ဝိဥာဥ်နှင်ပွဲနှင့်စတင်ခြင်း(၃)

5 0 0
                                        

မျက် အိမ်ငှားခပေးဖို့လူလိမ်နတ်စရာထံတွင်ထပ်မံ၍လက်ထောက်အလုပ်ကိုလုပ်လေသည်။ထိုနတ်စရာနဲ့တော့သိပ်မျက်နှာကြောမတည့်ပေ။ထို့နောက်ထိုနေ့အတွက်ပထမဆုံးအလိမ်ခံရမည့်အိမ်သို့​ေရာက်လေသည်။
မျက်စိတ်တွင်ထူးဆန်းနေသည်။အိမ်ထဲသို့မဝင်ရန်စိတ်ကတားနေသည်ကိုခံစားနေရသည်။နတ်ဆရာကတော့အေးဆေးပင်။မျက်ကတော့တုန်လှုပ်မိသည်။တစ်ခုခုကဖြစ်လာတော့မည်မှာသေချာသလိုပင်။

"ကလေးမအိမ်ထဲဝင်မယ်လေဘာကြောင်ကြည့်"
"ရှင်ထူးဆန်းတာခံစားမိလား"
"ဘာကိုတုန်း သာမန်ပါဘဲ ဒီမှာသရဲဆိုတာတကယ်မရှိပါဘူးကွအဲ့တာငါတို့အဖို့ပိုက်ဆံရမယ့်အခွင့်လမ်းကောင်းသက်သက်ပဲ"
"ဝုန်း"
"အောင်မလေး"

