သစ္စာ ကိုယ်တို့ သူငယ်ချင်းဖြစ်နိုင်သေးရဲ့လား
ရှင် ဒီတစ်ခါတော့လည်း အကို့သဘောပါ အကိုလိုအပ်ချိန်တိုင်း သစ္စာဘေးနားမှာရှိနေပေးမှာပါ အကို ။
သစ္စာကိုသွားခွင့်ပြုပါအုန်းအကို...
_ _ _ _ _ _ _ _ _ _ _ _
နွေဦး ပြန်ကြရအောင်လေ...
အမ ရတီ ဖြူ တို့ကိုခွင့်ပြုပါအုန်းရှင့်။
ဟုတ်ပါပြီ နောက်တစ်ခါကျရင် ထပ်ဆုံကြတာပေါ့ ဖြူရယ်။ ဒါနဲ့ ဖြူရဲ့နာမည်အပြည့်စုံလေးပြောပြခဲ့ပါလား။
ဟုတ်ကဲ့။ ပျို့သစ္စာဖြူ ပါ။
အမမှတ်ထားလိုက်ပါ့မယ်။
လာနွေဦး ပြန်ကြမယ်။ ဖြူ နင်ဘာဖြစ်နေတာလဲ နင့်နောက်ကိုလိုက်လာတာလား ဇွဲမာန်မင်းက နင့်ကိုသူတွေပြောလို့လဲ။
နွေဦးရာ...နင်စဉ်းစားကြည့်ကွာ...သူနဲ့သူငယ်ချင်းလုပ်ပေးပါတဲ့ ငါဘယ်လိုစိတ်နဲ့သူငယ်ချင်းအနေနဲ့ နေရမလဲ ။အခုသူ့မှာကောင်မလေးနဲ့ကွာ ငါကဘယ်လိုလုပ်ပြီး သူ့နားနေနိုင်မလဲ။
ဟာ..ဒီကောင်သက်သက်မဲ့ တောက်စ်! နင့်ကိုနောက်ထပ် နာကျင်အောင်လုပ်ချင်နေတာ နင်သူ့ကိုမေ့မရသေးမှန်းသိလို့ နင်ချစ်နေသေးတာသိလို့ သူရက်စက်နေတာ။
နင်ဘာပြန်ပြောခဲ့လဲသူ့ကို။
ငါလား သူ့ကို အကို့သဘောပါလို့ပဲပြန်ပြောခဲ့တယ်။ အကိုလိုအပ်ချိန်တိုင်း အကို့ဘေးရှိပေးပါ့မယ်လို့။ဘာလို့လဲဆို ငါသူ့ကိုမငြင်းဆန်နိုင်ဘူး။သူ့ကိုမုန်းတဲ့စိတ်။ စိတ်နာတဲ့စိတ်လုံးဝမရှိဘူး ငါမုန်းရက်ဘူး စိတ်မနာရက်ဘူး။
ဖြူရယ်...ဝဋ်ကြွေးကြီးလိုက်တာဟာ...
--------------------------------------------------------------
ကမ္ဘာမာန်! မင်းစီးပွားရေးလုပ်ဖို့ကို မင်းဦးနှောက်ထဲ ထည့်ထားစမ်း! ဘာမဟုတ်တဲ့ မိန်းမပွေရှုပ်တာတွေကိုပဲလုပ်မနေနဲ့ ။ငါ့စကားကိုတစ်ခါတစ်လေလောက်နားထောင်စမ်းဘာ နှလုံးရောဂါရအောင်မလုပ်ပါနဲ့ကွာ ! တောက်စ် မနက်ဖြန်ကစပြီး မင်းအလုပ်လုပ်တော့။
ဟာဗျာ! အဖေကလဲ ဘာကိစ္စ အဲ့စောက်လုပ်ကိုလုပ်ရမှာလဲ! အဖေတို့မှာပိုက်ဆံတွေရှိနေတာပဲ ကျွန်တော်လုပ်တော့ရော ဘာရမှာလဲ ပြီးတော့ ကျွန်တော်မိန်းမတွေကိုမုန်းတယ် သူတို့ခံစားရအောင်ပဲလုပ်မှာ ပွေတာရှုပ်တာက ကျွန်တော့်အပိုင်းပါ အဖေနဲ့ဘာဆိုင်လဲ! စောက်ရေးမပါတာတွေလာပြောနေတယ်!
