"မေမေ သားပြန်လာပီ"
"သား သားကြီး မေမေ့သားကြီး ပြန်လာပီ"ဒေါ်မြကြေးမုံ ဝှီးချဲပေါ်မှာ နေ၍ အပေါ်ထပ် လသာဆောင်တွင် ထိုင်ရင်း အပြင်ကို ငေးမောနေခိုက် ခြံတံခါး ပွင့်ကာ ဝင်လာသော သားဖြစ်သူက ကားပေါ်မှ ဆင်းလာပီး သူမကို နှုတ်ဆက်လိုက်သောကြောင့် အလွန်ဝမ်းသာသွားရသည်။
"သားရယ် နိုင်ငံခြားက ပြန်လာပီးကတည်းက အလုပ်ကိုပဲ လုပ်နေတာ မေမေ့ဆီ ပြန်မလာဘူး အခုလည်း မြိတ်ကိုသွားတာ တရက်နှစ်ရက်ဆိုပီး နှစ်ပတ်ကျော်ကြာအောင် အဆက်အသွယ်မလုပ်ဘဲနေနေတာ အခုမှပဲ ပေါ်လာတော့တယ်ကွယ်"
"သား အလုပ်တွေ များနေလို့ပါ မေမေ့ကို သား လွမ်းလိုက်တာ မေမေရယ်"
"ဟင်"ရုတ်တရက် သူမရဲ့ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ တင်းကြပ်စွာ ဖက်လိုက်သော သားဖြစ်သူ ဉာဏ်လင်းထက်ကြောင့် ဒေါ်မြကြေးမုံ ရင်ထဲတမျိုးလေး ခံစားသွားရသည်။ သားကြီးလို့ မခံစားမိဘဲ ပျောက်ဆူံးနေတဲ့ တစုံတခုက လာပီး ပွေ့ဖက်လိုက်သလို ခံစားချက်က ရင်ထဲကို ထူးဆန်းစွာ ဝင်ရောက်လာခဲ့သည်။
"အဟင်း မေ့သားကြီးက မေ့ဆီ ပြန်မှမလာတာ အခုတော့ အမေကို သတိရရကောင်းမှန်း သိပီလား ဟင်"
"သိပါတယ် မေမေရယ် နောက်ဆိုလေ သား မေမေ့ဆီမှာပဲ နေမယ်နော် မေမေကို မထားသွားတော့ဘူးနော် မေမေ"
မျက်ဝန်းထဲက မျက်ရည်စများ စိုစွတ်ကာ ကတိတွေ ပေးနေသော သားဖြစ်သူကြောင့် ဒေါ်မြကြေးမုံ ရင်ထဲမှာ ဖော်ပြရခက်သော ဝမ်းနည်းဝမ်းသာခြင်းမျိုး ဖြစ်လာကာ ငိုချလိုက်မိတော့သည်။
"သားရယ် မေမေ ဝမ်းသာပါတယ်ကွယ် သားကို မြင်တော့လေ မေ့သားငယ်လေးကို သတိရလိုက်တာကွယ် သားငယ်လေးလည်း တနေရာရာမှာ အသက်ရှင်နေမှာပါနော် သားကြီး"
"ဗျာ ဟုတ် ဟုတ်မှာပါ မေမေ"နေမင်း ဝမ်းနည်းနေရာမှ မေမေ စိတ်ချမ်းသာအောင် ပြုံးဟန်ဆောင်လိုက်ရသည်။ ဉာဏ်လင်းထက်နေရာမှာ အစားထိုး သရုပ်ဆောင်နေရပေမဲ့ အတိတ်ကို အကုန်နီးပါး ပြန်သတိရနေပီမို့ မေမေ့ကို တွေ့ချင်စိတ်တို့ကတော့ ဟန်ဆောင်နေခြင်း မဟုတ်ပါ။
ကိုလင်းဆုံးသည့်နေ့က ကိုလင်းရဲ့လပ်တော့ထဲတွင် တွေ့ခဲ့သော စိုင်းနောင်ထွန်းရဲ့ ဓာတ်ပုံကြောင့် ဒီမိသားစုထဲကို ဉာဏ်လင်းထက်ပုံစံဖြင့် ဟန်ဆောင်ပီး ဝင်ရန် သူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ စိုင်းနောင်ထွန်း ဆိုသည်မှာ သူလိုက်နေသော ကျားနီဂိုဏ်းအမှုရဲ့ အဓိက ပဲ့ကိုင်ရှင်အဖြစ် သူ သတင်းစုံစမ်းထားမိသည်မှာ မကြာသေးပေ။ ဒါပေမဲ့ သူ့ရဲ့ လူမြင်ကွင်းကို ချပြထားသည့် ပုံရိပ်ကောင်းတွေကြောင့် သူ့နောက်ကွယ်က အပုပ်နံ့တွေကို ဖမ်းရန်ခက်ခဲလှသည်။ ဒီလူက ဘာလို့ တို့မိသားစုထဲ ရှိနေရတာလဲဆိုတာကို သူ စုံစမ်းရမည်။ ထို့ကြောင့် မေမေ့ကို လိမ်၍ သူ ယခုလို ဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။ နယ်မှာကျန်ခဲ့သည့် မွေးစားအဖေနဲ့ လမင်းကိုတော့ သူ တိတ်တဆိတ် စောင့်ရှောက်ပီး အချိန်ကျလျှင် ပြန်ခေါ်ရန် တွေးထားလိုက်တော့သည်။
YOU ARE READING
လမင်းလေးရဲ့ နေမင်းကိုကို
Romanceငယ်စဉ်တုန်းက ကားအက်ဆီးဒင့်ကြောင့် အတိတ်မေ့ပီး အမြွှာအကိုနဲ့ ကွဲကွာခဲ့ရတဲ့ ဉာဏ်မင်းမြတ် တံငါသည်အဖေဖြစ်သူနဲ့သာ ပင်လယ်ကမ်းေခြက မြို့လေးမှာ ကြီးပြင်းခဲ့ရပီး နာမည်နဲ့လိုက်ဖက်အောင် ဖြူစင်သူလေး လမင်းဖြူ လမင်းဖြူရဲ့အဖေက ဘယ်ကမှန်းမသိတဲ့ အတိတ်မေ့နေတဲ့ ကောင...