ဒီနေ့ ဂျေးနားချင်တာကြောင့် အိမ်မှာဘဲနေမည်ဖြစ်သည်။ အခုမနက်စောစောထ၍ ဂျေးမီးဖိုချောင်ထဲ၀င်ကာ မနက်စာများပြင်နေပြီဖြစ်သော်လည်း အအိပ်ကြီးတဲ့ထိုကောင်လေးကတော့မနိုးသေး။
မနက်စာကို ထူးထူးခြားခြားမပြင်ဆင်တော့ဘဲ ခေါက်ဆွဲကြိုက်တဲ့ကောင်လေးအတွက် ခေါက်ဆွဲပြုတ်ကိုသာပြင်ဆင်ထားသည်။ သူ့အတွက်ကတော့ ရိုးရိုးပေါင်မုန့်ပါဘဲ။ အခုတလော ဗိုက်နာသည့်အကြိမ်ရေမှာပိုများလာ၍ သောက်နေကျ ကော်ဖီတောင်သောက်လို့မရတော့။
ခေါက်ဆွဲပြုတ်အဆင်သင့်ဖြစ်သည်နှင့် ဂျိတ်ခ်အားနိုးရန် ဂျိတ်ခ်၏အခန်းရှေ့သို့သွားလိုက်လေသည်။
"ဒေါက်..ဒေါက်..ဒေါက်"
ဂျေးတံခါး ခေါက်နေသော်လည်း အခန်းတွင်းမှတုံ့ပြန်မှုတစ်စုံတစ်ရာမရှိသောကြောင့် လော့ခ်မချထားသောတံခါးလေးအားဖွင့်၍ ၀င်သွားလိုက်သည်။
အခန်းတွင်းရှိ မွေ့ယာပေါ်တွင် အေးချမ်းစွာအိပ်ပျော်နေသောကောင်လေးသည် ပကတိ ငြိမ်းချမ်းလျက်။
ဂျေးပြုံးမိသွားပါသည်။ သို့သော် ဂျိတ်ခ်အားနိုးရမည်မလား။ ခေါက်ဆွဲပြုတ်တွေအေးသွားမှဖြင့်။ ထို့ကြောင့် ဂျေးသည် အသံကိုအတတ်နိုင်ဆုံးလျှော့ကာ ဂျိတ်ခ်၏မွေ့ယာပေါ်တွင် တင်ပါးလွှဲထိုင်လိုက်ပြီး...။
"ဂျိတ်ခ်...ထတော့လေ...ရှစ်နာရီထိုးပြီ။ ကိုယ် မင်းအတွက်ခေါက်ဆွဲပြုတ်ပေးထားတယ်"
ဂျိတ်ခ်က အအိပ်ဆတ်သူတစ်ယောက်မို့ ဂျေးအသံကြားရုံဖြင့်နိုးလာခဲ့သည်။
ဂျိတ်ခ်သည် နိုးနိုးချင်း မြင်တွေ့လိုက်ရသောအရာကို နည်းနည်းအထူးအဆန်းဖြစ်မိပါသည်။ အခု သူ့အခန်းထဲကို ဂျေးရောက်နေတာလား။
"မင်းပြောတော့ ကိုးနာရီကျရင် မင်းသွားစရာရှိလို့ဆို..အဲ့တာကြောင့်ပါ"
ဂျိတ်ခ်သည် ခေါင်းတစ်ချက်ငြိမ့်ပြကာ အိပ်ယာပေါ်တွင်ထိုင်လိုက်သည်။
YOU ARE READING
𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡
Fanfictionကောင်ငယ်လေးရဲ့ နှလုံးသားတံခါးက ကျွန်တော့်အတွက် မဖွင့်ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။