ကြီးတေရဲ့အောက်ဆိုင်ပုံစံလေးတေနဲ့ဖွင့်လှစ်ထားခြင်းဖစ်သည်။ဆိုင်ပုံစံမုန့်စျေးတန်းလေးကို အုပ်မိုးကာ အကာအကွယ်ပေးထားသည့်စိန်ပန်းပင်ကြီးတေသည် သိပ်ကိုလှပလွန်းနေသည်။
မုန့်စျေးတန်းမှမုန့်ဝယ်ပြီးပြန်အလာ
"မော်ကွန်းနင်ဘာမှမစားဘူးလားဟ ငါဝယ်ကျွေးမယ်လေ"
"တော်ပီမစားတော့ဘူး ငါအိမ်ကမုန့်စားလာလို့"
"အော်အေးအေး ဒါဆိုလည်းပီးတာပဲ"လို့နန္ဒာကပြောတော့ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည် နောက်မှကျွန်တော်တို့ထဲတစ်ယောက်ယောက်လိုနေသလို ခံစားလာရသည် ဟုတ်သားပဲကောင်းသန့်တစ်ယောက်ဘယ်ရောက်နေတာလဲဟ
"ဟဲ့ နန္ဒာကောင်းသန့်ရောမလာသေးပါလာ"
"အေးငါလဲမတွေ့မိဘူး အော်ပြောရင်နဲ့ဟိုမှာအဖေကြီးကြွချီတော်မူလာပီ"လို့နန္ဒာပြောတော့ ကျွန်တော်လှည့်ကြည့်လိုက်သည်
"အမယ်ဒီကောင်ဘာမြူးနေတာလဲဟ အဲ့လောက်ပျော်နေတာ သွားကိုလည်းကြည့်ဦး ဖြီးနေတာပဲ"
"အေးလေ ငါမေးကြည့်ပါဦး"နန္ဒာစကားသံအဆုံးကျွန်တော်တို့နားကောင်းသန့်ရောက်ချလာသည်
"ဟေ့ယျောင့် မင်းဘာတေမြူးလာတာလဲပြောစမ်းပါဦး"
"အော်ငါပြောပြရမှာလာ"
"အေးလေ နင်ဘာတေပျော်လာတာလဲပြော"
"အော်ပြောတော့ပြောပြချင်ပါတယ်ဟာ ဒါပေမဲ့မပြောလဲမပြောချင်"
"မပြောချင်လဲနေလေရတာပဲ"
"အေးလေမပြောလဲရတာပဲကို မပြောနဲ့လာကျောင်းခန်းထဲသွားကြမယ်"
"နေဦးလေ ငါကပြောပြချင်လို့မူနေတာလေ"
"အော် ငါတို့ကမင်းများမပြောပြချင်ဘူးလားလို့"
"ပြောပြချင်တာပေါ့ ဒီလိုကွာငါကြိုက်နေတယ်ဆိုတဲ့ကောင်းမလေးကငါထက်ငယ်တယ်ကွ သူက G11ကငါတို့အပေါ်ထပ်ကကွာ ပီးတော့သူ့နာမည်ကနှင်းဆီတဲ့ကွ နာမည်နဲ့လိုက်အောင်နှင်းဆီပန်းဆိုတအားကြိုက်တာတဲ့"
"အော်အဲ့တာ နင်ကဘလိုသိ"
"မနေ့ကငါသူ့ကိုကျောင်းရှေ့စောင့်ရင်းပြန်ခဲ့တယ်လေ အဲ့မှာသူကကောင်မလေးတယောက်နဲ့ထွက်လာတာ သူတို့နှစ်ယောက်လမ်းခွဲကြတော့ အဲ့သူ့ဘေးကကောင်မလေးနောက်ငါလိုက်မေးတာ"
"အော် အဲ့တာလေးသိတာနဲ့ပဲ မင်းကပျော်မြူးလာရောလာ"
