ဂျေးထိုကောင်လေးအား ကြည့်နေမိသည်မှာ အချိန်ဘယ်လောက်ကြာသွားသည်မသိ ဂျိတ်ခ်နိုးလာမှသာသတိပြန်၀င်လာသည်။ ထိုကောင်လေးသည်ရုတ်တရက်မို့ ဂျေးဘာမျှတောင်မမေးရသေးဘဲ ရှက်ရမ်းရမ်းကာ...။
"ကျုပ်အိမ်မှာ ခင်ဗျားတစ်ခုခုဖြစ်ပြီး သေမှာစိုးလို့"
ထိုအခါ ဂျေးသည်မျက်နှာကိုပြုံးစိစိလုပ်ကာ..။
"ကိုယ်လည်းမမေးမိပါဘူးနော်"
ထိုသို့ပြောတော့ကောင်လေးသည် စူးစူးရဲရဲစိုက်ကြည့်ကာ အဖြေပြန်မပေးနိုင်သဖြင့် အခန်းထဲမှထွက်သွားတော့သည်။ နေတောင်ထွက်နေလေပြီ။ ဂျေးလည်း တစ်ချက်ပြုံးကာ ကိုယ်ပူလည်းကျသွားပြီမို့ ကုမ္ပဏီသွားရန်ပြင်ဆင်တော့သည်။ အလုပ်မှာ တစ်ရက်ဆိုတစ်ရက် အလုပ်တွေပုံတတ်သည်လေ။ ဒီနေ့တော့စောစောသွား၍ စောစောအိမ်ပြန်ချင်ပါသည်။ ထို့ကြောင့် suit တစ်စုံကောက်စွပ်ကာ အောက်ထပ်သို့ဆင်းလာသည်။
အိမ်ရှေ့တွင် ဖုန်းပြောနေသော ကောင်လေးအား နှုတ်ဆက်ချင်သော်လည်း အရေးကြီးသည့်ဖုန်းဖြစ်မည်ထင်သောကြောင့် မနှုတ်ဆက်ဘဲထွက်လာလိုက်သည်။ ကုမ္ပဏီရောက်မှ ဖုန်းဆက်တော့မည်။ သို့သော် ကောင်လေးသူသွားသည်ကိုသိမှာပါ။
နေ့လည် ၂ နာရီ။
ဂျေး၏ project အတွက်ငွေအလုံးအရင်းကို သူ့တွင်ရှိသော သေဆုံးသွားသောဖခင်ဖြစ်သူ၏ကုမ္ပဏီစာချုပ်ထဲမှ ထုတ်ခဲ့သည်။ ထိုငွေတွေသုံးရသည်ကို မသတီပေမဲ့ ယခုအခြားနည်းလမ်းမရှိ။ ထိုလူ့အကြောင်းတွေးမိသည်နှင့် ဂျိတ်ခ်နှင့်ဟိုအမျိုးသမီး၏ပုံရိပ်များ ပြန်မြင်ယောင်လာသည်...။ ဂျေး မျက်လုံစုံမှိတ်ကာ ခေါင်းအားခါရမ်း၍ အလုပ်ထဲအာရုံပြန်နှစ်လိုက်သည်။ ထိုအချိန် ဗိုက်ထဲမှ စူးကနဲအောင့်လာသည်။ အခုတလော ဂျေးဗိုက်နာသည့်အကြိမ်ပေါင်းများနေလေပြီ။ သို့သော်လည်း အလုပ်သရဲမို့ ထိုအရာတွေကိုဂရုမစိုက်သည့်အလား စာချုပ်စာရင်းများထဲခေါင်းနှစ်ထားတော့သည်။
YOU ARE READING
𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡
Fanfictionကောင်ငယ်လေးရဲ့ နှလုံးသားတံခါးက ကျွန်တော့်အတွက် မဖွင့်ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။