ဂယူဗင်းက တစ်ပတ်မှာ တစ်ခါလောက်တော့
ဆေးရုံကိုလာဖြစ်တယ်။အဲတာကလည်း ကိုကို
ဂျုတီရှိသည့် အချိန်တွေပဲ။လာပါများတော့
ကိုကိုနဲ့လည်း အရင်ကထက် ပိုရင်းနှီးလာတယ်။ တစ်ခုခုဆို လှမ်းမေးချင်လို့ဆိုကာ
ကိုကို ဖုန်းနံပါတ်လည်းလိမ်တောင်းထားလိုက်တယ်။
ကိုကိုကတော့ "စီနီယာက ငါထက် ပိုသိတယ်" လို့
ဆိုလာပေမဲ့ ဖုန်းနံပါတ်တော့ ပေးလာရှာတယ်။"ကင်ဂယူဗင်း ဒီနေ့လည်း ရန်ဖြစ်လာပြန်ပြီလား"
မျက်နှာပေါ်က ဒဏ်ရာတွေကိုကြည့်ရင်း ဆရာ၀န်လေးက မျက်မှောင်ကြုတ်တယ်။ ရန်ဖြစ်လာတာမဟုတ်ဘဲ ဆေးရုံလာချင်လို့ သပ်သပ်အထိုးခံခဲ့ကြောင်းကိုတော့ ဂယူဗင်းက ပြန်ဖြေမှာမဟုတ်။
"ကိုကို မကြိုက်လို့ ကျွန်တော် ရန်မဖြစ်ဘူးလေ၊
ဒါက ဒီတိုင်း အထိုးခံရတာ ကိုကို မျက်လုံးထဲမှာ လူဆိုးဆိုပေမဲ့ ကျွန်တော်က ကျောင်းမှာတော့
အနိုင်ကျင့်ခံနေရတာ"ဂယူဗင်းက တတ်နိုင်သမျှ မျက်နှာငယ်ထားတယ်။
ကိုကို မျက်နှာက ဂယူဗင်း အလိမ်အညာတွေကို
မယုံမှန်းသိသာတယ်။
ဂယူဗင်းကတော့ ဂရုမစိုက်ပါ။ ကိုကိုကို့
သူဘယ်လောက်ချစ်ကြောင်းတွေကိုပဲ
ယုံပေးရင်ရပြီလို့ တွေးထားတာဖြစ်တယ်။"ဆေးထည့်မယ် ပြီးရင် သူနာပြုအစ်မဆီမှာ
အကိုက်ခဲပျောက်ဆေးနဲ့ အယောင်ကျဆေး
ယူသွားလိုက် အိမ်ရောက်ရင်လည်း
ဆေးလိမ်းပေးဦး အမာရွတ်ကျန်မယ်"နှုတ်ခမ်းချွန်ချွန်လေးနဲ့ ပွစိပွစိတွေ ပြောနေတဲ့
ကိုကိုကဂယူဗင်းအတွက်တော့ ဖျစ်ညစ်စရာလေးပဲ။လက်ကလည်း ဂယူဗင်းကို ဆေးထည့်ဖို့ အလုပ်ရှုပ်နေပြန်တယ်။ကိုကိုက ဂယူဗင်း ဆေးရုံကို
လာတိုင်း စိတ်ရှုပ်သလိုအမူအရာပြပေမဲ့
သိသိသာသာမပြတာရယ်၊အရမ်းငြင်းဆန်ခြင်း
မပြုတာရယ်ကြောင့် ဂယူဗင်းက အခုလို
ခပ်ဆိုးဆိုးပြုမူနေတာ။"အ့ စပ်တယ် ကိုကို၊ မှုတ်ပေးပါလား"
ဂယူဗင်း ကိုငုံ့ကြည့်နေတဲ့ မျက်လုံးတွေ နဲ့
အောက်နှုတ်ခမ်းကို ခပ်ဖွဖွလေး ဖိကိုက်လိုက်တာကို အနီးကပ် မြင်ရတာ ဂယူဗင်းအတွက်တော့
ငရဲအသေးစားလေးပါပဲ။
တစ်ကိုယ်လုံး တောက်လောင်သွားသလို။