" အဲ့တာပဲတော့ဘယ်ဟုတ်မလဲ ဒီမနက်ငါသူတို့လမ်းထိပ်နားသွားစောင့်တာ အဲ့မှာသူထွက်လာတော့ သူ့နားသွားပီး သူ့ကိုခင်ချင်ကြောင်းစကားသွားပြောတာ သူကလည်းခင်လို့ရပါတယ်တဲ့"
"အော် အဲ့တာကြောင့်ပျော်တာလား"
"ဟေ့ကောင်မော်ကွန်း စကားကိုဖြတ်ဖြတ်မပြောနဲ့ဟ"
"အေးပါကွာ ဆက်ပြောဆက်ပြော"
"အဲ့တာနဲ့ငါလည်း နေ့လယ်ကြမုန့်စျေးတန်းတူတူသွားရအောင်ခေါ်တော့ သူကသဘောတူလက်ခံတယ် အဲ့တာကိုငါပျော်လာတာ ရှင်းပီလာ"
"အော်ဒီလိုလား အဲ့ဆိုငါတို့ကိုနေ့လယ်ကြဒကာခံနော်ချစ်သားလေး"
"ချီးကိုချစ်သားလေးလာ နန္ဒာအရူးမ"
"အောင်မယ် ငါ့များအရူးတဲ့ဖွန်ကြောင်ကောင် နှာဘူးကောင်"
"နင်နော် ဟေ့ကောင်မော်ကွန်မင်းကလည်းနော် ငါများချစ်တဲ့ကြိုက်တဲ့အကြောင်းပြောရင် ဝင်နှောက်ရတာနဲ့ ချက်ခြင်းငြိမ်ကျသွားတာနဲ့ ဘာလဲမင်းငါ့ကိုကြိုက်နေတာလာ"
"ဆုတောင်းလေနှာဘူးကောင် ပရမ်းပတာနဲ့ငါစဥ်းစားနေတာမင်းဖိတ်တာကိုသူကလက်ခံတယ်ဆိုတော့ နေ့လယ်ကြငါတို့နဲ့သူကမုန့်လာစားမှာပေါ့"
"အေးလေကွာ"
"သြော်သူ့သူငယ်ချင်းပါပါလာမှာလာ မင်းပြောတဲ့မနေ့ကကောင်မလေးဆိုတာ"
"အဲ့တာတော့ငါမသိဘူး သူလက်ခံတာပဲသိတယ် ဘာလဲမင်းကလူတောင်မမြင်ရသေးဘူး ငါပြောတဲ့ကောင်မလေးကိုစိတ်ဝင်စားလို့လာ"
"မဟုတ်ပါဘူး ရူပ်ရူပ်ရှက်ရှက်တေ ငါကသူ့သူငယ်ချင်းတေပါလာမှာလားသိချင်လို့မေးတာ"
"အေးပါအေးပါ ထားပါတော့"ထိုချိန်မှာပဲကျောင်းခေါင်းလောင်းထိုးတော့သည်။
"တောင်...တောင် ...တောင် ...တောင် ..."ဆိုတဲ့အသံအဆုံးကျွန်တော်တို့အခန်းသို့အမြန်ပြေးကာ နိုင်ငံတော်သီချင်းဆိုဆရာမကိုနှုတ်ဆက်ပီးဘုရားရှစ်ခိုးကြသည် ။
ရှစ်ခိုးပီးနောက်ဆရာမမှ
"ကဲသားတို့သမီးတို့စာအုပ်ထုတ်ကြ ကဗျာဘက်ကိုအရင်လှမ်း"
"ဟုတ်ကဲ့ပါဆရာမ"ဆိုတဲ့ကျောင်းသားတေရဲ့အသံဆုံးမှာစာဆက်သင်တော့သည်။
ဒုတိယအချိန်ဟာ ဘောဂဗေဒအချိန်ဖစ်ပီး
