ဝိဥာဥ်နှင်ပွဲနှင့်စတင်ဖြင်း(၄)

2 0 0
                                        

 
      "အား..အထဲမှာသရဲမ သရဲမ"နတ်ဆရာလူလိမ်သည်အိမ်ထဲမှပြေးထွက်လာပြီးအရူးတစ်ယောက်လိုအော်ဟစ်ပြေးလေသည်။စက္ကြာသည်ထိုအရာကိုမြင်၍
      "ဒုက္ခ အထဲမှာကြာပန်းနံ့ရနေပါလား"မျက်၏ကြာပန်းရနံ့သည်ပြင်းထန်ကာစက္ကြာကိုအလန့်တကြားဖြစ်စေသည်စက္ကြာအိမ်ထဲပြေးဝင်သွားသည့်အခန့်ထင်သည့်အတိုင်း မျက်သည်သရဲမ၏ခြောက်လန့်မှုခံနေရလေသည်။စက္ကြာအသင့်ဆောင်ထားလေ့ရှိသောဘုရားကပ်ထားသောအမွှေးတိုင်မှရသည့်ပြာဖြင့်ပတ်လိုက်လေသည်။ သရဲမထံမှအော်သံကျယ်ကြီးထွက်လာလေသည်။

"ဟ ဘယ်လိုလည်းငါရဲ့ဘုရားကအမွှေးတိုင်ပြာမှုန့်တွေက အင်း.. မင်းမျက်နှာကတော်တော်ကိုပျက်နေပြီပဲ လက်လျှော့လိုက်တော့"
"နတ်ဆရာ ပေါက်လေးပါလားသူမပြီးရင်နင့်ကိုစားပေးမယ်လေအလကားပိတောက်နံလည်းငါကြိုက်ပါတယ်"
"ဟွန့် မင်းကအခွင့်အရေးကိုလက်လွတ်တာပဲရတယ်လေ"
       ထိုအချိန်မျက်သည်လက်တွင်ယူလာသည့်ဆန်ဖြင့်သရဲမကိုပတ်ကာစက္ကြာရှိသည့်ဘက်သို့ပြေးလေသည်။
       စက္ကြာအံသြမိသည်။တတိယမျက်လုံးသည်တကယ်ကိုစွမ်းလွန်းသည်ပင်။သာမာန်လူတစ်ယောက်သာဆန်နှင့်ဝိဥာဥ်ဆိုးကိုပတ်လျှင်ဘာမျှဖြစ်မည်မဟုတ်။သို့သော်တတိယမျက်လုံးသည်ဘာမှမကျင့်ကြံခဲ့သော်လည်းပိုင်ရှင်ကိုစွမ်းအားပေးလေသည်။

"ရှင်ပဲ"
"ဟ မင်းမှတ်မိပြီဘဲ"
"အား... မင်းတို့နှစ်ယောက်ကပူပေါင်းတယ်ပေါ့လေ"
"