"သြော် ဆရာတို့က..ရောက်ပြီလား"အမျိုးသမီးသည် မျက်ကိုတစ်ချက်သေချာကြည့်၍ လေးလံသောအသံဖြင့်ပြောလေသည်။ ထိုအသံသည်စကားပြောနေချိန်ပိတ်ထားသည့်တံခါးမှာရုတ်တရတ်ပွင့်သွားသည့်အတွက်နှစ်ဦးလန့်၍အာမေဋိတ်သံများထွက်လာလေသည်။မျက်အတွက်စိတ်မချမ်းမြေ့သလိုခံစားရသည်။
"အေးအေး ဒီအိမ်ကကလေးမလားဦးတို့ကိုဝိဥာဥ်နှင်ဖို့ခေါ်တာ"
"ဟင်း ဟုတ်ပါတယ်"တစ်ချက်မျှပြုံးပြီးပြောလိုက်လေသည်။
"ဝင်ပါ"
ဟုပြောကာအိမ်ထဲသို့ဦးဆောင်လေသည်။မျက်တို့ကနောက်ကလိုက်လေသည်။အိမ်ထဲတွင်မှောင်မဲနေလေသည်။အိမ်ရှေ့အလင်းဝင်ပြတင်းပေါက်ကိုလိုက်ကာဖြင့်ပိတ်ထား၍အလင်းသည်အနည့်ငယ်မျှသာရှိသည်။မျက်တို့ရောက်ဖူးသမျှအိမ်ထဲတွင်ဒီအိမ်သည်ခံစားမှုအဆိုးဆုံးဖြစ်သည်။အိမ်ထဲဟုအဟုအသံကြောင့်အမျိုးသမီးလေးကိုကြည့်လိုက်ရာကြောက်ဖို့ကောင်းစရာ​မြင်ကွင်းကို​မြင်လိုက်ရသည်။မိန်းကလေးသည်မျက်ဖြူလန်ပြီးခြေထောက်သည်လေပေါ်သို့ရွေ့သွားကာကြမ်းပြင်နဲ့နှစ်ပေကွာသွားသည်။မျက်နှာတွင်သွေးကြောလိုအမဲကြောင်းကြီးသည်ထင်လာသည်။ပါးစပ်မှလည်းကြောက်စရာအပြုံးမှာသွားအကုန်ပေါ်နေအောင်ပြုံးထားမျက်တို့နှစ်ယောက်အံ့သြကာလှုပ်မရတော့ပေ။အော်ဖို့သည်လည်းအားမရှိသလိုဖြစ်နေသည်။နတ်ဆရာလူလိမ်သည်လည်းမလှုပ်နိုင်သလိုဖြစ်နေသည်။ပြီးနောက်မှနှစ်ယောက်လုံးအလန့်ကြားတကြားပြေးပေါက်ရှာပြေးလေသည်။နတ်ဆရာသည်ပို၍လျှင်သည်သူဦးအောင်အပြင်သို့ထွက်ပြေးလေသည်။မျက်သည်ကျန်ခဲ့၏။တခါးမှထွက်တော့မည့်အချိန်ဝုန်းဆိုသည့်အသံနှင့်အတူတံခါးပိတ်သွားလေသည်။
မျက်သည်ထိုအမျိုးသမီးကိုတစ်ချက်ကြည့်ကာ
"ဟင်းဟင်း ဘာဘာတုန်းတံခ​ားဖွင့်ပေးလေ ဟင်းဟင်း"
"ဟီးဟီး နင်လိုလူတွေကငိုတတ်တာလားအံသြစရာပဲ"
"...."
"ငါမြင်ရတယ်နင့်ကို ဟင်း နင့်အနံကမွှေးတယ် ငါစားမယ်လေရတယ်မလား ဟားဟားဟီဟီး"
မျက်လန့်နေသည်။အမျိုးသမီး၏ရယ်သံကကြောထဲစိမ့်ဝင်သွားသလိုပင်။ထို့နောက်သူမသည်ဟိုနတ်ဆရာလူလိမ်ရဲ့အိတ်ကိုလျှောက်စမ်းရင်ဆန်အချို့ကိုသရဲမထံသို့ပစ်လိုက်လေသည်။
"အား......"
သရဲမထံမှအသံနက်ကြီးပေါ်လာလေသည်။မျက်သည်အခွင့်ကောင်းစောင့်၍ပြေးလေသည်။အခန်းတစ်ခုထဲ၌လော့ချ၍ပုန်းနေသည်။
"ပုန်းတယ်ပေါ့လေ ရတယ်လေ တူတူပုန်းတမ်းပေါ့လေဟီဟီးဟီးဟီး မတွေ့စေနဲ့နော်လုံအောင်ပုန်းထားတစ်တော့တစ်တော့"
ဟုပါးစပ်မှရည်ရွတ်ရင်းရှာလေသည်။မျက်နှာသည်ခုဏကထက်ပင်ပိုဆိုးလားသည်။အသားတို့သည်မီးလောင်ပမာဖြစ်နေသည်။လန်တက်နေသည်ယပါးစပ်သည်ရွဲကျကာနေသည်။
"တွေ့ပြီ ဟင့်မဟုတ်ဘူးဘဲ ဟီးဟီး မြင်ရတယ်နော်ခြေထောက်ကိုတွေ့ပြီ"
သူမ၏​ကောက်စရာကောင်းသည့်အသံကြီးနှင့်အတူမျက်သည်ပုန်းနေသည့်အခန်းမှတရွတ်တိုကဆ်ွဲခေါ်လာခံရသည်။မျက်အလန့်တကြားအော်ငိုလေသည်။ထို့နောက်လက်တွင်ပါသည့်ဆန်ကိုထပ်မံပစ်ရန်ကြိုးစားချိန်သရဲမသည်လက်ကိုဖမ်းကိုင်ကာညစ်လိုက်ပြီး
"ဟီးဟီး မရဘူးလေ နင်ဒီတစ်ခါတော့ငါအစာပဲ အား........ အဟအဟ ဘယ်သူငါ့ကိုနှေက်ယှက်တာလည်းသေချင်လို့လား"
သရဲမမျက်နှာသည်ပို၍ပင်ဆိုးလာသည်။သူ့ကိုနှောက်ယှက်သူကိုလှည့်လိုက်သည့်အခါ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်အနောက်တိုင်းစတိုင်နှင့်လူခန့်တစ်ယောက်ဖြစ်နေလေသည်။
"ဟ ဘယ်လိုလည်းငါရဲ့ဘုရားကအမွှေးတိုင်ပြာမှုန့်တွေက အင်း.. မင်းမျက်နှာကတော်တော်ကိုပျက်နေပြီပဲ လက်လျှော့လိုက်တော့"
"နတ်ဆရာ ပေါက်လေးပါလားသူမပြီးရင်နင့်ကိုစားပေးမယ်လေအလကားပိတောက်နံလည်းငါကြိုက်ပါတယ်"
"ဟွန့် မင်းကအခွင့်အရေးကိုလက်လွတ်တာပဲရတယ်လေ"
သူတို့စကားအခြေအတင်ပြောနေချိန်မျက်သည်ဆန်ဖြင့်ပေါက်ကာထိုနတ်ဆရာငယ်နောက်တို့ဝင်ပုန်းလေသည်။ထိုသူ့စီမှာပိတောက်နံ့ကတကယ်ပင်ရသည်။မျက်မှတ်မိပြီထိုသူဟိုတစ်နေ့ကတွေ့သည့်တစ်ယောက်ပင်။
"ရှင်ပဲ"
"ဟ မင်းမှတ်မိပြီဘဲ"
"အား... မင်းတို့နှစ်ယောက်ကပူပေါင်းတယ်ပေါ့လေ"

တတိယမျက်လုံးWhere stories live. Discover now