ဂျိတ်ခ်အိမ်ပြန်ရောက်ချိန်တွင် ဧည့်ခန်းအတွင်းမည်သူမျှမရှိသည်ကြောင့် ဂျေးအိပ်နေသည်မှန်းသိလိုက်သည်။ ထို့ကြောင့် အပေါ်ထပ်သို့တက်ကာ သူ၏အခန်းမျက်စောင်းထိုးရှိ အခန်းတံခါးဝရှေ့၌ရပ်လိုက်သည်။ ဂျိတ်ခ်ယခုတလောထူးဆန်းနေမှန်း သူ့ကိုယ်သူသေချာသိပါသည်။
ထို့ကြောင့် တံခါးခေါက်ရန်ပြင်နေသောလက်သည် လေထဲတွင်ရပ်တန့်သွားကာ ထိုတံခါးလေးအားလျစ်လျူရှု၍ သူ၏အိပ်ခန်းဆီသို့သာ ၀င်သွားခဲ့သည်။
ထိုညတွင် တစ်ဖက်က ဂျေးမှာတော့ ဗိုက်နာသည့်အရှိန်ဖြင့်နှစ်ခြိုက်စွာ အိပ်ပျော်နေနိုင်သော်လည်း တစ်ဖက်ကကောင်လေးမှာတော့ ဝေခွဲရခက်မှုတွေကြား မိုးလင်းသည်အထိအိပ်မပျော်နိုင်ခဲ့ပေ။
ဂျေးတစ်ယောက် ဒီမနက်ရှစ်နာရီတွင် အိပ်ယာနိုး၍ကုမ္ပဏီသွားရန်ပြင်ဆင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။ microwave ထဲတွင်သူထည့်ပေးထားသော curry ဘူးလေးမှာယခုတိုင်ရှိနေသော်လည်း ဂျိတ်ခ်အိမ်သို့ပြန်လာမှန်းသိပါသည်။ ဂျိတ်ခ်အတွက်မနက်စာပြင်ပေးချင်ပါသော်လည်း ဒီနေ့သည်ဂျေးအတွက် အလွန်အလုပ်များမည့်နေ့ပင်။
ထို့ကြောင့် စာရွက်အပိုင်းလေးပေါ်တွင် စာလေးချန်ကာထွက်လာခဲ့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဂျိတ်ခ်သည် မွန်းတဲ့အချိန်မှနိုးလာကာ စိတ်လန်းစေရန် ရေမိုးချိုး၍ အဖြူရောင်လက်ပြတ်တစ်ထည်နှင့် အနက်ရောင်ရှော့ပန်တစ်ထည်ကိုသာ ကောက်စွပ်ထားလိုက်သည်။ ထို့နောက် ဖုန်းစခရင်တွင် ပေါ်လာသော contact name တစ်ခုနှင့် ၀င်လာသောဖုန်းကောလ်။
ဂျိတ်ခ်အမှန်တိုင်းပြောရရင် သူမြင်ချင်နေသည် နာမည်မဟုတ်ပါ။ သို့သော်လည်း ဖုန်းအားကိုင်လိုက်သည်။
"ဟယ်လိုကို နိုးပြီလား"
ယွန်းအာ။ သူထင်ခဲ့သည်သူမဟုတ်ခဲ့...။ ထို့ကြောင့် သက်ပြင်းအားခိုးချကာ....။
YOU ARE READING
𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡
Fanfictionကောင်ငယ်လေးရဲ့ နှလုံးသားတံခါးက ကျွန်တော့်အတွက် မဖွင့်ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။