မကောင်းဆိုးဝါးနှိမ်နှင်းခြင်းအဖွဲ့ချုပ်(၁)

1 0 0
                                        

      မျက်သည်ညမအိပ်ရသည်မှာများ၍မျက်ကွင်းတို့ညိုနေသည်။အိမ်ငှားခအတွက်သူငယ်ချင်းတွေနဲ့အတူအချိန်ပိုင်းအလုပ်များမျိုးစုံအောင်လုပ်ရသည်ကြောင့်ပင်ဖြစ်သည်။ညအိပ်ပျော်သည့်အခါတွင်လည်းထူးဆန်းသည့်အိပ်မက်ကိုမက်သည်။ဒီနေ့ မျက်စာအုပ်တစ်အုပ်ဖတ်၍အိပ်ရန်ပြင်လေသည်။
      စာအုပ်ဖတ်ရင်း မျက်၏အမြင်အာရုံတို့သည်ဝေဝါးကာအိပ်မက်ကမ္ဘာသို့ရောက်သွားသည်။နေရာသည်လှပသည့်နတ်ဘုံပမာရှိနေသည်။နေရာတစ်ခုလုံးသည်အဖြူရောင်နှင့်ရွှေရောင်များနှင့်သာပြည့်နေသည်။မျက်ရှေ့သို့ဆက်သွားရာတံခါးတစ်ခါကိုတွေ့လေသည်။ထိုတံခါးကိုဖွင့်ရန်စိတ်ကတိုက်တွန်းနေသည်။တံခါးကိုဖွင့်လိုက်သည့်အခါအလွန်ကြီးမားသောမျက်လုံးတစ်ခုကိုဖြူလွန်းသည့်ငှက်တောင်ပံတို့ကဝန်းရံလျက်မျက်ကိုကြည့်နေသည်။မျက်ကောင်းကင်ပေါ်တွင်မြောလွင့်ရင်းနဖူးမှာအနည်းငယ်လှုပ်ရှားမှုရှိသလိုပင်ဖြစ်လာသည်။ထို့နောက်မျက် မျက်ဖြူလန်ကာတတိယမျက်လုံးမှာနဖူးတွင်ပွင့်လာပြီး မျက်နှိုးလာခဲ့သည်။မနက်ရောက်ပြီဖြစ်ပြီးအိပ်မက်မှာရှည်လျားနေသည်။
       ပတ်ဝန်းကျင်သည်ကျေးငှက်သံများဖြင့်ဆူညံလျှက်သာ။သို့သော်မျက်ကြိုက်သည်။အိမ်တွင်တစ်ယောက်တည်းဖြစ်၍လမ်းထိပ်သို့ထွက်လာခဲ့သည်။ 24 hours စတိုးဆိုင်တွင်အအေးဝယ်ပြီးထိုင်သောက်နေသည်။ထိုချိန်ကားတစ်စီးရှေ့မှာလာပိတ်ရပ်၍ကားပေါ်မှစက္ကြာဆင်းလာသည်။မျက်အံသြ၍သာကြည့်နေမိသည်။
       "ကောင်မလေးဘယ်လိုလည်းဟိုနေ့ကကိစ္စတွေအပြီးမင်းအိပ်ပျော်ရဲ့လား" ဟုပြော၍ဆွဲဆောင်မှုရှိစွာပြုံးလိုက်သည်။
       "ဂလု ရှင်အဲ့နေ့ကတစ်ယောက်မလားဟုတ်တယ်မလား"
       "မှတ်မိတာပဲ ငါဘီယာလာဝယ်တာသောက်ဦးမလား"
       "ဟမ် အာ ဟင့်အင်းတော်ပြီကျွန်မ"
       "ဒါဆိုလည်းကောင်းပါတယ် အာမင်းငါ့ကိုမေးစရာရှိမယ်လို့ငါထင်တာဘာမှလည်း မမေးပါလား"
       "အာ ဟုတ်တယ်မေးစရာမေးစရာတွေရှိတယ်အများကြီးပဲကျွန်မ.."
       စကားမပြီးခင်မှာပင် စက္ကြာသည်မျက်၏နဖူးမှဆံစကိုဖယ်၍ နဖူးကနဖူးကိုလက်ဖြင့်စမ်းလေသည်။ထိုအချိန်ပင်သူ့၏လက်သည်လျှပ်တို့ခံရသူပမာစူးခနဲဖြစ်၍နဖူးမှလက်ကိုဖယ်လိုက်သည်။မျက်သည်ရုတ်တရတ်နဖူးကိုင်ခံရသည့်လန့်၍ကြောင်သွားသည်။ထို့နောက်အနောက်သို့ဆုတ်လိုက်ပြီးနဖူးကိုကာလိုက်သည်။
        "မကောင်းဆိုးဝါး တာဆိုသေလောက်တဲ့လျှပ်တို့ချက်ပဲ"
        "ရှင် မဟုတ် မဟုတ်သေးပါဘူးကျွန်မတို့အဲ့လောက်သိတဲ့ဆက်ဆံရေးမဟုတ်ဘဲ နဖူးကိုဘယ်လိုလုပ်ကိုင်ရတာလည်း"
        "ထားလိုက်ပါလေဘီယာကအရေးမကြီးဘူးခုမင်းသိချင်တာတွေပြောဖို့အဆင်ပြေတဲ့နေရာသွားရမယ်မင်းလိုက်ခဲ့မလားဒီနားကမလုံခြုံဘူး"
        "ခဏလေးနေစမ်းပါဦးရှင် ဟ ရှင်ကျွန်မပြောတာမကြားချင်ယောင်ဆောင်နေတာလား"
        "ဟင်း ငါမင်းပြောတာကိုကြားတယ်ဒါပေမဲ့အရေးမကြီးဘူးမင်းခုသိချင်ရင်လိုက်ခဲ့အနောက်ကနေကားပေါ်ကို"
        "ဟ "
        "မြန်မြန်လေ come on girl "
        "စောင်ကျင့်မကောင်းတဲ့ကောင်"
ဟုမျက်စိတ်ထဲတွင်ဆဲလိုက်သည်။ထိုစကားကိုစက္ကြာမကြားလိုက်သည်မှာကောင်းသည်။

တတိယမျက်လုံးWhere stories live. Discover now