အချိန်ပိုင်းအလုပ်တွေတစ်ခုပြီး တစ်ခုရှာပေမယ့် ဟာမိုဏီရဲ့ အချိန်နှင့်တိုက်သည့်အလုပ်ကရှားသည်။ဘယ်လိုမှတတ်မနိုင်သည့်အဆုံး night clubတစ်ခုမှာ waiterဝင်လုပ်သည်။မေမေသာ သိရင်ဆူမှာသိပေမယ့် ဟာမိုဏီမျက်နှာပြောင်တိုက်ပြီး ဝင်လုပ်သည်။အလုပ်က အခြေအနေမဆိုးသလို တစ်ခါတစ်လေမုန့်ဖိုးလေးပေးခဲ့ကြသေးသည်။
အလုပ်ချိန်ပြီးသွားသည့်အချိန်မှာ ကိုယ်လက်သန့်စင်နေတုန်း သူ့ဘေးကိုရောက်လာသည့် ယောက်ျားလေးတစ်ယောက်။
"ရာဇဧက"
ရာဇဧကက မေမေ့ကိုပြောပြဖြစ်မှာတော့ မဟုတ်ဘူးမလား။
ရေစိုနေသည့်သူ့ရဲ့လက်ကိုခါထုတ်ကာ တိတ်ရှူးကိုယူကာ သုတ်လေသည်။မျက်နှာမှာစင်သွားသည့် ရေစက်တွေကို ဟာမိုဏီစိတ်ရှုပ်စွာသုတ်လိုက်မိသည်။
"ခင်ဗျားမျက်နှာကဘာဖြစ်တာလဲ! မင်းအမေကိုတိုင်မှာဆိုးလို့လား?"
မျက်လုံးပြူးတူးပြဲတဲနှင့် ရာဇကိုကြည့်လာသည်။
*ဘာလဲ? သူဒီအတိုင်းစ'လိုက်တာက မှန်နေတာလား? စိတ်ဝင်စားစရာပဲ*
"ရာဇ အမေ့ကိုတော့ပြန်မတိုင်ပါနဲ့နော်"
ဟာမိုဏီအနားတိုးကပ်ကာ
"မတိုင်စေချင်ရင်...."
"ကောင်းပြီ ..ဒီနေ့တစ်နေ့ပဲမဟုတ်လား"
ရာဇက ခေါင်းငြိတ်ပြ၏။
ရာဇဧကက ဟာမိုဏီကို သူ့ရဲ့ရည်းစားအဖြစ်ဟန်ဆောင်ခိုင်းသည်။အကြောင်းပြချက်က သူ့သူငယ်ချင်းတွေကို စ'ချင်လို့ပါတဲ့။
"မင်းအင်္ကျီလဲလိုက်အုံး"
ရာဇက ဟာမိုဏီကိုဆွဲပြီး သူ့သူငယ်ချင်းတွေဆီခေါ်သွားသည်။
"ဟျောင့် အဲဒါဘယ်သူလဲ?"
ရာဇဧကရဲ့ ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ထဲမှ တစ်ယောက်က မေးလာသည်။
"ဟာမိုဏီတဲ့ ငါ့ကောင်လေး.. "
ရာဇဧကရဲ့ သူငယ်ချင်းတွေက ပါးစပ်အေဟာင်းသားဖြစ်ကာ အံ့ဩနေကြ၏။
"ဒါက ကိုယ့်သူငယ်ချင်း ရှိန်းတဲ့ ဟိုတစ်ယောက်က အာကာ၊ ဒီတစ်ယောက်ကတော့ အခြောက်မ သမူပိုင်"
YOU ARE READING
Harmony's