တတိယအချိန်ကတော့ ဓာတုဗေဒအချိန်ပေါ့ဗျာ ပြောရမယ်ဆို ကျွန်တော်တို့ပျော်ရမဲ့နံပါတ်လေးအချိန်ရောက်လာပီပေါ့ဗျာ လေးချိန်ကရူပဗေဒလေ ဆရာမစာသင်သံအဆုံးမှာပဲကျောင်းခေါင်းလောင်းလေးထိုးခဲ့ပီး
"တောင်...တောင်...တောင်...တောင်... "ဆရာမကိုနှုတ်ဆက်ပီးမုန့်စျေးတန်းသွားဖို့ ကျွန်တော်တို့သုံးယောက်ထွက်လာခဲ့သည်။
"ဟေ့ကောင် မင်းကဘယ်မှာစောင့်မယ် ပြောထားတာလဲ"
"အော်ပထမဆုံးမြင်ရတဲ့မုန့်ဆိုင်မှာ စောင့်နေမယ်ပြောထားတာကွ"
"ငါကတော့ဆာနေပီဟာ"
"နေပါဦးဟ ခဏလေးစောင့်ပေးပါဦး သူတို့ကအပေါ်ထပ်ကဆင်းလာရတာလေ"
"အေးလေ ခဏစောင့်ပေးလိုက်ပါနန္ဒာရာ ကြာသွားရင်တော့ငါတို့ကလစ်မှာနော်"
" အေးပါကွာ အောဟောဟိုမှာလာပီ ဘေးမှာလဲနှစ်ယောက်တောင်"ကောင်းသန့်ပြောလို့ကျွန်တော်လှမ်းကြည့်လိုက်တဲ့ချိန် ကျွန်တော်အသက်ရူသံတေပါမှားသွားသလားပဲ ချစ်ဖို့ကောင်းလိုက်တာ ရီနေတာလေးက ကျွန်တော့်အသက်ဝိညာဥ်ကိုစုတ်ယူသွားသလိုပဲ သွားတက်လေးတေပေါ်အောင်ရီနေတဲ့သူလေးက ကျွန်တော့်နှလုံးသားကိုခုန်စေဖို့တန်ပါတယ်လေ
"ဟေ့ကောင်မော်ကွန်း မင်းဘာတေအဲ့လောက်ကြည့်နေတာလဲသူများကို ဟေ့ကောင်မော်ကွန်း"
"ဟမ် အေးသားရီးဘာဖစ်လို့လဲ"
"မင်းဘာလို့သူများကိုအဲ့လောက်စိုက်ကြည့်နေတာလဲလို့ မေးနေတာဟ"
"ချစ်ဖို့ကောင်းလို့"
"မင်းဘာပြောလိုက်တာလဲ"
"အော်ဘာမှမဟုတ်ပါဘူး မိတ်ဆပ်ပေးဦးလေငါတို့နဲ့"ကျွန်တော်ပြောလိုက်တော့နှင်းဆီဆိုတဲ့ကောင်မလေးက
"ဒါကကျွန်မသူငယ်ချင်းတေပါသူက ခိုင်စံပယ်တဲ့သူကတော့မြတ်ရိပ်ကျော်တဲ့ ကျွန်မကတော့နှင်းဆီပါတွေ့ရတာဝမ်းသာပါတယ်ရှင့်"အော်မြတ်ရိပ်ကျော်တဲ့လာချစ်စရာလေးပါကွာ
"ဟုတ်ကဲ့အကိုတို့လည်းတွေ့ရတာဝမ်းသာပါတယ်နော်"ဆိုပီးကျွန်တော်လက်လှမ်းတော့ ကျွန်တော့်ကိုကြောင်တောင်တောင်လေးကြည့်နေကာ လက်လှမ်းပေးလာသည့်အကောင်ပေါက် အသဲတေပါယားလိုက်တာဗျာ
" လာကြ မုန့်သွားစားကြမယ်"
"ညီလေးတို့ညီမလေးတို့ဘာစားမလဲ အကိုဝယ်ကျွေးမယ်"
