Ep - 9

34 4 3
                                    


"လွန်ခဲ့တဲ့ ၂ နှစ် ငါရောက်ခါစ က ငါ့ ကို ထောင်သက်ကြာနေတဲ့ အခန်းဖော် က လွန်ခဲ့တဲ့ ၅ နှစ်က ထောင်ခါချိန်အကြောင်းပြောပြဖူးတယ်.. အဲ့ဒီ ထောင်ခါချိန်တုန်းက နီယွန် ပြိုင်ဘက်တော်တော်များများကို အကုန်အနိုင်တိုက်ပြီး မြက်ခင်းစိမ်း မှာလျာထားခံရသူ ဖြစ်နေပြီ ဒါပေမဲ့ အဲ့ဒီတုန်းက သူ့အဖွဲ့ဝင်အဖြစ်သာ ရှိသေးတဲ့ ကာချင်း က အရင် လိမ္မော်ရောင် မုန်တိုင်းအဆောင် ခေါင်းဆောင် နဲ့ ပြိုင်လို့နိုင်မှ .....မြက်ခင်းစိမ်းက နေရာ တစ်နေရာ ရမှာကွာ ဆိုတော့ နီယွန် က ဟိုလူ နဲ့ညှိတယ်. .ကာချင်း ကိုအရှုံးပေးလိုက်ရင်လက်ရှိ ခေါင်းဆောင်နေရာ မရရအောင် ပြောပေးမယ် ..အဲဒါကို ဟိုလူကမရဘူး..သူကလည်း မြက်ခင်းစိမ်းခေါင်းဆောင် နေရာတစ်ခု လိုချင်တာ..အာ့မှာ ကာချင်း တော်တော်အထိနာသွားတာ ဆေးရုံတစ်လလောက် တတ်လိုက် ရတယ်တဲ့.."

ဇဝါ ကအသံနေအသံထား အနိမ့်အမြင့် အတတ်အကျ မှန်မှန်နဲ့ ကလေးတွေကို ပုံပြင်ပြောသလို လွန်ခဲ့သည့် ၅ နှစ်ကအကြောင်းကို စီကာပတ်ကုံး အာဂုံ အား စပြောလိုက်သည်။

"အဲ့အချိန်မှာ နီယွန် ရဲ့ရုပ်က အနက်ရောင်အငွေ့အသက်တွေ လွှမ်းခြုံပြီး..ဘယ်လိုပြောရမလဲ.. နတ်ဆိုးတစ်ကောင် ဝင်ပူးထားသလိုပဲတဲ့..ကာချင်း အခြေအနေမဟန်မှန်း သိတော့ နီယွန် က သူတို့အဖွဲ့ရတဲ့ one save life ကိုသုံးပြီး ကာချင်း တို့တိုက်ပွဲကို ရပ်လိုက်တယ်တဲ့.."

"one save life ကဘာလဲ"

ဒီတစ်ကြိမ်တော့ စကားဝိုင်းထဲ ပယင်း ပြန်ဝင်ကာ မေးလိုက်ခြင်းဖြစ်သည်။ သူများအတင်းကိုမသိချင်ပေမယ့် ထောင်ခါချိန် တိုက်ပွဲအကြောင်းကိုတော့ ပယင်း သိသင့်တယ်မဟုတ်လား။

"အော် one save life ဆိုတာ ထောင်ခါချိန်မှာ လုပ်တဲ့ပြိုင်ပွဲမှာ..အယောက် ၂၀ ပါတဲ့အဖွဲ့တိုင်းရဲ့ခေါင်းဆောင်တစ်ယောက်စီရတဲ့ extra life ပေါ့.. အဲဒါရှိရင်.. အသေသတ်ခံစရာမလိုဘူးလေ"

"ဒါဆို...ထောင်ခါချိန် ပြိုင်ပွဲက သူသေကိုယ်သေ သတ်ရတာလား"

At The Point of EndWhere stories live. Discover now