အပိုင်း (၇)

283 7 0
                                    

နှစ်နှစ်ခန့်ကြာသော်.....

"လမင်း ငါတို့ နောက်တပတ်ထဲ  ကုလားကျွန်း ကို သွားကြမှာ နင်လိုက်မယ်မလား"
"ဟင့်အင်း ငါမလိုက်တော့ဘူး မယ်လေးရယ် အိမ်မှာ ဖေကြီး နေမကောင်းဘူးဟ"

လမင်းရဲ့ အခင်ဆုံးသူငယ်ချင်း မယ်ချေ က လမင်းဖြူကို ကမ်းခြေကို ခရီးထွက်ရန် အဖော်ဆက်နေခြင်းဖြစ်သည်။ လမင်း သူငယ်ချင်းတွေနဲ့ ပျော်ပါးသွားလည်ချင်ပေမဲ့ အဖေ နေမကောင်းတာက တကြောင်း၊ ကိုကို့ဆီက စာမလာ သတင်းမကြားတာ 6လခန့်ရှိနေတာက တကြောင်းမို့ စိတ်မကြည်နိုင်ဘဲ ဘယ်မှလည်းသွားချင်စိတ်မရှိပေ။

"လမင်းရယ် နင့်မျက်နှာလည်း မကောင်းဘူး စိတ်လန်းသွားအောင် လိုက်ခဲ့ပါဟ"
"လိုက်တော့ဘူး မယ်လေးရယ် ငါ စိတ်ညစ်နေလို့ပါ"
"နင် အဖေနေမကောင်းတာကနည်းနည်း နင့်ကိုကိုဆီက သတင်းမရလို့ ညစ်နေတာမလား"
"အေးပေါ့ဟ ကိုကို့ဆီက စာမပြန်တာ ခြောက်လလောက်ရှိပီ နေမှကောင်းရဲ့လား မသိဘူး ဖေကြီးက သူ့စခန်းမှူးဆီ သွားစုံစမ်းတော့လည်း သူ့လက်အောက်မှာမဟုတ်တော့ သူလည်း သေချာ မသိရသေးဘူးပြောတယ်"

လမင်းက ပြောနေရင်းနဲ့ မျက်ရည်လေး ဝိုင်းလာခဲ့သည်။ မယ်လေးကလည်း စိတ်မကောင်းစွာ ပုခုံးလေးပုတ်ကာ နှစ်သိမ့်ပေးသည်။ လမင်း ကိုကို့ကို အရမ်း လွမ်းတာပဲ ကိုကိုရယ် နေကောင်းကျန်းမာကြောင်းလေးတော့ စာပြန်သင့်ပါတယ်လေ ဟု တွေးကာ စိတ်ထဲ နွမ်းလျနေရသည်။ လမင်း အိမ်ကို လေးကန်သော ခြေလှမ်းများနှင့် ပြန်လာခဲ့လေသည်။

"အဟွတ် ဟွတ်... အဟွတ်"
"ဖေကြီး ဒီမှာ ဒီမှာ ခွက်ထဲကို သလိပ်တွေ ထွေးထုတ်နော် ဖေကြီး"

လမင်းက ခြံထဲရောက်တာနဲ့ ပက်လက်ကုလားထိုင် လေးပေါ်တွင် ထိုင်ကာ ‌တဟွတ်ဟွတ်ချောင်းဆိုးနေသော ဦးဘမှန်ရဲ့ အသံကိုကြားတာနဲ့ ချက်ချင်း ပြေးသွားပီး ကူညီရ‌သည်။

"အောက်မှာက အေးတယ် ဖေကြီးရဲ့ ဘာလို အနွေးထည်လည်း မဝတ်ဘဲ အောက်မှာ ထိုင်နေတာလဲ"
"အိမ်ပေါ်မှာ နေ့လည်က ပူထားတဲ့အရှိန်နဲ့ မို့ပါ သမီးရယ် အောက်မှာက နေရတာ ကောင်းတယ် အဟွတ် ဟွတ်"
"အောက်ထပ်မှာနေတော့ ဖေကြီး အေးပီး ရင်ကြပ်တော့မှာပေါ့လို့"
"အေးပါ သမီးရာ နင်ကလည်း နားငြီးလိုက်တာ ဖေကြီးကို အကျီလက်ရှည်တထည် ယူပေး သွား သွား"

‌လမင်း‌လေးရဲ့ နေမင်းကိုကိုWhere stories live. Discover now