Ep - 10

37 5 2
                                    


" ဘာလို့ 94 က လူ ၁၁ ယောက် ကိုသတ်ပစ်ရတာလဲ ခေါင်းဆောင် နီယွန်.."

" ဪ... သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပေါ့..."

ဘောပင်ကိုလှည့်ကာ မြက်ခင်းစိမ်းအဆောင်ရဲ့ ခေါင်းဆောင် နီယွန် က ထောင်မှူးချုပ် ထပ်မေးလာသည့်မေးခွန်းကို ဖြေလိုက်သည်....။ ထောင်မှူးချုပ်က နီယွန့် ကိုစွေကြည့်လာသည်။ သူ့အမြင်တွင်တော့ လူဆိုးကောင်တွေသည် သူတို့အချင်းချင်းတော့ နားလည်ကြသည်ဟုမြင်လိမ့်မည်။

သို့သော် နီယွန် ရဲ့သဘောကတော့ ဂိုဏ်းဂနကြီးကြီးက ဒုစရိုက်သမားများသည် လမ်းဘေးက တေလေဂျပိုးအရက်သမားများ မဟုတ်သည့် အတွက် သူများက သူတို့ကို ရန်မစမချင်း သူတို့က လက်ဖျားနဲ့တောင်ထိမည့်လူမျိုးမဟုတ်။ ထိုအရာသည် ရာခိုင်နှုန်းပြည့်သေချာလေသည်။

" 94 က...... အားလုံး...ကို သတ်...ပစ် ရင်....သိပ်..... သိပ်... ပျော်.. စရာ ...ကောင်း... ကောင်းမှာပဲ.."

နီယွန် ဘာမှ ဆက်မပြောခင် ဒီဃ က စက္ကူလေယာဉ်ပျံ ကို လေမှုတ်သွင်းကာ ထောင်မှူးချုပ် ရပ်နေသည့်ဘက်ကို ပစ်လွှတ်လိုက်ကာ စကားကိုတစ်လုံးခြင်း အားယူကာ ပြောနေပြန်သည်.... ။ ပြီးတော့ ပြန်ငြိမ်သွားကာ အဝါရောင် စာရွက်တစ်ရွက်ကို စိတ်တိုင်းကျခေါက်ကာ ဆော့ကစားနေပြန်သည်။

"ထားပါတော့..ဘာလို့ခင်ဗျားက ကျုပ်တို့ကို ဒီအကြောင်းတွေလာမေးနေတာလဲ..."

" ဘာ... ဘာလို့ဆို 94 က ဒီ ကို...ရောက်...ရောက်နေပြီ...ထင်....ထင်.... လို့... နေမှာပေါ့..."

ဒီဃ ကဝင်ပြောလာပြန်သည်...........။

"ကာချင်း ! ...ဒီဃကို ဆွဲခေါ်သွားစမ်း..!!. ဒီကောင့် ငါ လုပ်ရင် နာတော့မယ်..."

နီယွန် ရဲ့ရုတ်ချည်းဆန်လှတဲ့ဒေါသ ကို မလွန်ဆန်နိုင်သည့် ကာချင်း က ဒီဃ ကို ချောကလက်ကွက်ကီး ကျွေးမယ် ဟု ပြောရင်း အတင်း အဆောင်ထဲဆွဲခေါ်သွားရတော့သည်..။

" ခေါင်းဆောင် နီယွန်... ဒီဃ ပြောတာ...တကယ်လား..."

" *ကျစ်...ထောင်မှူးချုပ်ကြီး...ခင်ဗျား က ကျပ်မပြည်တဲ့ ဒီဃ စကား.. အတည်မှတ်နေရအောင်ထိ ခင်ဗျား နုံအမနေဘူး မဟုတ်လား... နေစမ်းပါဦး ခင်ဗျား... ဘာတွေ သွေးပျက်စရာရှိလို့လဲ...94 ရောက်ရောက် မရောက်ရောက် ခင်ဗျား အပူ့ ဘာပါလဲ.."

At The Point of EndWhere stories live. Discover now