"သမီးလေး"
သူမ အိမ်အပြင်သို့ထွက်ရန်ပြင်နေစဥ် သူမ၏ဖခင်ခေါ်သံကြောင့် တစ်ချက်ပြုံးကာ ဖခင်ဖြစ်သူ၏အနား၌ ထိုင်လိုက်သည်။
" ပြောလေ ဖေဖေ"
ထိုအခါ သူမ၏ဖခင်သည် သူမ၏ခေါင်းလေးအားခပ်ဖွဖွပုတ်၍....။
"ဘယ်သွားမလို့လဲ သမီးလေး"
ယွန်းအာသည် သက်ပြင်းသားမသိမသာချကာ သူမ၏ ဖေဖေ ဆိုသူအား ခပ်လေးလေးပြုံးပြလိုက်သည်။
"ကို့ ရဲ့ အမျိုးသား ပတ်ခ်ဂျုံဆောင်းက သမီးကိုတွေ့ချင်တယ်လို့ ပြောတယ်ဖေဖေ။ သမီးရဲ့အတွင်းရေးမှူးဆီးကိုဆက်သွယ်လာတယ်တဲ့"
သူမသည် သူမ၏ဖခင်အား မ၀ံ့မရဲကြည့်လိုက်မိသည်။
"သွားတွေ့လိုက်ပါ သမီးလေး။ သူ့မှာလည်း ပြောစရာတွေများနေမှာပေါ့။ ဒါပေမဲ့....ဖေဖေသမီးကိုပြောထားတဲ့အတိုင်း သူတစ်ခုခုပြောလာရင် စိတ်ကျေနပ်တဲ့အထိတောင်းပန်လိုက်နော်။ ဖေဖေတို့က...မှားထားတဲ့သူတွေမလား"
ယွန်းအားသည် အပြုံးပွင့်လှလှလေးဖြင့်ပြုံးကာ ခေါင်းညိမ့်ပြ၍...။
"စိတ်ချပါဖေဖေ။ သမီးအခုကစပြီး သူများအိမ်ထောင်ရေးထဲ၀င်မရှုပ်တော့ပါဘူး။ ဖေဖေ့သမီးပါ ဖေဖေရဲ့။ စိတ်ချပါ...သမီးသွားပြီးနော်"
ဥက္ကဌယွန်းသည် သူမ၏သမီးလေးအား သူကိုယ်တိုင်လမ်းမှားသို့ရောက်အောင်ပို့ခဲ့မိသော်လည်း အရမ်းမလွန်ခင် လမ်းမှန်သို့ရောက်အောင်ပို့နိုင်ခဲ့ချေပြီ။
¤¤¤¤¤¤¤☆☆☆☆☆☆☆☆☆¤¤¤¤¤¤¤¤
"ဒီက...ပတ်ခ်ဂျုံဆောင်းလားမသိဘူးရှင့်"
ရုတ်တရပ်ကြားလိုက်ရသော မိန်းကလေးတစ်ယောက်၏အသံကြောင့် မော့ကြည့်လိုက်မိသည်။ ဒီမိန်းကလေးသည် ယွန်းအာဆိုသည့်သူဖြစ်မည်ထင်သည်။
"အာ...ကျွန်မနာမည်ကယွန်းအာပါ"
သေချာသွားမှသာလျှင် ဂျေးသည်တစ်ချက်ပြုံးပြကာ...။
"ထိုင်ပါ"
ထိုမိန်းကလေးသည် သူ့အားပြုံးပြကာ နှုတ်ဆတ်နေခဲ့သည်။ သူထင်သလိုဟုတ်မနေခဲ့သောကြောင့် ဂျေးနည်းနည်းတော့အံ့အားသင့်မိလေသည်။
YOU ARE READING
𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡
Fanficကောင်ငယ်လေးရဲ့ နှလုံးသားတံခါးက ကျွန်တော့်အတွက် မဖွင့်ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။