အပိုင်း (၁)

3K 22 1
                                    

အချိန်ကား ည ၁၁နာရီ ဝန်းကျင်ခန့်
မြိတ်-ထားဝယ် အမြန်လမ်းမတွင် ဖြစ်သည်။

"ကျွီ....ကျွီ....ဝှီးးးးး ဗောင်း ဖောင်းးး"
"အားးး အမလေးး.....အကိုရေ ကားက ဘရိတ်ပေါက်တာလား လုပ်ပါဦး သား သားတို့ရေ မကြောက်နဲ့နော် မေမေတို့ရှိတယ်နော်"
"အီးး ဟီးး မေမေရေ ကြောက်တယ်"
"အီးးး ဟီးး"

အရှိန်တခုနဲ့ သွားနေသော ဆလွန်းကားလေးက မှောင်နေသော အမြန်လမ်းပေါ်တွင် ဘရိတ်ရှုးပေါက်ကာ မြွေလိမ်မြွေကောက် လူးခါနေသည်။ကားလေးထဲရှိ မိသားစု လေးယောက်မှာလည်း ကားနံရံများနဲ့ ပစ်ရိုက်မိကာ နာကျင်နေကြပီဖြစ်သည်။ အဖေဖြစ်သူကတော့ ကားစတီယာရင်ကို အတတ်နိုင်ဆုံး ထိန်းမောင်းနေခဲ့ပေးမဲ့ သူ ထိန်းမရတော့ဘူးဆိုတာ သိနေခဲ့လေပီ။ အတတ်နိုင်ဆုံး အသက်သာဆုံးဖြစ်စေရန် ကားကို လမ်းဘေးရှိ သစ်ပင်တစ်ပင်ဆီသို့ ဦးတည်ခဲ့ပေမဲ့

"ဒုန်းး....အားးးးး"

ဆူညံသံတို့က တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့သည်။ ကားခေါင်းပိုင်းတခုလုံး မွကြေနေကာ ကုက္ကိုပင်ကြီးရဲ့ ပင်စည်မှာ စိုက်ဝင်နေခဲ့သည်။ ယာဉ်မောင်း နေရာမှာ ထိုင်နေခဲ့သည့် အမျိုးသားဖြစ်သူကတော့ သွေးသံရဲရဲနဲ့ သေဆုံးနေခဲ့ပီ ဖြစ်သည်။ အမျိုးသမီးဖြစ်သူက ညာလက်တဖက်လုံး မြှောက်မရတော့ဘဲ ခေါင်းမှာလည်း သွေးတွေ စိုရွှဲနေခဲ့ပေမဲ့ သတိမလစ်သေးပေ။ ဘေးနားက ယောကျာ်းဖြစ်သူကို လှုပ်နှိုးနေခဲ့ပေမဲ့ မနိုးလာခဲ့တော့ပါ။

"ကိုသက်ရေ ကိုသက် ထပါဦး အဟင့်ဟင့် သား သားလေးရေ"

ယောကျာ်းဖြစ်သူကို ဆုံးရှုံးလိုက်ရပီဆိုသော အသိနဲ့ လွန်စွာ ဝမ်းနည်းနေခဲ့ပေမဲ့ သားတွေကို ရှာရဦးမည်။ ဒေါ်မြကြေးမုံ ဒဏ်ရာတွေနဲ့ ပြည့်နေပေမဲ့ အားတင်းကာ ကားထဲက ထွက်နိုင်ရန် ကြိုးစားသော်လည်း မရ။ ထိုစဉ် ရွာသားအချို့ ရောက်လာကာ ကားပေါ်မှ လူတွေကို ကယ်ထုတ်ပေးကြသည်။

"သားရေ သားကြီး သားငယ် အဟင့်ဟင့်"
ယောင်္ကျားဖြစ်သူရဲ့ အသက်မရှိသော မျက်နှာကို ငေးကြည့်ရင်း သားတွေကိုလည်း ရှာနေခဲ့ရသည်။

‌လမင်း‌လေးရဲ့ နေမင်းကိုကိုWhere stories live. Discover now