"ဟုတ်ကျေးဇူးတင်ပါတယ် ညမကရွှေရင်အေးပဲသောက်တော့မယ်"
"ညမရောပဲ"
"ကျွန်တော်လဲအာ့ပဲသောက်မယ်ဗျ"
"ဟေ့ကောင်မော်ကွန် မင်းရောရွှေရင်အေးပဲလာ"
"အဲ့ရွှေရင်အေးက ငါ့ရှေ့ကရွှေရင်အေးလောက် အေးမြမှာမို့လို့လာ"
"မော်ကွန်းရေ မင်းဘာပြောနေတာလဲ မကြားရဘူးဟ နန္ဒာရောဘာစားမလဲ"
"ငါသင်ဘောသီးထောင်းစားချင်တယ်"
"Okokငါဝယ်ပေးမယ် မော်ကွန်းမင်ဘာစားမှာလဲလို့"
"နန္ဒာနဲ့တူတူပဲဝယ်ခဲ့ကွာ မင်းတော်တော်စကားများတယ်"
"အဲ့ဆိုခဏစောင့်ကြဦးနော် အကိုပြန်လာခဲ့မယ်နော်"ထိုသို့ပြောကာ ကောင်းသန့်ထွက်သွားတော့ ကျွန်တော်ထိုကောင်လေးနားကပ်ကာ
"အကိုတို့နာမည်တောင် မမိတ်ဆက်ရသေးဘူး အကိုကမော်ကွန်း သူကနန္ဒာ ခုနကကောင်ကတော့ ကောင်းသန့်အကိုတို့တေ ခင်ခင်မင်မင်နေကြမယ်နော်"ကျွန်တော်ပြောတော့ကောင်လေးကပြုံး၍ခေါင်းငြိမ်ပြသည် အိုဟိုအပြုံးလေးကချိုလိုက်တာဗျာ အဲ့အချိန်ပဲကောင်လေးရဲ့ပါးစပ်ဖျားက
"ဟုတ်အကို ညီလေးတို့ကိုလဲများကြီးခင်လို့ရတယ်ရော"
"မောင်လေးကချစ်စရာလေးပဲ ညမလေးတို့ရောပဲ အမသူငယ်ချင်းကိုခဏခေါ်မယ်နော် လာမော်ကွန်း"ထိုသို့ ပြုံးပြ၍ပြောသည့် နန္ဒာဆွဲရာနောက်ကျွန်တော်ပါသွားသည်။
"ဟဲ့မော်ကွန်းနင်မရိုးဘူးနော် ငါခုနတည်းကကြည့်နေတာ နင်ဟိုကောင်လေးကို ကြည့်တဲ့အကြည့်ရောပြောတဲ့အပြောတေရော လုံးဝမရိုးသားဘူး"
"ဟာဘာမရိုးသားတာပါလို့လဲ ရိုးရိုးသားသားပါပဲဟ ငါကခင်ချင်လို့လေ"
"သေချာလာ ပုံမှန်ဆိုနင်လူရူပ်တာတောင်မကြိုက်တာကို
အခုက နင်အီစီကလီလုပ်နေတာနဲ့တောင် ပိုတူနေပီးတော့"
"မဟုတ်တာဟာ ဟိုမှာကောင်းသန့်လာပီ"ကျွန်တော်တို့မုန့်တေဝိုင်းသယ်ပေးပီး ကလေးတေကိုပေးလိုက်ကာမုန့်စျေးတန်းမှ စကားတပြောပြောနဲ့ ပြန်လာခဲ့သည်။မုန့်စားလို့ပီးမှနှုတ်ဆက်ကာ ထွက်သွားကြသည်။
ကျွန်တော်ကတော့ အကောင်ပေါက်တို့မြင်ကွင်းကပျောက်မှ အခန်းထဲဝင်လာခဲ့သည်။ကျောင်းခန်းထဲရောက်တော့လည်း ထိုအနှီးလူသားလေးအကြောင်းကို ကျွန်တော်တွေးနေမိသည်။အတွေးတို့နှင့်အတူ အပြုံးများဟာ မျက်နှာထပ်ပေါ်လာသည် ထင်ပါရဲ့ကျွန်တော်သူငယ်ချင်းတေက
