ဒေါက်တာညီလေး ဆေးရုံအောက်ရောက်နေပြီ"
အလုပ်ဆင်းဖို့ လုပ်နေချိန် ရင်းနှီးနေသည့်
သူနာပြုမလေးတစ်ယောက်က
ချွမ်းရွေ့ကို စနောက်လာတယ်။
ဂယူဗင်းက နေ့တိုင်း သူ့ကိုလာကြိုပြီး
တစ်ခါတစ်လေဆို နေ့လည်စာနားချိန်တွေမှာတောင် လာတွေ့တတ်သေးတယ်။
ချွမ်းရွေ့တို့ ဆက်ဆံရေးကို ရိပ်မိနေသည့်
တချို့တွေက ဂယူဗင်းကို အစ်ကိုရူးရူးနေသည့်
ညီလေး အဖြစ် စနောက်လာတယ်။ချွမ်းရွေ့သည် ဓါတ်လှေကားကိုတောင်
မစောင့်နိုင်ဘဲ ခပ်သွက်သွက်လေး ပြေးဆင်းလာခဲ့တယ်။ ပိုတယ်ပဲ ပြောပြော၊သူကိုယ်တိုင်လည်း
ဂယူဗင်းကို တွေ့ချင်နေတာမလား။
ဒီကောင်လေးက သိသိသာသာရော၊မသိမသာပါ
ချွမ်းရွေ့ကို ရင်ခုန်အောင် လုပ်တတ်တယ်။
အခုခေတ်လူငယ်လေးတွေက ဒီလိုသွက်တာလားဆိုတာကို ပြန်စဥ်းစားယူရသည်အထိ။ချွမ်းရွေ့ဆို
ဂယူဗင်းအရွယ်တုန်းက စာပဲလုပ်နေခဲ့တာ။"ကိုကို"
ခပ်မြူးမြူးအသံလေးကြောင့် ချွမ်းရွေ့က ကိုယ်ရှိန်သတ်မိတယ်။ ဂယူဗင်းက အပြေးလာပြီး
ချွမ်းရွေ့ကိုယ်ကို လှမ်းဖမ်းတယ်။ တကယ်ဆို
လှမ်းဖမ်းစရာမှမလိုတာ၊သူက ခုန်ချတာလည်းမဟုတ်။ဒီတိုင်း လမ်းခပ်မြန်မြန်လျှောက်လာလို့ ကိုယ်ရှိန်သတ်ရုံလေးကို။"ဂယူဗင်း ရောက်နေတယ်လို့ ပြောလို့"
"ကျွန်တော်ရောက်နေလို့ ကိုကို ပြေးလာတာလား"
ဂယူဗင်းက မျက်မှောင်ကြုတ်ပါတယ်။တစ်ချိန်တည်းမှာပဲ ချွမ်းရွေ့ လက်ကိုတွဲလို့ ခပ်နှေးနှေးလျှောက်တယ်။
"ပြေးလာတယ်လည်း မဟုတ်ပါဘူး ဒီတိုင်းမြန်မြန်လျှောက်လာတာ"
ဂယူဗင်းက သက်ပြင်းခပ်သဲ့သဲ့ချတယ်။
"ဒီကိုကို နဲ့တော့ ခက်ပါပြီ၊ ကျွန်တော်က ကိုကို ကို့ ချွေးတောင်မထွက်စေချင်တာကို ကိုကိုက လမ်းတောင်မြန်မြန်လျှောက်လာလိုက်သေးတယ်
ခလုတ်တိုက်ပြီး ချော်လဲရင် ဘယ်လိုလုပ်မလဲ"