"မကြီးရာရာရယ် ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
"ဒါဆို ကျွန်မသားလေးကိုထားခဲ့မယ်နော်''
''ကလေးကို မနှုတ်ဆက်တော့ဘူးလား?''
''နေပါစေတော့ မကြီးရာရာရယ် လတိုင်းလာနေမှာပဲကို''
"ဒါနဲ့ သားလေးနာမည်က ဘယ်လိုခေါ်လဲ?"
"ဟာမိုဏီပါ"
နူးအိအိဆိုဖာပေါ်မှာ ကျက်သရေရှိစွာ ခြေချိတ်ထိုင်နေတဲ့
မမရာဆိုတဲ့အမျိုးသမီးဟာ နှုတ်ခမ်းပါးမှာ ဆိုးထားတဲ့ နီရဲရဲနှုတ်ခမ်းနီနှင့် လိုက်ဖက်ပါပေတဲ့။''ကလေးက မိခင်နို့တောင်ပြတ်သေးရဲ့လားမသိဘူး မကြီးရာရယ်...''
"မိဘကမှအသုံးမကျတာ ဒေါ်ထားရယ် မွေးလာတဲ့ကလေးရဲ့ကံပေါ့''
စိတ်ထားကောင်းတဲ့ အိမ်အကူဒေါ်ထားရဲ့ရင်ထဲမှာ ဂရုဏာစိတ်လေးဝင်လာတော့သည်။ဟာမိုဏီရဲ့ အမေက မုဆိုးမတစ်ယောက်ဖြစ်ပြီး သူမရဲ့သားကို မကြီးရာရာဆီခဏအပ်ထားသည်။မကြီးရာရာကလည်း မုဆိုးမတစ်ယောက်မို့ သနားစိတ်ဝင်ကာ ခဏခေါ်ထားပေးခြင်းဖြစ်သည်။
...................
လတိုင်းလာမည်လို့ပြောခဲ့သည့် ကလေးငယ်၏မိခင်မှာ သုံးလကျော်တဲ့အချိန်ထိ တစ်ကြိမ်တစ်ခါမှ ရောက်မလာခဲ့။"ကလေးကို စွန့်ပစ်ခဲ့ပြီထင်ပါရယ်...''
''လိုက်ပူဆွေးမနေပါနဲ့ ဒေါ်ထား''
''ဒေါ်ဒေါ်ထား သနားလို့ပါ"
"ရာဇဧက!''
၃နှစ်သာသာရှိသေးတဲ့ကလေးလေးတစ်ယောက်က ဖားသေးသေးလေးတစ်ကောင်ကို တုတ်တစ်ချောင်းနဲ့ အချက်ပေါင်းများစွာ ထုကြိတ်နေသည့်မြင်ကွင်းကြောင့် မိခင်ကြီးရာရာမှာ ထိတ်တလန့်လန့်။
''ရာဇဧက အဲလိုမလုပ်ရဘူးလေ''
ဖားလေးမှာ ဖားရုပ်ပင်မထွက်တော့ချေ။
''ရာဇ မေမေ့နားကိုလာပါအုံး''
လှုပ်တုတ်လှုပ်တုတ်နှင့် လျှောက်လာသည့် ရာဇက တစ်ကယ်ပင် ချစ်စရာကောင်းလှသည်။
''အမလေး!''
ဖားတစ်ကောင်ကို ခြေကနေဆွဲကာ မကြီးရာရာရှေ့ မြောက်ပြလိုက်သောကြောင့် လန့်သွားလေသည်။
YOU ARE READING
Harmony's