လူငယ်အုပ်စုလေးတစ်စုသည်စကားများပြော၍ငွေဝင်ပေါက်ကိုစဥ်းစားနေကြသည်။ထိုလူငယ်အုပ်စုတွင်မိန်းကလေးသုံးယောက်နှင့်ယောကျ်ားလေးငါးရောက်တို့ပါဝင်သည်။မေမျက်ဝန်း သည်ထိုလူငယ်များထဲကတစ်ယောက်ဖြစ်သည်။ထိုအချိန်မင်းခန့်ဆိုသည့်ကောင်လေးသည်ပြေး၍ဝင်လာပြီးအမောတကောနှင့်
"ငွေဝင်ပေါက်လားငါအကြီးကြီးရှာတွေ့ထားတယ် ဟောဟယ်.."
"မင်းဘာပြောနေတာလည်းတကယ်လားဘယ်လိုရှာတွေ့တာလည်း"
"ဟိုဘက်နှစ်ရက်ကွပ်ကျော်မှာလေနတ်ဆရာတစ်ယောက်ရှိတယ်သိတယ်မလား"
"သိတယ်လျှာမရှည်နဲ့ပြော"
"မျက်ကလည်းစိတ်ကြီးပဲပြောမှာပါ"
မင်းခန့်သည် မျက် ကို မျက်နှာချိုသွေးလေသည်။
"ဒီလိုသူခုလက်ထောက်လိုနေတာ"
"အဲ့လူလိမ်ကလား"
ထိုစကားထွက်လာပြီးနောက်လူငယ်တို့ထံမှရယ်သံထက်လောင်ရယ်သံသည်ပျံ့လာတော့သည်။
"အေးပါဘယ်လိုပြောပြောအလုပ်ရှင်ကိုတော့မစော်ကားကြနဲ့ကွခုငါတို့ကိုသူကအလုပ်ခန့်မှာ"
မျက် စိတ်ဝင်စားသွားခဲ့သည်။သူသည်နတ်ဆရာတွေပရလောကတွေမယုံပါ။ရိုးရာအယူလည်းမရှိပါ။သို့သော်စိတ်ဝင်စားမိသည်။
"ဘယ်လိုသူကလက်ထောက်လိုတာဘာလည်းငါတို့ကိုခန့်မလို့လား"
"အင်းဟုတ်တယ် မျက် လေးရဲ့"
"ဒီအလုပ်ကငါတို့နဲ့ဘာဆိုင်လို့တုန်းသူကနတ်ဆရာရောင်ရောင် လူလိမ်ရောင်ရောင်ဟာကို လက်ထောက်တဲ့လား"
"လူလိမ်မှန်းသိတာတယ်" ဟုတစ်ယောက်ကကြားဖြတ်ပြောလေသည်။
"ဒါပေမဲ့ ငါတို့အလုပ်ရတယ်လေ သူလိမ်တာလေ ငါတို့ကဘေးက စီစဥ်ပေးရုံ လက်ထောက်လုပ်ပေးရုံ ဒီလောက်ပဲ"
"ဘယ်လောက်ရမှာလည်း"
"ဟီး အဲ့တာ ၅ သောင်းတစ်ခါသူလိမ်တာအဲနှင်တာလိုက်ပေးရင်၅သောင်းတော့ပြောတယ်"

YOU ARE READING
တတိယမျက်လုံး
Horrorမေမျက်ဝန်း နာမည်နဲ့လိုက်အောင်ထူးဆန်းမှုတွေရှိနေသူ သူရိန်စက္ကြာ ချမ်းသာသည့်နတ်ဆရာတစ်ဦးဖြစ်ပြီးလျှို့ဝှက်ချက်များသည့်လူတစ်ဦး fictional သာဖြစ်သည်။စာရေးသူ၏စိတ်ကူအတွေးနှင့်သာရေးသားခြင်းဖြစ်သည်။အဖွဲ့အစည်း၊လူနှင့်အရာအားလုံးသည်စိတ်ကူးသက်သက်သာဖြစ်သည်...