Ep - 20

44 6 1
                                    

Present >>>>>>>>>>>>>>>>>>>

                                                                       >>>>>>>>>>>>>>>>>>>>> Past

End Point ရဲ့ အဓိက ထုတ်ကုန်က Perfect HDNA ( ပြီးပြည့်စုံသော မျိုးရိုးဗီဇမြင့် လူသားစွမ်းအင်) ဖြစ်သည်..။ သူတို့ သတ်မှတ် စံချိန်စံညွှန်းနဲ့ ပြည့်မှီပြီး အသက်ပြည့်ပြီးသား သူတွေ ဒါမှမဟုတ် အသက်မပြည့်သေးသော် လည်း စံချိန်စံညွှန်း ကိုက်ညီတဲ့ သူတွေကို Winter , Wind , West ဆိုတဲ့အ ဖွဲ့အစည်း ၃ ခုအောက်မှာ ထားပြီး ထို အဖွဲ့ဝင်များ၏ သွေးကို ဖောက်ပြီး DNA သိုလှောင်ရယူသည်..။

ပြီးရင် အကောင်းဆုံးသော DNA ဆဲလ်များကို ပေါင်းစပ်ပြီး ဖန်ပြွန်သန္ဓေသားတွေ ဖန်တီးသည်..။ ဝယ်လက်တစ်ခါတည်း ရပြီးသားဆိုပါက ဝယ်ယူသူ လင်မယား မှ အမျိုးသမီး ဖြစ်သူထံ ထို ဖန်ပြွန်သန္ဓေသား ကို တစ်ခါတည်း ထည့်ပေးပြီး မီးဖွားချိန်အထိကို ဝန်ဆောင်မှုပေးတတ်သည်..။ ထို့အတွက် ဒေါ်လာ သိန်းနဲ့ချီ ဒါမှမဟုတ် သန်းနဲ့ချီ ကုန်ကျသည့် ကလေးမွေးဖွားမှုဖြစ်စဉ်တစ်ခုဖြစ်သည်..။ ထိုကလေးမျိုးကို သူတို့က 'Designer Baby' ဟုခေါ်တတ်ကြသည်..။

ဝယ်လက် မရှိသည့် စမ်းသပ်ထုတ်ကုန်ဆိုပါက ' Artificial Womb ' ( သားအိမ်တု ) ကို အသုံးပြုပြီး Delivering ( ကလေး မွေးဖွားခြင်း ) လုပ်ကြသည်..။ ထိုစမ်းသပ်ထုတ်ကုန်ထဲတွင် 50.55 ဆိုသည့် ကလေးတစ်ယောက် အပါအဝင်ဖြစ်သည်..။

" ဒါဆို 50.55 က မင်း နဲ့ 55 DNA ကနေပေါင်းစပ်ပြီး မွေးထားတဲ့ကလေး‌ပေါ့ ဟုတ်လား 50..."

ပြေးရင်းလွှားရင်းနဲ့ပင် 94 သည် 50 နဲ့ဆုံခဲ့ပြီး 50 ကလည်း ဘာကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားရ သည့်အကြောင်းအရင်းကို အကျဉ်းချုပ်ပြောပြနေသည်..။ နားလည်သဘောပေါက်သလိုလို ဖြစ်လာသည့် 94 က 50.55 ကလေးအကြောင်းကို မေးလိုက်တော့ 50 က ခေါင်းညိတ်ပြလိုက်သည်..။

လူရိပ်တွေ့တာကြောင့် 50 နဲ့ 94 တိုင်လုံးတစ်ခုစီနောက် ပြေးကပ်ပုန်းပြီး ခေါင်းသာ ထုတ်ပြီး အခြေအနေကို အကဲခတ်နေလိုက်သည်..။ အသံတိတ် သေနတ်ထားသည့်အ စောင့် အယောက် ၂၀ ကျော်လောက်ရှိနေသည်..။ သူတို့က အဆောင်အခန်းတစ်ခန်းဝင်တစ်ခန်းထွက် အသုံးမလိုတော့သည့် ကလေးတွေကို သတ်ပစ်နေပုံရ သည်..။

At The Point of EndWhere stories live. Discover now