တက္ကသိုလ်အုပ်ရဲ့သားနာမည်က မိုးသားမောင်တဲ့။ဟာမိုဏီရဲ့ အားလပ်အချိန်တိုင်း လိုက်နှောက်ယှက်နေသည့်တစ်ယောက်ပေါ့။
ဒီနေ့လည်း ထိုကောင်လေးဟာ ရောက်လာခဲ့သည်။"ဟင်းချိုလည်းမရှိပါလား? ဒါနဲ့တွဲစား"
ဟာမိုဏီစားနေသည့် ထမင်းချိုင့်ထဲသို့ သူသောက်နေသည့် အအေးကို လောင်းထည့်လိုက်၏။
"မင်း!"
"မင်း! ဘာမင်းလဲ? နတ်မင်းလား?....ကျုပ်နာမည်ကိုမှတ်ထား မိုးသားမောင်တဲ့"
"........"
"နာမည်ရှည်နေရင် မောင်လို့ တစ်လုံးတည်းခေါ်"
မိုးသားမောင်သည် သူ့ဖုန်းကိုဖွင့်ကာ ဟာမိုဏီကိုဓာတ်ပုံတစ်ပုံပြသည်။
"ဒါလေးကို onlineပေါ်တင်လိုက်ရမလား?"
မိုးသားမောင်ပြသည့် ဓာတ်ပုံလေးက ဟာမိုဏီရဲ့ အင်္ကျီမပါသည့်ဓာတ်ပုံတစ်ပုံ။ဟာမိုဏီရဲ့ ပုံအစစ်မဟုတ်ပေမယ့် ဟာမိုဏီပုံကိုယူကာ editလုပ်ထားသည်။ခေါင်းပေါ်တွင်လည်း ကြောင်နားရွက်ပုံစံ ဘီးကုတ်လေးပါပါသည်။ထိုပုံဟာ ဘယ်လိုမှ ကြည့်ချင်စရာမကောင်းသလို ရှက်စရာလည်းကောင်းနေသည်။
"ဘယ်လောက်တောင် sexy ကျနေသလဲ?"
"မင်း! အဲဒီပုံကိုဖျက်လိုက်စမ်း!"
"ဘယ်လိုလေသံနဲ့ပြောနေတာလဲ ဒီလိုလေးပြော'မောင်နော် ဘေဘီပုံကိုဖျက်ပေးလို့ 'အဲလိုလေးပြော"
ဟာမိုဏီကို ဒီလိုမျိုးဆက်ဆံတာ ဟာမိုဏီအရမ်းရှက်မိသည်။ကြောက်လဲကြောက်သည်။ယောက်ျားလေးတစ်ယောက်ဆိုပေမယ့် သူဟာ တစ်ခြားသူတွေနဲ့မတူတဲ့ အားနည်းသည့် ယောက်ျားလေးတစ်ယောက်ဖြစ်၏။
"ဒီမှာလည်းရှိသေးတယ် ဒါက Video"
ထိုဗီဒီယိုဟာ ပို၍ပင်ရှက်စရာကောင်းသေး၏။
ဟာမိုဏီသည် တုန်ရီနေသည့်နှုတ်ခမ်းပါးကို ကိုက်ကာ သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ထားသည်။ဟာမိုဏီသည် ယောက်ျားတန်မယ့် မျက်ရည်တစ်စက်ပါးပေါ်ကျသွားလေ၏။မိုးသားမောင်သည်လည်း ခဏကြောင်အသွားရ၏။
YOU ARE READING
Harmony's