"ဟဲ့ နင်ဘာတေပြုံးနေတာလဲ"
"ဟေ့ကောင် မင်းမုန့်စျေးတန်းမှာတည်းက မရိုးသားတာနော်"
"လာပြန်ပီနောက်တယောက် မရိုးသားစရာဘာမှမရှိဘူးဟ"
"သေချာလို့လားကွာ မင်းကြည့်ရတာထူးဆန်းနေတာကို"
"တကယ်ကွာ"
ထိုအချိန်ပဲကျောင်းခေါင်းလောင်းထိုးလာသည်
"တောင်...တောင်...တောင်...တောင်..."နန္ဒာလည်းသူ့နေရာသူပြန်သွားတော့သည် ဒီလိုနဲ့ပဲငါးချိန်ဖစ်တဲ့ သင်ချာဆရာမချိန်ကိုရောက်လာခဲ့သည်။ခြောက်ချိန်ကတော့ အင်ဂလိပ်ပေါ့။နောက်ဆုံးနှစ်ချိန်ကတော့ ကာယရဲ့ဂီတမို့အားနေကာအကုန်လုံးကစားနေကြပေမဲ့ ကျွန်တော်အတွေးများထိုအနှီးကောင်လေးရဲ့မျက်နှာလေးနဲ့အပြုံးလေးကိုတွေးရင်း ရုန်းမထွက်နိုင်သေး။တွေးနေတာ ဘယ်လောက်ကြာသွားလည်း ကျွန်တော်မသိ ကျောင်းလွှတ်ချိန်ရောက်လို့ ကျောင်းခေါင်းလောင်တောင်ထိိုးသွားပီ။
"တောင်...တောင်...တောင်...တောင်... "ဆရာမကိုနှုတ်ဆက်ပီးအတန်းထဲမှထွက်ကာ ပြန်ခဲ့ကြသည်။အိမ်တန်းပြန်သည်တော့မဟုတ် ဒီနေ့ကျူရှင်သွားရမည် ကျောင်းရှေ့ရောက်တော့ကောင်းသန့်က
"ခဏလေး နှင်းဆီကိုနှုတ်ဆက်ချင်လို့"
"ဟာနင်ကလည်း ကျူရှင်နောက်ကျဦးမယ်"
"စောင့်ပေးလိုက်ပါနန္ဒာရာ ခဏလေးပဲကို"
"အေးလေ မော်ကွန်းကမှသိတတ်သေးတယ်"
"သိတတ်တာပဲလား အကြံအစည်တခုခုရှိနေတာပဲလား ဆိုတာဘယ်သူကသိမှာလဲနော်"
"ပေါက်ကရတေပဲ ပါးစပ်ကထွက်နေသိလာနင်"
" ဟိုမှာလာပီ"
ကောင်းသန့်ပြောလို့ကြည့်လိုက်တော့ အပြုံးလေးတေဝေဆာနေတဲ့မျက်နှာလေးကို ကျွန်တော်တွေ့လိုက်ရသည်ကျွန်တော်...ကျွန်တော်ခဏတာရပ်တန့်သွားသည်က အမှန်ပါပဲ။ဘယ်လောက်ထိရပ်တန့်သွားလည်းမသိ ကောင်းသန့်မှကျွန်တော့်အားး
"မော်ကွန်းသားရီး အသက်ရှိသေးလာ"
"အင်း ရှိသေးတယ်"
"တော်သေးတာပေါ့ ညမတို့ကိုနှုတ်ဆက်မို့ အကိုတို့ကျူရှင်သွားရမှာဆိုတော့ အိမ်တူတူမပြန်နိုင်ဘူးလေ"