ဟ ပူးပေါင်းတယ်ငါကတသ်ယောက်ထဲပဲလှုပ်ရှားကတာကိုကြိုက်တာမင်းဒီတိုင်းထွက်ရင်ထွက်မဟုတ်ရင်ငရဲသွားရမယ်"
"နင်လိုကောင်ကိုကြောက်မယ်ထင်နေလားဟီဟီဟီ"
"ကောင်းပြီလေ"
         စက္ကြာသည်အသင့်ဆောင်ထားသောပရိတ်ရေကိုထုတ်ကာ
        "အရဟံ" ဟုရွတ်၍ပရိတ်ရေကိုပတ်လိုက်ကာလက်အုပ်ချီ၍အာရံုံစိုက်ကာလက်အုပ်မှအလင်းတောက်လာပြီးပတ်လိုက်သည့်ပရိတ်ရေသည်အိမ်နေရာအနှံ့ပျံ့ကာဝိဥာဥ်ဆိုးပေါ်သို့မိုးရေပမာကျလေသည်
       "အား....မလုပ်နဲ့"ဟုဆိုသောအသံနက်ကြီးထွက်လာပြီးဝိဥာဥ်ဆိုးသည် မျက်နှင့်မျက်လုံးချင်းဆုံကာ
       "ဟာ"မျက်ဝိဥာဥ်သည်လွင့်ခံရသလိုဖြစ်ကာအဖြစ်အပျက်အချို့ကိုမြင်လေသည်။တစ်စက္ကန့်ခန့်မျှအကြာသာဖြစ်ပြီးစက္ကြာကသူမကိုကြည့်​နေလေသည်။
        "ဟောဟယ်ဟောဟယ်"
        "မင်းအဆင်ပြေရဲ့လား"
        "အင်းခု ခုဏက သူအကြောင်းတွေမြင်လိုက်ရတယ်"
        "ဘယ်လို အင်းထားလိုက်ပါတော့ သူမကိုနှိုးကမယ်"
        ခုဏကသရဲပူးနေသည့်ကောင်းမလေးသည်ကြမ်းပြင်တွင်ခွေခွေလေးလဲကျနေသည်။ခဏအကြာသူမသည်သတိရလာသည်။
        "အားဘာဖြစ်သွားတာလည်းခေါင်းကိုက်လိုက်တာ"
        "မင်းဝိဥာဥ်ပူးခံရတာ"
        "ရှင်ဘာ ဘာကို"
        "စိတ်မပူပါနဲ့အခုအဆင်ပြေသွားပါပြီအမ"
        "မင်းဘာတွေလုပ်ခဲ့တာလည်းသာမာန်ဆိုအဲ့လိုအကောင်မျိုးကဒီနေရာမှာမရှိသင့်ဘူး"
        ကောင်မလေးစက္ကြာအပြောကြောင့်ခဏတွေဝေကာ
        "ကျွန်မလွန်ခဲ့တဲ့တစ်ပတ်လောက်ကသူငယ်ချင်းနဲ့ camp ထွက်ခဲ့တာအဲ့ကနေထူဆန်းတဲ့ပုံနဲ့ကျောက်တုံးကိုကောက်ခဲ့မိတာ"
        "အဲ့တာခုဘယ်မှာလည်း"
        "ဟိုဘက်ကဘူးထဲမှာပါ"
        "အင်းလူပုံံစံကျောက်တုံးပဲသူကဒီကနေပါလာတာပဲ"
        "ရှင်အဲ့တာအဲ့တာဆိုခု"
        "မရှိတော့ဘူးငရဲရောက်သွားပြီမင်းစိတ်ပူသရာမလိုတော့ဘူးစိတ်မရှိရင်ငါဒါကိုယူသွားလို့ရမလား"
        "ရပါတယ် ကျွန်မဒါကိုမထားရဲဘူးကြောက်တယ်သရဲရှိနေနေမရှိနေနေယူသွားလို့ရပါတယ်"
        "ကောင်းပြီလေပြန်ခွင့်ပြုပါဦး"
        "ခဏလေးပါဆရာကျွန်မဝိဥာဥ်နှင်ခက"
        "မလိုပါဘူးကျွန်တော်ကစေတနာနဲ့ပါဒါဆိုခွင့်ပြုပါ"
        "ကျေးဇူးပါဆရာကျေးဇူးပါ"
        မျက်သည်အနောက်လိုက်၍ထွက်လာသည်။မျက်အတွက်အားလုံးကအထူးအဆန်းပေ။
        "ဒီမှာ"
        "မင်းမေးစရာတွေများနေမယ်ဆိုတာငါသိပါတယ်ဒါပေမ်ခုဒီကျောက်တုံးကိစ္စကအရေးကြီးတယ်နောက်မှမင်းကိုရှင်းပြမယ်"
        "ဟုတ်တယ်မေးစရာတကယ်များတယ်စိတ်လည်းရှုပ်တယ်ကြောက်လည်းကြောက်တယ်ခုဏကမြင်ကွင်းတွေကောအားလုံးပဲ"
        "နောက်မှတွေ့တာပေါ့"
        "ရှင်ကျွန်မတို့ဘယ်လိုတွေ့"
        "ဘယ်လိုတွေ့မယ်ဆိုတာအရေးမကြီးပါဘူးနောက်ပိုင်းထက်တွေ့ရမှာကံကြမ္မာပဲ အင်းဒီစကားကိုမယုံခဲ့ပေမယ့်နောက်မှတွေ့မယ်"
        ထိုအချိန်စက္ကြာ၏ကားရောက်လာလေသည်။ကားထဲတွင်ဦးသိန္ခပာလာသည်။သူသည်သေချာမပြောနိုင်ပေမယ့်တတိယမျက်လုံးသည်စက္ကြာနဲ့အတူရှိသည်ကိုတွေ့နေရသည်။
        "ဒါဆိုနောက်မှပေါ့ မင်းကိုတော့လိုက်ပို့မအားလို့သိတ်မရှိပါနဲ့"
        "ရပါတယ် "
        "သခင်လေးအဲ့တာတတိယမျက်လုံးပိုင်ရှင်မိန်းကလေးမလား"
        "အင်းဟုတ်တယ်"
        ဦးသိန္ခသည်စက္ကြာကိုနားမလည်နိုင်သည့်ပုံသံနဲ့ကြည့်နေသည့်အတွက်
        "ဘာမှမဖြစ်တော့ပါဘူးသူသရဲစားခံရမလိုဖြစ်နေတာကျွန်တော်ကကယ်ပေးလိုက်တာဒါပါပဲခုတော့ဌာနချုပ်ကိုတာမောင်းပါတော့"
        