မင်းကွာ... တောက်စ်! မနက်ဖြန်ကစ မင်း ကတ်ကို ငါပြန်ပိတ်ထားမယ် ကားလဲပြန်သိမ်းမယ်။မင်းအလုပ်မလုပ်ဘူးမလား နေစမ်းအဲ့တိုင်း မင်းကိုယ်ပိုင်ဝင်ငွေရှာနိုင်တဲ့တစ်နေ့ ငါပြန်ပေးမယ်။
မင်းအမေဆုံးတာလဲကြာပြီ မင်းအမေဆုံးထဲမင်း ငါ့ကိုကလန်ကဆန်တွေလုပ်နေတာ မင်းဒီလိုလုပ်နေရော ဘာထူးလာမှာလဲ မင်းအတွက်ဘာကောင်းကျိုးတွေရနေလို့လဲ ဟမ် ကမ္ဘာမာန်!ခဗျားကရော ဘာအဖေတာဝန်ကျေနေလို့လဲ။
ကမ္ဘာမာန်! မင်း!မင်းကွာ အရိုင်းစိုင်းကောင်!
အဲ့အရိုင်းစိုင်းကောင်ဖြစ်အောင် ခဗျားလုပ်တာလေ!တောက်စ်! မင်းစောက်ချိုးတွေကိုပြင်စမ်း။
--------------------------------
ဟယ်လို....အကို
ဗျာ ပြောလေ ရတီ။ ရတီမေမေတို့နဲ့ခရီးထွက်ရမှာမလို့ ၁ပတ်၂ပတ်လောက်ကြမယ်ထင်တယ်သိလား အကို့ကိုလွမ်းနေရတော့မယ်။ ဟောဗျာ ဒီကလေးမလေးကတော့နော် ၁ပတ်၂ပတ်ပဲမဟုတ်လား။ဟုတ်တယ်လေ အကိုရဲ့။ အယ်မလေးဗျာ ၁ပတ်၂ပတ်ပဲခွဲရမဲ့ဟာကို အကို့ကလေးမလေးကတော့ ပိုပြန်ပြီကွာ။ဖုန်းဆက်လို့ရတယ်လေဗျာ အကိုတို့ကအဆက်သွယ်ပြတ်တာမှမဟုတ်တာကို။ ဟီးးးဟီး ဟုတ်သားပဲနော် ရတီက တကယ်လွမ်းရမှာမလို့ပြောတဲ့ဟာကို ရေခဲတုန်းရီးကလဲ။
အယ်ဗျာ အကို့ရတီလေးက စကားတွေသိပ့်တက်နေပါလား ..
ဟီးးဟီး
-------------------
နွေဦး ငါ နိုင်ငံခြားသွားရတော့မယ် နင်ကောလိုက်ခဲ့ ငါစီးပွားလုပ်တော့မှာလေ အဲ့တာမလို့ ငါ့အမေက သွားစေချင်နေတာလေ အဲ့တာမလို့ ။
ငါလိုက်ခဲ့မယ်လေ ငါလဲလေ့လာစရာတွေရှိသေးတယ်လေ ငါ့မိဘတွေကို ပြောလိုက်မယ်။ငါလဲ မေ့နိုင်အောင်မေ့မယ်....
သာသာရေးနေတာ စဉ်းစားတက်တော့ဘူး...ဟီးးး
အရေးသားညံ့တာသိပေမဲ့ ဖတ်ပေးကြပါအုန်းရှင့်ပျို့ကလျာနွယ်//

YOU ARE READING
အချစ်ဦး(အကို..)
Actionအကို...ဆိုတဲ့နာမ်စားဟာ ခေါ်လို့ကောင်းသလောက်သိပ့်နာကျင်ရတာပဲ... (ဇွဲမာန်မင်း/ပျို့သစ္စာဖြူ) (ကျော့ရတီခိုင်/ကမ္ဘာမာန်) (ကျူးလစ်ပျို-ပျို့သစ္စာဖြူရဲ့ သမီး) (မာန်မင်းသန့်/ရှင်းသန့်လင်း-ဇွဲမာန်မင်းရဲ့ သားနဲ့သမီး)