ဘယ်နှစ်လ ရဲ့ ဘယ်နှစ်ရက်မြောက်လဲ မသိပေမဲ့
ဂယူဗင်းအတွက်တော့ အတော်လေး
ပျင်းစရာကောင်းသော နေ့လည်ခင်း ဖြစ်ခဲ့တယ်။တီဗီက ထွက်လာသည့် အသံတွေကလည်း
ဂယူဗင်း အတွက်တော့ စိတ်ရှုပ်စရာ။
ကျောင်းပြန်ချိန်မဟုတ်ဘဲ လစ်လာတာဆိုတော့
ဂိမ်းတူတူဆော့ဖို့ သူငယ်ချင်းတွေကလည်း မရှိ။
အတော်လေးကို ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။
တံခါးခါက်သံ မထွက်လာခင်အထိပေါ့။ဒေါက် ဒေါက်!
ဂယူဗင််း မကြားချင်ယောင်ဆောင်ထားတယ်။
အိမ်ကလူသာဆို သော့ဖွင့်ပြီး ၀င်လာမှာ
သေချာတယ်။ တံခါးခေါက်တယ်ဆိုကတည်းက
သူစိမ်းပဲနေမယ်၊သူစိမ်းတွေနဲ့ ဆို ဂယူဗင်းက စကားမပြောချင်။ဒေါက် ဒေါက်!
အလျင်လိုနေတာမဟုတ်ဘဲ ဖြေးဖြေးမှန်မှန်လေး
ညင်သာလွန်းတယ်။ ထူးထူးဆန်းဆန်း
နားထောင်ကောင်းလို့ ဂယူဗင်းက ပေပြီး
ဆက်နားထောင်နေမိတယ်။ဒေါက် ဒေါက်!
ဒေါက် ဒေါက်!ဟာ တော်တော် ဇွဲကောင်းပါလား။
ပစ္စည်းတွေလာပို့တာလားဆိုပြီး ဂယူဗင်း
ထဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်၊
စိတ်ထဲမှာတော့ ဒယ်လီလာပို့တဲ့သူ
ဖြစ်မယ်လို့ မထင်။
သူတို့သာဆို ဖုန်းဆက်ရင်ဆက်၊မဟုတ်ရင်
အလောကြီး တံခါးခေါက်ကြမှာ။"ပြော ဘယ်သူကိုလာရှာတာလဲ"
အရှေ့က စာအုပ်အထူကြီး ပိုက်ပြီး
မျက်မှန်အပါးလေးတပ်ထားသည့်သူနဲ့ အသက်
သိပ်မကွာလောက်တဲ့ ကောင်လေးကို
အစုန်အဆန်အကဲခတ်မိတယ်။
ဂယူဗင်းရဲ့ ခပ်မာမာအသံကြောင့် တစ်ချက်တွန့်သွားပေမဲ့ ရှိန်ပြီး ကြောက်သွားတဲ့ ပုံလည်းမပေါ်။"ဟို စီနီယာ ကင်ဂျီအွန်း ရှိလား ခင်ဗျာ"
ကင်ဂျီအွန်း ဆိုတော့ သူ့အစ်ကို။ အစ်ကို
အသိဆို သေချာပေါက် စာဂျပိုး
ဆရာ၀န်တွေပဲဖြစ်မှာ။ အစ်ကိုဂျီအွန်း
သူငယ်ချင်းတွေကို ဂယူဗင်းမြင်ဖူးတယ်၊ဒါပေမဲ့
ဒီလို ပိန်ပိန်ပါးပါးလေးနဲ့ နိုင်ငံခြားသား
သူငယ်ချင်းမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။