စနေနေ့မနက်....
ဟယ်လို ဖြူရေ... ငါနေပြည်တော်အဝင်ရောက်နေပြီနော်..
ဟယ်...နင်ကလဲဟယ် မြန်လိုက်တာမှ ငါ့မှာဘာမှတောင်မချက်ထားရသေးဘူး။
ချက်မနေပါနဲ့ဟယ် သူငယ်ချင်းအချင်းချင်းပဲ မရှိလဲ ရှိတာနဲ့စားကြတာပေါ့။
အေးပါ..နင်ရောက်ရင် ခဏ နားလိုက် ငါအပြင်မှာလိုက် ကျွေးမယ်။
ကျွေးတော့လဲ စားရတာပေါ့ ဟဲဟဲ ...
အေးအေး။
ရောက်ခါနီး ငါဖုန်းထက်ဆက်မယ်နော်။
အေးအေး..အဲ့တာဆို ဒါပဲနော်။
နာရီဝက်အကြာ-
တီ...တီ..(ကားဟွန်းသံ)
ဖြူရေ...ဖြူ..
ဝေ့ လာပြီ လာပြီ....
အယ်မလေး နွေဦးရယ် မတွေ့ရတာ အတော်ကြာတော့ နင်က အရမ်းလှလာတာဘဲ..
နင်ကတော့မြှောက်ပြောနေပြန်ပါပြီ..နင်ကျတော့ မလှလာတာကျလို့ အသားတေဖြူပြီး ရင့်ကျက်တဲ့ပုံလေး...ဖြစ်လာတယ်။
ကဲကဲ ဒါတွေနောက်မှဆက်ပြောကြတာပေါ့ဟယ်
ခုတော့ အိမ်ထဲဝင်ပါအုန်း။အထုပ်တေငါ့ကိုပေး ငါကူသယ်ပေးပါ့မယ်။
အယ်မလေးဟယ် ဒီလောက်ကရပါတယ်အေ...
ငါ့ဘာသာသယ်မယ်။အိမ်ထဲရောက်ချိန်-
နင့်ကိုငါမေးမလို့ ဖြူ...
အေးမေးလေ..
နင် နေကြာခင်းကို ဘယ်လိုဂရုစိုက်လဲ..
ဒီလိုပါပဲဟယ်... ခုတောင် ခြံတစ်ခြံထပ်ဝယ်မလို့လေ..
နင်... ပန်းတွေပဲ စိုက်မနေနဲ့.. တခြားလုပ်ငန်းလေးဘာလေးလုပ်... ကျောင်းပြီးတာပဲ နှစ်နှစ်ရှိနေပြီကို ကိုယ်ပိုင်စီးပွားရေးလုပ် ပန်းတွေနဲ့ပဲ အချိန်ကုန်မနေနဲ့ဟ..
အေးပါအေ ငါလဲ စီးပွားရေးလုပ်မှာပါ ခုမှ ငါ့အသက်က ၂၂ လေဟယ် ငါ စီးပွားရေးအတွက်က လေ့လာစရာတွေရှိတယ်။
ခုပန်းစိုက်တာက ငါကျွမ်းကျင်တယ်လေ အဲ့တာမလို့ပါဟယ်။
ငါတောင် အခုက နေပြည်တော်မှာ နင်နဲ့အတူနေမလို့.. နေကြာပန်းတွေကိုငါသဘောကျတယ်..
ဒါနဲ့ ဖြူ..နေကြာတွေက နေပြည်တော်မှာစိုက်လို့ရတာပဲဟာ.. ဘာလို့ အပင်ပန်းခံပြီး တခြားမြို့မှာစိုက်တာလဲ...
ဒါကတော့.... နင်လဲသိမှာပါ။
ဖြူရယ်...ခက်တာပဲဟာ..နင်မေ့သင့်ပြီနော် နင့်ဘဝအတွက် အဲ့လူအကြောင်းတွေးရင်းနဲ့ အချိန်မကုန်သင့်ဘူး။
ကဲပါ...ဒါတွေထားပါ။
အေးအေး ။နင်အသစ်ဝယ်မဲ့ခြံက ဘယ်မှာဝယ်မှာလဲ ။
ငါ အခုတစ်ခါတော့ တောင်ကြီးမှာ ဝယ်ဖို့စဉ်းစားထားတယ်။
နင့်ကိုတော့ ငါမပြောချင်ဘူး။
တစ်ခါလာလည်း ဟဲဟိုးမြို့၊တောင်ကြီးအဲ့မြို့တွေကနေကို မထွက်နိုင်တော့ဘူးနော်။
ဟားးး"ငါ အဲ့မြို့နှစ်ခုကို သိပ့်သဘောကျတာလေ...
ကဲပါ နင်လဲ ခဏနားတော့လေ။
အေးပါ ။
နင်နားပြီးရင် ရေချိုး အဝတ်စားလဲထားနော် အပြင်သွားကြမယ်။
အေးပါ။
ဒေါ်"ရေ...
ဝေ့ ပြောလေ သမီး...သမီးသူငယ်ချင်းနေဖို့ အခန်းလေး စီစဉ်ပေးလိုက်ပါ။
ဟုတ်ပြီသမီး ဒေါ်" သမီးအခန်းရဲ့ဘေးကပ်ရပ် အခန်းမှာ စီစဉ်ပေးလိုက်မယ်နော်။
ဟုတ်ကဲ့ဒေါ်"
လာလာ သမီးလေးနွေဦး ဒေါ်" အခန်းလိုက်ပြပေးမယ်။
ဟုတ်ကဲ့ရှင့်။
သာသာနဲနဲလေးတော့ ပထမအပိုင်းထက်များအောင်ရေးထားပေးတယ်နော်..
မီးတွေတအားပျက်တော့ ရေးဖို့အဆင်မပြေလို့
သာသာရဲ့ အချစ်ဦးလေးအကြောင်းကအဓိကဆိုပေမဲ့ တခြားအတွဲလေးတွေရော ပါအုန်းမှာနော်။ပျို့ကလျာနွယ်//

YOU ARE READING
အချစ်ဦး(အကို..)
Actionအကို...ဆိုတဲ့နာမ်စားဟာ ခေါ်လို့ကောင်းသလောက်သိပ့်နာကျင်ရတာပဲ... (ဇွဲမာန်မင်း/ပျို့သစ္စာဖြူ) (ကျော့ရတီခိုင်/ကမ္ဘာမာန်) (ကျူးလစ်ပျို-ပျို့သစ္စာဖြူရဲ့ သမီး) (မာန်မင်းသန့်/ရှင်းသန့်လင်း-ဇွဲမာန်မင်းရဲ့ သားနဲ့သမီး)