"သား မင်းလည်း ဆယ်တန်းအောင်ပီးဆိုတော့ အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ်မှာ ဆက်တက်ရမယ်နော်"
"ဟုတ်ကဲ့ပါ မေမေ ကျနော်မရှိတုန်း ကျန်းမာအောင်နေပါနော်"
"အေးပါ သားကြီးရယ် မေမေ သားကိုမြင်တိုင်း သားငယ်လေးကို သတိရတယ်ကွယ် ဟင့်"ဒေါ်မြကြေးမုံက ဝှီးချဲပေါ်တွင်ထိုင်ကာ ဉာဏ်လင်းထက် နိုင်ငံခြားတွင် ကျောင်းသွားတက်ဖို့ကိစ္စပြောရင်း သားငယ်ဖြစ်သူ ဉာဏ်မင်းမြတ်ကို သတိရကာ ငိုနေပြန်သည်။ ကားအက်ဆီးဒင့်ကြောင့်ရော သားပျောက်သွားသည့်ဝမ်းနည်းမှုတွေပါ ပေါင်းကာ ဒေါ်မြကြေးမုံ တနှစ်နီးပါးမှ အိပ်ရာထဲလဲနေခဲ့သည်။ ကောင်းကောင်းသတိရလာတဲ့အချိန်ကျတော့ ခြေထောက်အောက်ပိုင်းသေတာလည်းမဟုတ်ဘဲ လမ်းမလျှောက်နိုင်သလို ချိနဲ့သွားကာ ဝှီးချဲနဲ့ သွားလာနေရတာ ဆယ်နှစ်နီးပါး ရှိနေပေသည်။ ယောကျာ်းက ဆုံး၊ သားက ပျောက်ရသည့် အပူမီးတွေနဲ့ ဒေါ်မြကြေးမုံ စီးပွားရေးကို ဦးဆောင် မလုပ်နိုင်သည့်နောက်ပိုင်း ညီမအရင်းဖြစ်သူ မြလေးနွယ်တို့ လင်မယားက ဦးဆောင်နေရသည်။ ဦးသက်ငြိမ် ရှိစဉ်တုန်းကလောက် စီးပွားရေးအခြေအနေက မတိုးတက်လာပေမဲ့ အရမ်းဆုတ်ယုတ်မသွားအောင်တော့ မတ်ဖြစ်သူ စိုင်းနောင်ထွန်းက စီမံအုပ်ချုပ်ပေးထားသည်။
"မေမေရယ် သားနဲ့လေးလေးတို့လည်း ညီလေးကို ရှာခဲ့ကြပါတယ် အက်ဆီးဒင့်ဖြစ်ခဲ့တဲ့နေရာမှာ ဘာမှ အစအနတောင် ရှာမရခဲ့လို့ပါ"
"ဟုတ်ပါတယ် မမကြီးရယ် ကျနော်လည်း အခုချိန်ထိ သတင်းအစအန ရလိုရငြား အဲ့ဘက်ကိုရောက်တိုင်း ကျနော်စုံစမ်းနေဆဲပါ တခုခု ထူးတာနဲ့ မမကြီးကို အသိပေးပါ့မယ်"ဉာဏ်လင်းထက်ရော ဦးစိုင်းနောင်ထွန်းကပါ ဒေါ်မြကြေးမုံကို စိတ်သက်သာရာရအောင် ဖျောင်းဖြနေပေမဲ့ မိခင်တယောက်ရဲ့စိတ်ကိုတော့ ဘယ်သူမှ စာနာနားလည်နိုင်မယ်မထင်ပါ။
"ဘာလို့ရဲဖြစ်ချင်ရတာလဲ လူလေးရယ်"
"ကျနော်လို ပျောက်နေတဲ့ ကလေးတွေကို ကူရှာပေးချင်တယ် ပီးတော့ ကျနော်က စုံစမ်းစစ်ဆေးရတဲ့ အလုပ်ကို သဘောကျတယ် အဖေရ"
"ဘာပဲဖြစ်ဖြစ်ကွာ မင်းကို တက္ကသိုလ် ပီးအောင်တော့ တက်စေချင်တယ် လူလေးရယ်"
"ကျနော် အဝေးသင်ဆက်တက်မှာပါ အဝေးသင်ကျတော့ တပတ်မှ နှစ်ရက်ပဲ တက်ရတာဆိုတော့ ကျနော်လည်း အဆင်ပြေတယ် ဒီရပ်ကွက်ထဲက ရဲစခန်းက စခန်းမှူး ဦးကြီးက ကျနော်နဲ့ ခင်နေတာ အဲ့ဒါသူပြောပြလို့ အဲ့လို လုပ်လို့ရတယ်ဆိုတာ သိလာတာ အဖေရ"
"ဟင် ကိုကိုက ရဲသင်တန်းသွားတက်ရင် ညီမလေးနဲ့ ခွဲရမှာပေါ့လို့"
"လမင်းကလည်း လပိုင်းလေးပဲ ခွဲရမှာပါ ပီးရင် ကိုကို ပြန်လာမှာပေါ့"
"ကဲ လူလေး မင်း ဒီလောက်ဆန္ဒရှိနေတယ်ဆိုလည်း ငါ စခန်းမှူးနဲ့ လိုက်တွေ့ပီး သေချာမေးဦးမယ်ကွာ အဆင်ပြေမယ်ဆိုရင်တော့ တက်ပေါ့"
YOU ARE READING
လမင်းလေးရဲ့ နေမင်းကိုကို
Lãng mạnငယ်စဉ်တုန်းက ကားအက်ဆီးဒင့်ကြောင့် အတိတ်မေ့ပီး အမြွှာအကိုနဲ့ ကွဲကွာခဲ့ရတဲ့ ဉာဏ်မင်းမြတ် တံငါသည်အဖေဖြစ်သူနဲ့သာ ပင်လယ်ကမ်းေခြက မြို့လေးမှာ ကြီးပြင်းခဲ့ရပီး နာမည်နဲ့လိုက်ဖက်အောင် ဖြူစင်သူလေး လမင်းဖြူ လမင်းဖြူရဲ့အဖေက ဘယ်ကမှန်းမသိတဲ့ အတိတ်မေ့နေတဲ့ ကောင...