Ep - 6

48 5 2
                                    


" ကတိမပေးခဲ့ပါဘူး.... ဒီအတိုင်း နားထောင်ကြည့်မယ်လို့ ပြောခဲ့တာပါ.. အမှားအမှန် သိနေရက်တဲ့ မှားတာ ကိုရွေးခဲ့တဲ့ သူ ဆီကနေ ဘာကို ဆက်နားထောင်ပေးရဦးမှာလဲ... အချိန်ကုန်အောင်.."

" လူလိမ် ! "

94 စကားကြောင့် အသေးကောင်က အားကိုးတကြီး ဆုပ်ကိုင်ထားသည့် လက်ကို လွှတ်ပေးလိုက်ပြီး 94 အား လူလိမ် ဟု ကင်ပွန်းတပ် လိုက်သည်...။ နှုတ်ခမ်းဆူ မျက်စောင်းထိုးကာ နံရံ ဘက်သို့ ပြန်အကြည့် ပို့လိုက်သည့် 99 ကို အပေါ်ကနေ ငုံ ကြည့်မိတော့ ဖောင်းလုံးနေသည့် ပါးပြင်ကိုသာ မြင်နေရသည်..။

ဆေးမှူးဆရာဝန်တွေက သတိပေးထားသည်.. အသက် ၁၅ နှစ်အရွယ်မှာ ထူးဆန်းတဲ့ စိတ်ခံစားမှုတွေ အများကြီးပေါ်ပေါက်နိုင်တယ်တဲ့...။ အခုလည်း 99 ၏ပါးကြီးကို ကိုက်စားလိုက်ရင် ကောင်းမလားလို့ 94 တွေးနေမိသည်...။ တွေးမိသည်နှင့်တပြိုင်နက် ညစ်ကျယ်ကျယ်ပြုံးရင်း 99 နား ပြန်ထိုင်လိုက်သည်။

" ပြောကွာ...ပြော.... ပြောတာ ပုံမလာလို့ မင်းကို ငါတစ်ခုခု ထလုပ်မိတော့မှ ငါ့ အဆိုးမဆိုနဲ့..."

94 စိတ်မရှည်သလိုပြောလိုက်တော့မှ 99 က သူ့ကို သွားဖြဲလေးနဲ့ရယ်ပြကာ သူ့ပြောချင်တာကို စပြောလာတော့သည်။

"မင်းစဉ်းစားကြည့်လေ...လူ ၅ ယောက်ကတစ်ချိန်ထဲအသက်ခံရတာမဟုတ်ဘူး...လူသတ်သမားရဲ့ လက်နက်မှာ လက်ဗွေရာက ဘာလို့ထင်ထင်ရှားရှား တစ်ခုပဲရှိနေတာလဲ.. ဆေးမှတ်တမ်းအရ.. ဓါးဒဏ်ရာမညီမညာ ဖြစ်နေတာမို့ လက်တုန်နေတယ်လို့ယူဆပြီး လူသတ်သမားက အသက်ကြီးသူ လို့ယူဆခဲ့တယ်.. ဘာလို့လဲ?..လက်ထိထားတဲ့လူရော မဖြစ်နိုင်ဘူးလား?"

99 ရဲ့သုံးသပ်ချက်ကြောင့် 94 မျက်မှောင်အလိုလို ကျုံ့ကာ စိတ်ထဲကလည်း ' ဟုတ်သားပဲ' ဟုတွေးလိုက်မိသည်...။ 99 ဆိုတဲ့ ကောင်က ဒီလို ကြ ဘယ်ဆိုးလို့လဲ ဟု ထပ်တွေးကာ မျက်လုံးကိုမှေးကာ စိုက်ကြည့်မိတော့...။

"ဘာလဲ..ဘာကြည့်တာလဲ..အရူးလို့ပြောမလို့လား.. .Final boss တွေကအမြဲပျောက်နေတတ်ပဲလေ"

At The Point of EndWhere stories live. Discover now