Part 3

597 13 3
                                    

တက္ကသိုလ်ဝန်းအတွင်း ဝင်လာသည့် Lamborghini Veneno ကားတစ်စီး။မြန်မာနိုင်ငံတွင်မရှိသလောက်ရှားပါးသည့် ကားအမျိုးအစားလည်းဖြစ်သည်။‌အပေါ်
ထောင်တက်သွားသည့် ကားတံခါးနှင့်အတူ ထိုကားပေါ်မှ ဆင်းသက်လာသည့် ရာဇဧက။
တက္ကသိုလ်ကျောင်းသားတိုင်းက ရာဇကို သိသိသာသာ မသိသိမသာမသာ မခို့တရို့ကြည့်ကြသည်။

ရာဇဧကရဲ့ မာမီက ရာဇ၁၀နှစ်အရွယ်မှာ နောက်အိမ်ထောင်ပြုလိုက်သည်။နောက်အိမ်ထောင်က မြန်မာနိုင်ငံသားမဟုတ်ပဲ ဒူဘိုင်းက သူဌေးတစ်ယောက်ဖြစ်သည်။မာမီကလည်း နဂိုကတည်းက မြန်မာနိုင်ငံမှာဆို ချမ်းသာတဲ့အဆင့်အတန်းထဲက ပါပေမယ့် နောက်အိမ်ထောင်ပြုလိုက်တော့ ငွေကိုရေလို သုံးလို့ရတဲ့အခြေအနေထိပါပဲ။

ဒူဘိုင်းက ပထွေးကလည်း သူ့အပေါ်တော့ကောင်းရှာသား။တစ်ပတ်ခန့်ကပင် သူ့အတွက် ကားတစ်စီးပို့ပေးလိုက်တာ။

..............................
ဒီနေ့မှာ ထူးခြားစွာနဲ့ပင် ရာဇဧကကို ဟာမိုဏီတက်‌နေသည့် တက္ကသိုလ်မှာတွေ့လိုက်ရသည်။အရင်နေ့တွေ့မှာလည်း ရာဇဧက ကျောင်းတက်ချင်တက်မှာဆိုပေမယ့် ဟာမိုဏီက အခုမှရိပ်မိသည်။ဟာမိုဏီသည်လည်း ပြင်ပလူတွေကို စိတ်ဝင်စားတဲ့သူမဟုတ်တာကြောင့် ပိုပြီး သတိမထားမိတာဖြစ်မည်။

စာတွေလေ့လာပြီးတော့ နောက်ထပ်တစ်နာရီကြာတွင် အားကစားလုပ်ဖို့အချိန်ရောက်လာသည်။ပုံမှန်နေ့ဆို သူဟာ အားကစားအချိန်တွေကို မတက်ပေမယ့် ဒီနေ့တော့ ထူးထူးခြားခြားတက်ဖို့လုပ်လိုက်သည်။

...................
တိုက်ကွန်ဒိုဆရာက ဒီနေ့မှာ စွမ်းရည်စမ်းသပ်ပွဲကို ကျင်းပပေးသည်။သည်ခန်းမထဲက အမြန်ဆုံးထွက်ပြေးချင်စိတ်တွေပေါ်လာတော့သည်။

"ဒီထဲမှာ ဘယ်သူအရင် ယှဉ်ပြိုင်ချင်သလဲ?"

"‌ဆရာ!"

ဗလတောက်တောက်ကောင်လေးတစ်ယောက်က လက်ညှိုးထောင်ကာ ယှဉ်ပြိုင်ချင်ကြောင်းပြသည်။

"ကဲ...ဒါဆို သားကဘယ်သူနဲ့ ယှဉ်ပြိုင်ချင်လဲ? ကိုယ်နိုင်မယ်ထင်တဲ့သူကို ခေါ်ထုတ်"

"ဟိုတစ်ယောက်"

ဟာမိုဏီဘေးက ကောင်လေးတစ်ယောက်ကို လက်ညှိးထိုးပြသည်။

Harmony's Where stories live. Discover now