#Unicode
ရာသီအလီလီ အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာပြီး ဟာမိုဏီဟာလည်း လူပျိုလေးဖြစ်လာခဲ့သည်။ဟာမိုဏီဟာ ယခုအချိန်တွင် တက္ကသိုလ်ကျောင်းသားဘဝရောက်ရှိလာခဲ့သည်။ဟာမိုဏီသည် ကျောင်းခဏခဏနားခဲ့ရတာကြောင့် ပုံမှန်သူတွေထက် အသက်ရွယ်ကြီးမှ တက္ကသိုလ်ကိုရောက်သည်။
"ဟာမိုဏီ မေမေသွားတော့မယ်နော်"
"သားလိုက်ပို့ရမလား?"
"ရပါပြီအမေ့သားလေးရဲ့ မေမေကိုယ်တိုင်ပဲသွားတော့မယ်နော်"
ချစ်ရပါသော ဟာမိုဏီရဲ့မေမေသည် ဈေးထိပ်တွင် ဆိုင်သေးသေးလေးဖွင့်ကာ စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာသည်။
ဟာမိုဏီသည် ကျောင်းတစ်ဖက်နှင့်မို့ အချိန်ပိုင်းအလုပ်သာလုပ်ရသည်။ထိုအချိန်ပိုင်းအလုပ်ကလည်း ကျောင်းစရိတ်ကို အထောက်အပံ့ဖြစ်စေသည်။လိုအပ်သည့် စာအုပ်စာတမ်းများကို ဟောင်းနွမ်းနေသည့် အိတ်လေးထဲထည့်ကာ မေမေသွေးပေးထားသည့် သနပ်ခါးလေးကို ပါးပါးလေးလိမ်းကာ ထွက်လာသည်။မလိမ်းရင် မေမေစိတ်ဆိုးလိမ့်မည်။အိတ်ဘေးအနည်းငယ်ပေါက်နေသည့်အတွက် မေမေကိုယ်တိုင်ချုပ်ပေးထားသည်။ကျောင်းနှင့်အိမ်က ဝေးသည့်အတွက် ဟာမိုဏီအတွက် ခက်ခဲလွန်းသည်။တိုင်စီခနဲ့ စားသောက်စရိတ်နဲ့ပေါင်းရင် သူရသည့်လစာနှင်ပင် ညီမျှတော့မည်။
ကျွန်တော်က ဆင်းရဲသည့် အတန်းစားတွင်ပါသော်လည်း မေမေက မျက်နှာမငယ်ရအောင် ကျောင်းအကောင်းစားမှာထားပေးသည်။
ကျောင်းဝင်းအတွင်းဝင်သည်နှင့် မြင်နေရသည့် မျက်နှာမျိုးစုံနှင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ။ဟာမိုဏီဟာ အဖော်မက်သည့်သူမဟုတ်သလို ၊အပျော်ပါးမက်သည့်သူလည်းမဟုတ်ပါ။လောကဓံတရားကို ငယ်ငယ်ကတည်းက ဖြတ်သန်းလာရသည့်သူဟာ အခြားသူတွေနဲ့ကွာခြားကာ သီးသန်ကွဲပြားနေသည်။
တက်ရမည့်အတန်းအတွင်းဝင်ထိုင်ကာ စာအုပ်လေးကိုဖွင့်ကာ ဖတ်နေမိသည်။တစ်ခြားသူတွေလည်း စကားလာမပြောသလို သူသည်လည်း တစ်ခြားသူတွေကို စကားသွားမပြောပါ။
YOU ARE READING
Harmony's