        မျက်သည်ထွက်သွားသည့်ကားကိုသာငေးကြည့်ကျန်ခဲ့တော့သည်။စိတ်ထဲတွင်လည်းဘာဖြစ်မှန်းမသိအောင်ရှုပ်ထွေးနေလေသည်။ဖြစ်ပျက်မှုသည်လူ့လောက၏အမြန်ဆုံးအရာပင်ဖြစ်နေလေသည်ကိုသူနားလည်လိုက်မိသည်။
        နောက်ထပ်နားလည်လိုက်သည်မှာအိမ်ငှားခကိုနောက်နေ့မှတစ်ခုခုကြံရန်ပင်ဖြစ်သည်။   
      
        အိမ်ပြန်အရောင်တွင်မျက်သည်အဖြစ်အပျက်တို့ကိုသူငယ်ချင်းတို့ထံပြောပြသည့်အခါအကုန်လုံးသည်အံ့သြ၍မျက်ကိုစိုးရိမ်ကြသည်နောက်ဒီအလုပ်မလုပ်ရန်လည်းပြောကြသည်။
        ညအိပ်သည့်အခါမျက်သည်အမှန်ပင်ကြောက်လန့်တုန်းဖြစ်နေသည်။အိပ်မရပေ။ထိုနေ့ကတွေ့ခဲ့သည်လူနှင့်ထပ်တွေ့ချင်မိသည်။မျက်ကိုသူပြောပြမည့်အကြောင်းတို့ကိုသိချင်မိသည်။မျက်သည်တောက်ပစွာထွန်းလင်းနေသည့်လမင်းကိုကြည့်ကာအတွေ့နယ်ခဲ့လေသည်။

        စက္ကြာအိပ်၍မရပေ။ညနေကတွေ့ခဲ့သည့်တတိယမျက်လုံးပိုင်ရှင်ကောင်မလေး၏ထူးဆန်းမှုတို့ကိုစဥ်းစား၍ဝိုင်ကိုအရသာခံကာသောက်နေလေသည်။
         "လမင်းကတောက်ပလိုက်တာနေမင်းမရှိခင်ပေးရတဲ့အလင်းပေါ့ ဟ"
        
         လမင်းတောက်ပမှုသည်လှပသလောက်သူတို့နှစ်ယောက်၏ကံကြမ္မာသည်ဆုံးဖြတ်မရပေ။

တတိယမျက်လုံးWhere stories live. Discover now