"ညမတို့ကိုလာ နှင်းဆီကိုလာ ရှင်းရှင်းပြောပါနော်"
"အောညမတို့ကိုလည်းဟုတ်သလို နှင်းဆီကိုရောပေါ့"
"မင်းသွားကြီးရှေ့ကျွတ်ထွက်သွားမယ် သိပ်မရီနဲ့"
"အေးလေး ဖြီးနေတာပဲနွား"နန္ဒာပြောတာကိုကြည့်ပီးရီနေတဲ့အကောင်ပေါက်လေးအား
"အိမ်သေချာပြန်နော် နောက်ကျောင်းပိတ်ရက်ကြရင်အကိုတို့အိမ်လာမယ် အကိုတို့ကိုဖိတ်မှာလာ"ထိုအခါအကောင်ပေါက်ကရီ၍
"ကျွန်တော့်အိမ်ကိုအကိုကသိလို့လားရော"
"အော်နှာဘူးတစ်ယောက်လုံးရှိတယ် မသိစရာမရှိဘူးလေ"ထိုသို့ပြောတော့ကောင်လေးကပြန်ပြောမယ်ကြံတုန်း ကောင်းသန့်ကတရူးရူးတရှဲရှဲဖြင့်
"ငါက ဘာကိစ္စပါလာတာလဲ"
"မင်းကလည်းကွာနေစမ်းပါဦး ပြောညီဆက်ပြော"
"ဟုတ်ကဲ့ပါဗျာ လာလည်ပါ အချိန်မရွေးလက်ခံပါတယ်ရော"
ကောင်လေးပြောတော့ ကျွန်တော်ရီပြကာ ခေါင်းငြိမ့်၍တုံ့ပြန်ခဲ့သည်
"အမယ်လေးနော် နှုတ်ဆက်ပီးရင်သွားကြမယ် ကျူရှင်နောက်ကြနေမယ် ဟိုကလေးမလေးရောပဲ အိမ်သေချာပြန်နော်"နန္ဒာကခိုင်စံပယ်ဆိုတဲ့ကောင်မလေးကိုပြောလိုက်တော့ထိုကောင်မလေးက
"ညမတို့လည်း ကျူရှင်သွားရမှာ နောက်ကျတော့မယ် သွားပီနော်အကိုတို့အမတို့ တာ့တာ"အကောင်ပေါက်လေးလည်းကျူရှင်တက်တာလား ခိုင်စပယ်ဆိုတဲ့ကောင်မလေး ထိုသို့နှုတ်ဆက်မှ ကျွန်တော့တို့သိရသည်သာဖစ်သည်။ဒီလိုနဲ့ပဲနှုတ်ဆက်ပီး ကျွန်တော်တို့လမ်းခွဲခဲ့ကြသည်။ပျော်တယ် ကျွန်တော်ဒီနေ့အရမ်းအရမ်းကိုပျော်နေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲသိတယ်ဗျာ။× × × × × ×
#သာသာဂျွန်
#29.2.2024

YOU ARE READING
ရင်ခုန်သံအစကျောင်းတော်က🏫
ActionIntro အချစ်ကိုမယုံကြည့်ခဲ့ဖူးတဲ့ကောင်လေးကကျောင်းမုန့်စားဆင်းချိန်ခဏတာတွေ့လိုက်ရတဲ့ကောင်လေးတယောက်ကိုချစ်မိသွားတဲ့အခါသူဘာဆက်လုပ်မလဲတချိန်တည်းမှာပဲတက်ရတဲ့ကျူရှင်ခြင်းပါတူနေတဲ့အခါဘာတေဆက်ဖစ်ကြမလဲ မော်ကွန်း ကျောင်းတက်- G12 မြတ်ရိပ်ကျော် ကျောင်းတက်- G11 အေ...