"ဟာ ကိုကို ပြန်ရောက်နေတယ် ကိုကိုရေ ကိုကို"
လမင်းဖြူက အိမ်အဝင်ဝမှာ နေမင်းရဲ့ ဖိနပ်ကို တွေ့တာနဲ့ ဝမ်းသာသွားကာ ကိုကိုချင်းထပ်နေအောင် ခေါ်၍ အိမ်အနှံ့လိုက်ရှာတော့သည်။
"ငါ ဒီမှာရှိတယ် ဘာလို့အော်ခေါ်နေတာလဲ"
"ဟီး ကိုကိုကလည်း ရှိရင် ထူးပေါ့လို့ သူများက ကိုကိုပြန်ရောက်လာလို့ ဝမ်းသာနေတာကို"
"ပြောပါဦး ကျနော်မျိုးကို ဘာတွေများပူဆာစရာရှိလို့ ဒီလောက် မျှော်နေတာလဲ ဆိုတာလေး"
"တွေ့လား ကိုကိုကတော့လေ လမင်းကိုဆို အမြဲတမ်းပူဆာတတ်တယ်ပဲ ထင်နေတော့တာပဲ"
"မဟုတ်လို့လား"
"ဟီး ဟုတ်တယ်"လမင်းက တပတ်မှ တခါ ပြန်လာသော နေမင်းကို မျှော်နေတတ်ကာ ပြန်လာတိုင်း နေမင်းအတွက် အပန်းမကြီးသော ကိစ္စများကို ပူဆာတတ်သည်။ ဥပမာ ဘာမုန့်စားချင်တယ်တို့ ဘာဟင်းချက်ကျွေးပါတို့ ပေါ့။ ဒီတခါလည်း ဘာပူဆာချင်နေမှန်း မသိသော ညီမငယ်ကို ကြည့်ကာ နေမင်းက မေးလိုက်သည်။
"ကဲ ဆိုစမ်းပါဦး"
"ဟိုလေ လမင်းတို့ သူငယ်ချင်းတွေ ဒီလ နှစ်ဝက်စာမေးပွဲပီးရင် ကျောင်းပိတ်မှာလေ အဲ့ဒါ မောင်းမကန်ကမ်းခြေကို သွားလည်ချင်တယ် ကိုကို အဲ့ဒါ ဖေကြီးကို ကူပြောပေး"
"ဟာ မသွားရပါဘူး ဒီလောက်အဝေးကြီးကို နင့်ကိုနင် လူကြီးမှတ်နေလား"
"ကိုကိုကလည်း တညအိပ်လေးပဲကို"
"နေ့ချင်းပြန်တောင် မသွားရဘူး"
"ဟင့် ဖေကြီးကို ကူပြောပေးဖို့ သူ့ကို ပူဆာပါတယ်ဆို သူကပါ မသွားနဲ့တဲ့"
"ဟေ့ ဟေ့ မျက်ရည်ကျပြလည်း မသွားရဘူးဆို မသွားရဘူးပဲ ဘယ်နှယ့် ကလေးပဲ ရှိသေးတယ် အုပ်ထိန်းသူတွေ မပါဘဲ သွားစရာလား အဖေသိရင် နင့်ကို ဆော်ပလော်တီးလိမ့်မယ်"လမင်း မျက်ရည်ကျပြလည်း မသွားရတော့မယ့်တူတူ နှုတ်ခမ်းလေးဆူကာ မျက်စောင်းထိုးပီး ကျောခိုင်းနေလိုက်တော့သည်။ ပီးမှ အိပ်ခန်းလေးထဲ ဝင်သွားကာ စိတ်ကောက်နေလိုက်သည်။ နေမင်း စိတ်မချလို့သာ မသွားရဘူးဟု တားမြစ်လိုက်ရပေမဲ့ လမင်းစိတ်ကောက်သွားပြန်တော့လည်း မနေနိုင်ပါ။ ချော့ရပေဦးမည်။ လမင်းရဲ့ အိပ်ခန်းတံခါးလေးကို သွားခေါက်ကာ
YOU ARE READING
လမင်းလေးရဲ့ နေမင်းကိုကို
Romanceငယ်စဉ်တုန်းက ကားအက်ဆီးဒင့်ကြောင့် အတိတ်မေ့ပီး အမြွှာအကိုနဲ့ ကွဲကွာခဲ့ရတဲ့ ဉာဏ်မင်းမြတ် တံငါသည်အဖေဖြစ်သူနဲ့သာ ပင်လယ်ကမ်းေခြက မြို့လေးမှာ ကြီးပြင်းခဲ့ရပီး နာမည်နဲ့လိုက်ဖက်အောင် ဖြူစင်သူလေး လမင်းဖြူ လမင်းဖြူရဲ့အဖေက ဘယ်ကမှန်းမသိတဲ့ အတိတ်မေ့နေတဲ့ ကောင...